ေခြးေလးကယ္လိုက္လို႔ အသက္ရွင္ရတဲ့မိသားစု

ေခြးေလးကယ္လိုက္လို႔ အသက္ရွင္ရတဲ့မိသားစု
Entertainment

ေခြးေလးကယ္လိုက္လို႔ အသက္ရွင္ရတဲ့မိသားစု

မီခ်ီဂန္မိသားစုက သူတို႔အသက္ကိုကယ္လိုက္တဲ့ ေခြးကေလးကို ေက်းဇူတင္မဆုံး ျဖစ္ေနပါတယ္။ ေခြးေလးက အိမ္ေနာက္ေဖးက မီးဖိုေခ်ာင္ကေန အသက္အႏၲရာယ္ျဖစ္ေစတဲ့ ကာဗြန္မိုေနာက္ဆိုက္ေတြ ထြက္ေနတာကို သိလို႔ သူတို႔ကို ေဟာင္ၿပီးသတိေပးတဲ့ အတြက္ေၾကာင့္ပါ။ ဒန္နီနဲ႔ ဂယ္ရီစမစ္တို႔ စုံတြဲမွာ ၁၃ႏွစ္အ႐ြယ္ တယ္ရီယာ ေခြးေလး ရက္စကယ္ ရွိပါတယ္။ သူတို႔က ေခြကေလးက သူတို႔ ကိုၾကည့္ၾကည့္ၿပီး ေဟာင္ေနတယ္လို႔ ေျပာပါတယ္။ “ၿပီးခဲ့တဲ့အဂါေနၤ့ကေပါ့ ။ ရက္စကယ္ကို အရင္လိုပဲ လွမ္း ေခၚ တယ္။ ဒါေပမဲ့သူက မ လာ ဘူး။

သူက မီးဖိုေခ်ာင္ဖက္ကို ၾကည့္ၿပီးထိုးေဟာင္ေနတယ္။ က်မတို႔က တစ္ခုခု ထူးျခားလို႔လားဆိုၿပီး မီးဖိုေခ်ာင္ထဲကို သြားၾကည့္ၾကတယ္။ သတိေတာ့ထားတာေပါ့ေနာ္။ ဘာမွမေတြ႕ ဘူး ။ လင္မယား၂ေယာက္လုံးလွည့္ပတ္ၾကည့္ပါတယ္။ ဘာဆိုဘာမွမေတြ႕ဘူး။ သူက မီးဖိုေခ်ာင္အဝေရာက္ၿပီဆိုရင္ လွဲခ်ပစ္လိုက္ေတာ့တာပါပဲ”လို႔ ဒန္နီက WXMI႐ုပ္သံကိုေျပာပါတယ္။ “က်မက ထုံးစံအတိုင္း ေ႐ႊငါးမုန႔္ႂကြပ္တစ္ခ်ပ္ကို ပစ္ေကြၽးၿပီး ဧည့္ခန္းကိုျပန္လာၾကတာေပါ့။ ရက္စကယ္က တစ္ခုခုေတာ့ျဖစ္ေနၿပီလို႔ သူတို႔လင္မယားက ထင္လို႔ အိမ္နားက တိရစာၦန္ ေဆး ကု ခန္း ကို သြား ျပ တယ္။

ဆရာဝန္က ဘာမွမျဖစ္ဘူးလို႔ေျပာပါတယ္။ ရက္စကယ္က အိမ္ျပင္ရာက္တာနဲ႔ ပုံမွန္ျပန္ျဖစ္သြားတယ္။ ပုံမွန္အတိုင္းေခၚရင္လာတယ္။ ထိုင္ဆိုရင္လည္းအနားမွာထိုင္တယ္။ တစ္ခုခုေတာ့ ထူးျခားေနတယ္ေပါ့။ အိမ္ထဲကိုဝင္လိုက္တာနဲ႔ သူက စူးစူးဝါးဝါးကိုေဟာင္ေတာ့တာပါပဲ။ အဲ့ဒါနဲ႔ မီးဖိုေခ်ာင္ကို ျပန္စစ္ေတာ့ မီးဖိုက ပိုက္တစ္ေခ်ာင္းကေန ကာဗြန္မိုေနာက္ဆိုက္ေတြ စိမ့္ထြက္ေနတာကို သတိထားမိလိုက္ၾကတယ္။ အဲ့ဒါနဲ႔ မီးဖိုဆင္တဲ့ကုမၸဏီကို ဖုန္ဆက္ၿပီးျပင္ခိုင္းေတာ့ အဲ့ဒိမီးဖိုက မွတ္ပုံတင္ထားတဲ့ မီးဖိုမဟုတ္တဲ့အေၾကာင္း ဒါေၾကာင့္ ဓာတ္ေငြ႕ေတြစိမ့္ ထြက္တဲ့ အခါမွာ အခ်က္ ေပး သံ မ ျမည္ တာ လို႔ ေျပာ ပါ တယ္။ သူတို႔ကံ ေကာင္း သြား ၾက ပါ တယ္။

အကယ္၍မ်ား အသိမဲ့ အိပ္လိုက္ၾကရင္ ေနာက္တစ္ေန႔ မွာ အိပ္ရာထဲမွာပဲ အသက္ဆုံးသြားၾကမွာပါ။ ေခြးေလးက သူတို႔ကို သတိေပးတာကို ဂ႐ုစိုက္မိလိုက္ေတာ့ အသက္ခ်မ္းသာရသြားပါတယ္။

သူတို႔က မီးဖိုကုမၸဏီကေန မီးဖိုအသစ္တစ္လုံး ဝယ္လိုက္ၿပီး ပိုက္ေတြကို ျပန္ ျပင္ လိုက္ ရ ပါ တယ္။

ေမာင္ယႆ REF: upi photo ; upi

Unicode

ခွေးလေးကယ်လိုက်လို့ အသက်ရှင်ရတဲ့မိသားစု

မီချီဂန်မိသားစုက သူတို့အသက်ကိုကယ်လိုက်တဲ့ ခွေးကလေးကို ကျေးဇူတင်မဆုံး ဖြစ်နေပါတယ်။ ခွေးလေးက အိမ်နောက်ဖေးက မီးဖိုချောင်ကနေ အသက်အန္တရာယ်ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုက်တွေ ထွက်နေတာကို သိလို့ သူတို့ကို ဟောင်ပြီးသတိပေးတဲ့ အတွက်ကြောင့်ပါ။ ဒန်နီနဲ့ ဂယ်ရီစမစ်တို့ စုံတွဲမှာ ၁၃နှစ်အရွယ် တယ်ရီယာ ခွေးလေး ရက်စကယ် ရှိပါတယ်။ သူတို့က ခွေကလေးက သူတို့ ကိုကြည့်ကြည့်ပြီး ဟောင်နေတယ်လို့ ပြောပါတယ်။ “ပြီးခဲ့တဲ့အဂါၤနေ့ကပေါ့ ။ ရက်စကယ်ကို အရင်လိုပဲ လှမ်း ခေါ် တယ်။ ဒါပေမဲ့သူက မ လာ ဘူး။

သူက မီးဖိုချောင်ဖက်ကို ကြည့်ပြီးထိုးဟောင်နေတယ်။ ကျမတို့က တစ်ခုခု ထူးခြားလို့လားဆိုပြီး မီးဖိုချောင်ထဲကို သွားကြည့်ကြတယ်။ သတိတော့ထားတာပေါ့နော်။ ဘာမှမတွေ့ ဘူး ။ လင်မယား၂ယောက်လုံးလှည့်ပတ်ကြည့်ပါတယ်။ ဘာဆိုဘာမှမတွေ့ဘူး။ သူက မီးဖိုချောင်အဝရောက်ပြီဆိုရင် လှဲချပစ်လိုက်တော့တာပါပဲ”လို့ ဒန်နီက WXMIရုပ်သံကိုပြောပါတယ်။ “ကျမက ထုံးစံအတိုင်း ရွှေငါးမုန့်ကြွပ်တစ်ချပ်ကို ပစ်ကျွေးပြီး ဧည့်ခန်းကိုပြန်လာကြတာပေါ့။ ရက်စကယ်က တစ်ခုခုတော့ဖြစ်နေပြီလို့ သူတို့လင်မယားက ထင်လို့ အိမ်နားက တိရစ္ဆာန် ဆေး ကု ခန်း ကို သွား ပြ တယ်။

ဆရာဝန်က ဘာမှမဖြစ်ဘူးလို့ပြောပါတယ်။ ရက်စကယ်က အိမ်ပြင်ရာက်တာနဲ့ ပုံမှန်ပြန်ဖြစ်သွားတယ်။ ပုံမှန်အတိုင်းခေါ်ရင်လာတယ်။ ထိုင်ဆိုရင်လည်းအနားမှာထိုင်တယ်။ တစ်ခုခုတော့ ထူးခြားနေတယ်ပေါ့။ အိမ်ထဲကိုဝင်လိုက်တာနဲ့ သူက စူးစူးဝါးဝါးကိုဟောင်တော့တာပါပဲ။ အဲ့ဒါနဲ့ မီးဖိုချောင်ကို ပြန်စစ်တော့ မီးဖိုက ပိုက်တစ်ချောင်းကနေ ကာဗွန်မိုနောက်ဆိုက်တွေ စိမ့်ထွက်နေတာကို သတိထားမိလိုက်ကြတယ်။ အဲ့ဒါနဲ့ မီးဖိုဆင်တဲ့ကုမ္ပဏီကို ဖုန်ဆက်ပြီးပြင်ခိုင်းတော့ အဲ့ဒိမီးဖိုက မှတ်ပုံတင်ထားတဲ့ မီးဖိုမဟုတ်တဲ့အကြောင်း ဒါကြောင့် ဓာတ်ငွေ့တွေစိမ့် ထွက်တဲ့ အခါမှာ အချက် ပေး သံ မ မြည် တာ လို့ ပြော ပါ တယ်။ သူတို့ကံ ကောင်း သွား ကြ ပါ တယ်။

အကယ်၍များ အသိမဲ့ အိပ်လိုက်ကြရင် နောက်တစ်နေ့ မှာ အိပ်ရာထဲမှာပဲ အသက်ဆုံးသွားကြမှာပါ။ ခွေးလေးက သူတို့ကို သတိပေးတာကို ဂရုစိုက်မိလိုက်တော့ အသက်ချမ်းသာရသွားပါတယ်။

သူတို့က မီးဖိုကုမ္ပဏီကနေ မီးဖိုအသစ်တစ်လုံး ဝယ်လိုက်ပြီး ပိုက်တွေကို ပြန် ပြင် လိုက် ရ ပါ တယ်။

မောင်ယဿ REF: upi photo ; upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ဦးေခါင္း ခြဲစိတ္ေနစဥ္ အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး
International-news
ဦးေခါင္း ခြဲစိတ္ေနစဥ္ အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး

ဦးေခါင္း ခြဲစိတ္ေနစဥ္ အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး   ဦးေႏွာက္ထဲမွာ အႀကိတ္တည္ေနလို႔ ခြဲစိတ္မႈ လုပ္ေနစဥ္ အတြင္း ၅၃ႏွစ္ အ႐ြယ္ ေဝဒနာရွင္က သူမရဲ႕ တေယာကို အထိုးမပ်က္ခဲ့ပါဘူးလို႔ CNN သတင္းတစ္ရပ္မွာ ပါလာခဲ့ ပါတယ္ ။ ဒရက္မာတာနာ ဆိုတဲ့ တေယာပညာရွင္ အမ်ိဳးသမီးက သူမဦးေႏွာက္ရဲ႕ အေရွ႕ညာဘက္ျခမ္းမွာ အႀကိတ္ တည္ေနပါတယ္ ။ အဲ့ဒီ အႀကိတ္ကို ခြဲစိတ္တဲ့အခါမွာ ဘယ္ဘက္လက္ရဲ႕ ႏႈးညံ့တဲ့အထိအေတြ႕ကို ထိေတြ႕မႈ အာ႐ုံခံစြမ္းအား ဆုံးရႈံးသြားႏိုင္တတ္လို႔ ခြဲစိတ္ေနစဥ္ ကာလအတြင္း ထိခိုက္မႈ ရွိမရွိ ဂီတသံကို ထုတ္လႊတ္ ခိုင္းထားတာပါ ။ ခြဲစိတ္ရမဲ့ အႀကိတ္နဲ႔ အာ႐ုံခံစားႏိုင္မႈ …

၀ူဟန္ တုတ္ေကြး ေရာဂါသည္ ၁၄၃၇၆ ဦး ေဆး႐ုံစဆင္းၿပီ
International-news
၀ူဟန္ တုတ္ေကြး ေရာဂါသည္ ၁၄၃၇၆ ဦး ေဆး႐ုံစဆင္းၿပီ

၀ူဟန္ တုတ္ေကြး ေရာဂါသည္ ၁၄၃၇၆ ဦး ေဆး႐ုံစဆင္းၿပီ   တ႐ုတ္ အမ်ိဳးသား က်န္းမာေရး ေကာ္မရွင္က ထုတ္ျပန္တဲ့ စာရင္းဇယားေတြအရ ကိုဗစ္-၁၉ ေရာဂါသည္ ၁၄၃၇၆ ဦး ေနျပန္ေကာင္း သြားပါသျဖင့္ ေဆး႐ုံက ဆင္းခြင့္ ေပးလိုက္တယ္လို႔ သိရပါတယ္ ။ တ႐ုတ္ႏိုင္ငံထုတ္ the star သတင္းစာမွာ ေရာဂါ ေပ်ာက္ကင္းမႈက တျဖည္းျဖည္းခ်င္း တိုးတက္ ေနပါတယ္ ။ ေဆး႐ုံက ဆင္းေနရသူေတြ ကလည္း တျဖည္းျဖည္းခ်င္း မ်ားလာပါၿပီ လို႔ ဆိုတယ္ ။ ၂၀၂၀ ေဖေဖာ္ဝါရီလ ၁၈ရက္ေန႔ တစ္ရက္တည္း ပါပဲ ၁၈၂၄ ေယာက္ ေဆး႐ုံ …

ေသနတ္ျပၿပီး ပိုက္ဆံေတာင္းတဲ့ ကေလး အဖမ္းခံရ
International-news
ေသနတ္ျပၿပီး ပိုက္ဆံေတာင္းတဲ့ ကေလး အဖမ္းခံရ

ေသနတ္ျပၿပီး ပိုက္ဆံေတာင္းတဲ့ ကေလး အဖမ္းခံရ   ဒီဖက္ ေခတ္သစ္ကမာၻရဲ႕ ျပႆနာ တစ္ရပ္ပါ ။ ဒီလို ျပႆနာမ်ိဳးက အရင္ကဆိုရင္ ရပ္ထဲ႐ြာထဲက လူႀကီးေတြက ေနာက္မလုပ္ေအာင္ ဆုံးမလိုက္႐ုံနဲ႔ ၿပီးသြားပါတယ္ ။ ဒီဖက္ေခတ္မွာ က်ေတာ့ အကဲဆတ္တဲ့ မိဘေတြေၾကာင့္ မလိုလားအပ္တဲ့ ရႈတ္ေထြးတဲ့ ကိစၥေတြ ေပၚေပါက္ လာပါတယ္ ။ အဲ့ဒါကေတာ့ ကေလးတစ္ေယာက္က ရာဇဝတ္မႈ ဆိုင္ရာ ကိစၥရပ္ တစ္ခုကို က်ဴးလြန္ရင္ ေနာင္က်ဥ္ေအာင္ ႐ိုက္ႏွက္ၿပီး အျပစ္ေပးလိုက္မလား ။ ဥပေဒအရ ေထာင္ခ်မလားဆိုတဲ့ ကိစၥပါပဲ ။ က်ေနာ္တို႔ ငယ္စဥ္အခါက လမ္းမီးလုံး ေတြကို ေလးခြနဲ႔ ပစ္ခြဲဖူးတယ္ …