Uncategorized
စန္ဒီမြင့်မို#
Unicode
စောစော မသေချင်ရင် ရန်ဖြစ်ကြ
ကမ္ဘာ့ သုတေသန ဌာနများရဲ့ သုတေသီ ပညာရှင် တို့ လေ့လာ တွေ့ရှိချက် မှာ… ရန်ဖြစ်လေ့ ရှိသည့် အတွဲ များမှာ နာမကျန်း ဖြစ်ပြီး စောစော သေဆုံး နိုင်ချေ နည်းပါး တယ်လို့ ဆိုထား ပါတယ် ။
သင်တို့ ဘဝမှာ ကိုယ့် လက်တွဲဖော်နဲ့ အကြီးအကျယ် ရန်ဖြစ်လေ့ ရှိခဲ့တယ် မကြာခဏ ရန်ဖြစ်ကြတာ ဆိုရင် သင်တို့ နှစ်ဦးစလုံး အတွက် ကျန်းမာရေး ကို အလွန်ပဲ ကောင်းမွန် စေပါတယ်လို့ ဆိုပါတယ် ။
တစ်ယောက်နဲ့ တစ်ယောက် အချေအတင် ငြင်းခုန် တစ်ယောက်တစ်ခွန်း စကားများဆိုတာ မျိုး ဖြစ်လေ့ ရှိတဲ့ အတွဲတွေ ဟာ နာမကျန်းဖြစ်နိုင်ချေ နဲ့ အချိန်မတိုင်မှီ သေဆုံးနိုင်ချေ နည်းပါး ကြောင်းကို သိပ္ပံ ပညာရှင်တွေဟာ ထူးဆန်းစွာ တွေ့ရှိခဲ့ ကြတာပဲ ဖြစ်ပါတယ် ။
အရေးအကြီးဆုံး အချက် ကတော့ နှစ်ယောက်သား အကြီး အကျယ် သူ တစ်ခွန်း ငါ တစ်ခွန်း အချင်းများကြ ရန်တွေ့ ကြမှသာ ကျန်းမာခြင်း အကျိုး ကျေးဇူးကို ရရှိပြီး အသက်ရှည်မှာ ဖြစ်ပါ တယ်တဲ့ ။
ဒီလို မဟုတ်ပဲ တစ်ဘက်က တစ်ယောက်က စိတ်ရှိတိုင်း အော်ဟစ် ဒေါသ ပေါက်ကွဲ သလောက် တစ်ဘက်က ဒေါသကို လျော့ထားပြီး ဘာမှ ပြန်မတုန့်ပြန်ပဲ သည်းခံ အလျော့ပေးမယ် ဆိုရင်တော့ အသေစော သွားနိုင်ပါတယ် ဆိုတာပါပဲ ။
ပညာရှင်များ အနေနဲ့ အတွဲပေါင်း ၁၉၂ တွဲကို နှစ်ပေါင်း ၃၂ နှစ်ကျော် လေ့လာခဲ့ပြီးမှ အခုလို ကောက်ချက်ချခြင်း ဖြစ်ပါတယ် ။ တစ်ယောက် နဲ့တစ်ယောက် စကားများ ကြတဲ့အခါ သူတို့ရဲ့ သက်တမ်း အပေါ်မှာ ဘယ်လောက် ဘယ်လို သက်ရောက်မူှ ရှိမရှိကို အသေအချာ လေ့လာပြီး သုံးသပ်ခဲ့တာ ဖြစ်တာမို့ သင်တို့ အနေနဲ့ အသေအချာ ယုံကြည်လိုက်ပါ ။
တစ်ယောက်က ဒေါသတွေထွက် နေပြီး တစ်ယောက်က အလျော့ပေးလေလေ အသေစောလေလေ ပါပဲတဲ့ ။
ဘာကြောင့် ဆိုတာကိုသုတေသီများနဲ့စိတ်ပညာရှင်များက အခုလို မှတ်ချက်ချပေးထားပါတယ်။ သဘောထားကွဲလွဲမူှ တစ်ခုမှာ တစ်ဘက်နဲ့ တစ်ဘက် ဖြေရှင်းပုံခြင်း မတူတဲ့အခါ နှစ်ယောက်စလုံးက အားမလို အားမရတွေ ဖြစ်ကြရတယ်ပေါ့ ဖြေရှင်းပုံခြင်း တူညီတဲ့အခါ စိတ်ကျေနပ်မူှကို ရကြရတာမို့ အသက်ကို တိုမသွား စေတာပဲ ဖြစ်တယ်လို့ ဆိုထားပါတယ် ။
ကဲ စုံတွဲတို့ရေ သက်ရှည် ကျန်းမာဖို့ နှစ်ဦးနှစ်ဘက် ဒေါသ အပြိုင်ထွက်ပြီး ရန်အတူတူ ဖြစ်လိုက်ကြပါစို့….. ။
စန္ဒီမြင့်မို#
No Comments
Leave a Reply
Your email address will not be published.
ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို
Uncategorized
ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို
ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို တရုတ်နိုင်ငံ ရှန်ဇန် ဒေသဆိုင်ရာ အစိုးရက ဘရာဇီးကနေ သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကော်ရိုနာဗိုင်းရက်စ် တွေ့လို့ စားသုံးသူတွေ အနေနဲ့ အထူး သတိထားပြီး ဝယ်ယူကြဖို့အတွက် နှိုးဆော်ချက် ပြုထားပါတယ်။ ရေခဲရိုက် ပင်လယ်စာတွေ နဲ့အတူ တွဲပြီး သင်္ဘောပေါ်က ချလာတဲ့အတွက် ကြက်တောင်ပံတွေကို ထုတ်ထားတဲ့ အထုတ်တွေမှာ ကော်ရိုနာ ဗိုင်းရက်စ်တွေ ပါရှိလာပါတယ်လို့ အာဏါပိုင်တွေက ဆိုပါတယ်။   သင်္ဘောတင်တုန်းက သေသေချာချာ စစ်ဆေးပြီးမှ တင်တာ ဖြစ်ပေမဲ့ ဆိပ်ကမ်း အတင်အချ လုပ်တဲ့ အခါမှာ ရောဂါပိုးတွေ ကူးစက် …
ဝိတ်လော့်ဖို့ဆိုတာ
Health
ဝိတ်လျော့ဖို့ဆိုတာ
zawgyi ဝိတ်လျော့ဖို့ဆိုတာ … … .. ။ ။ အခုလိုကာလမျိုးမှာ အမျိုးသမီးအများစုဟာ အိမ်ထဲမှာအနေများနေကြတာမို့ ကိုယ်အလေးချိန်တက်နေမှာမလွဲပါ ။ ကိုယ်အလေးချိန်ကျဆင်းဖို့ အချိန်အများကြီးပေးပြီးလည်း မလုပ်ဆောင်နိုင်တာမို့ အချိန်ပေးရသက်သာပြီး လိုက်နာရလွယ်ကူမဲ့ နည်းစနစ်လေးများ ကို ညွှန်ပြပေးချင်ပါတယ် ။ သင့်အနေနဲ့ ကိုယ်အလေးချိန်ကို သဘာဝနည်း နဲ့လျှော့ချနိုင်ဖို့ဆိုစိတ်ရှည်ဖို့တော့လိုနေတာပေါ့ ။ ကိုယ်အလေးချိန်ကို အောင်မြင်စွာလျှော့ချနိုင်သူတွေကို သင်လေ့လာကြည့်ပါ ။ သူတို့မှာသူများနဲ့မတူတဲ့ အလေ့အထတွေပိုင်ဆိုင်တာကို တွေ့ရပါလိမ့်မယ် ။ ကဲလေ့လာကြည့်ကြပါစို့…. ။ ။ နေ့စဉ်အချိန်တွေထဲမှာ … … … ။ ။ သင့်ရဲ့နေ့စဉ်အချိန်တွေထဲမှာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပေးခြင်းအားဖြင့် ရှိနေတဲ့ကိုယ်အလေးချိန်ကို လျှော့ချပေးရုံမက ကိုယ်အလေးချိန်ကို တက်မလာစေဖို့လည်း …
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ
Uncategorized
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ တနင်္လာနေ့ထုတ် သဘာဝသိပ္ပံ ဂျာနယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်၁သောင်းခွဲကျော်က ပင်လယ်ရေတွေကို ရေခဲအဖြစ် ပြောင်းလဲပြီး လျော့ နည်းသွားစေတဲ့ ဖြစ်ရပ်မျိုးကို ပြန်လည် တွေ့ရှိခဲ့ကြတယ်လို့ ဆိုတယ် ။ အရင်က အဲ့ဒိသဘောတရားနဲ့ဆန့်ကျင်တဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ခဲသွားတဲ့ရေတွေ က ပြန်ပြီး အရည်ပျော်လာတာကနေ ပြန်ပြီးခဲလာတဲ့ အဖြစ်ကို တွေ့ရှိနေရတယ်လို့ သုတေသနသမားတွေက ဆိုကြပါတယ်လို့ ပါရှိပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်း၈ထောင်ကျော် ရေခဲခေတ် အလွန်မှာ လေထုထဲမှာ ရှိတဲ့ ကာဗွန် ပမာဏက ပြန်လည် မြင့်တက်လာခဲ့ပါတယ် …