ေကေပါ့ စတား ကန္ဒန္နီရယ္ စိတ္က်န္းမာေရး အေျခအေန ျပန္ေကာင္းလာၿပီ

ေကေပါ့ စတား ကန္ဒန္နီရယ္ စိတ္က်န္းမာေရး အေျခအေန
Cele News

ေကေပါ့ စတား ကန္ဒန္နီရယ္ စိတ္က်န္းမာေရး အေျခအေန ျပန္ေကာင္းလာၿပီ

သီခ်င္းေတြရယ္ ပရိသက္ရယ္နဲ႔ ၃လေလာက္ ကင္းကြာၿပီး ေနာက္မွာေတာ့ ကိုရီးယား အဆိုေတာ္ သီခ်င္းေရးသူ ကန္ဒန္နီရယ္တစ္ေယာက္ စင္ေပၚကို ျပန္တက္လာ ႏိုင္ခဲ့ပါၿပီ။ ဒီ ၂၃ ႏွစ္သားေလးက မေန႔က သူ႔ရဲ႕ အင္စတာဂရမ္ပုံမွာ အသံသြင္းတာ ျပည့္စုံသြားပါ ၿပီလို႔ ပုံစာကို ေရးတင္ခဲ့ပါတယ္။

သူေနာက္ဆုံး တင္လိုက္တဲ့ ပုံကို သူ႔ရဲ႕ ပရိသတ္ေတြက အားေပးလိုက္ၾကတာ ၅သိန္း ေက်ာ္သြားပါတယ္။ သူ႔ရဲ႕ ပုံေအာက္မွာ ျပန္စာေရးၾကတဲ့ သူေတြကလည္း အမ်ားႀကီးပါပဲ။

သူ အႏုပညာလုပ္ငန္းကို ျပန္လုပ္ႏိုင္တဲ့အတြက္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ရတဲ့ အေၾကာင္းေတြရယ္ ၊ သူ႔ရဲ႕သီခ်င္းသစ္ေတြကို နားေထာင္ခ်င္လွပါၿပီ လို႔ ဆိုတဲ့သူရယ္နဲ႔ စာေတြကေတာ့ တပုံတေခါင္းပါပဲ။

ကန္က သူ႔ရဲ႕ အင္စတာဂရမ္ေပၚမွာ တင္ထားခဲ့တဲ့ ပုံေဟာင္းေတြကို ဖ်က္ပစ္ၿပီး ပုံသစ္ေတြကို တင္ကာ သူ႔အေနနဲ႔ ဘဝအသစ္ တစ္ခုကို ျပန္လည္ စတင္ႏိုင္ေတာ့ မွာပါလို႔ ေရးခဲ့ပါတယ္။

ေကေပါ့ စတား ကန္ဒန္နီရယ္ စိတ္က်န္းမာေရး အေျခအေန1

ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက သူ႔ကို ပြဲစီစဥ္ေပးရတဲ့ ကုမၸဏီျဖစ္တဲ့ ကြန္နက္ေဖ်ာ္ေျဖေရး က ကန္ဒန္နီရယ္က စိတ္က်ေရာဂါနဲ႔ စိတ္ကစင့္ကလ်ား ျဖစ္ေနတဲ့ ေရာဂါ ခံစားေနရတာကေန ႐ုန္းထြက္ လြတ္ေျမာက္ႏိုင္ေအာင္ ႀကိဳးစား ေနရပါတယ္လို႔ သတင္း ထုတ္ခဲ့ပါတယ္။

သူ႔ကို စိတ္ေရာဂါကုသမႈနဲ႔ အျခား ကုသမႈေတြကို လုပ္ေပးခဲ့ရပါတယ္။ သူအဓိက ျဖစ္ခဲ့ရတဲ့ အေၾကာင္းက လိုင္းေပၚကေန ၿခိမ္းေျခာက္မႈေတြေၾကာင့္ ျဖစ္ပါတယ္။

ေအာင္ျမင္ ေက်ာ္ၾကားလာတဲ့ သူ႔ကို ဘာလုပ္မယ္ ညာလုပ္မယ္ဆိုၿပီး လိုင္းေပၚမွာ ၿခိမ္းေျခာက္မႈေတြ ရွိသလို ဘာျဖစ္တယ္ ညာျဖစ္တယ္ဆိုၿပီး အခ်ိဳ႕လိုင္းသုံးသူေတြက ဆဲေရးတိုင္ထြာတာေတြ ရွိခဲ့ပါတယ္။

အဲ့ဒိအေပၚမွာ သူက စိတ္ဓာတ္က်လာၿပီး အရာရာကို ေၾကာက္႐ြံ႕ လာခဲ့ရပါတယ္။ သူက ေနာက္ဆုံး သီခ်င္းေတြကိုေတာင္ မဆိုေတာ့ဘူး အထိ ဆုံးျဖတ္ခဲ့ပါတယ္။

သူ႔ရဲ႕ကုမၸဏီ ကြန္နက္က သူ႔ကို အဲ့ဒိ စိတ္ေဖါက္ျပန္မႈေတြကို အဆုံးသက္ ႏိုင္ေအာင္လို႔ စိတ္ေရာဂါကု ဆရာဝန္ေတြရယ္ အျခားအေထြေထြကု ဆရာဝန္ေတြကိုပါ ပင့္ၿပီး ကုသခဲ့ပါတယ္။

အခုေတာ့ သူကလုံး၀ အေကာင္းႀကီး မဟုတ္ေတာင္မွ အလုပ္ ျပန္လုပ္လို႔ရတဲ့ အေျခအေနအထိ တိုးတက္ လာခဲ့ပါၿပီ။ သီခ်င္းေတြကို လည္း ျပန္ဆိုလာႏိုင္ပါၿပီ။

ေမာင္ယႆ

REF: MSN

Photo; aminoapps

Unicode

ကေပေါ့ စတား ကန်ဒန်နီရယ် စိတ်ကျန်းမာရေး အခြေအနေ ပြန်ကောင်းလာပြီ

သီချင်းတွေရယ် ပရိသက်ရယ်နဲ့ ၃လလောက် ကင်းကွာပြီး နောက်မှာတော့ ကိုရီးယား အဆိုတော် သီချင်းရေးသူ ကန်ဒန်နီရယ်တစ်ယောက် စင်ပေါ်ကို ပြန်တက်လာ နိုင်ခဲ့ပါပြီ။ ဒီ ၂၃ နှစ်သားလေးက မနေ့က သူ့ရဲ့ အင်စတာဂရမ်ပုံမှာ အသံသွင်းတာ ပြည့်စုံသွားပါ ပြီလို့ ပုံစာကို ရေးတင်ခဲ့ပါတယ်။

သူနောက်ဆုံး တင်လိုက်တဲ့ ပုံကို သူ့ရဲ့ ပရိသတ်တွေက အားပေးလိုက်ကြတာ ၅သိန်း ကျော်သွားပါတယ်။ သူ့ရဲ့ ပုံအောက်မှာ ပြန်စာရေးကြတဲ့ သူတွေကလည်း အများကြီးပါပဲ။

သူ အနုပညာလုပ်ငန်းကို ပြန်လုပ်နိုင်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတဲ့ အကြောင်းတွေရယ် ၊ သူ့ရဲ့သီချင်းသစ်တွေကို နားထောင်ချင်လှပါပြီ လို့ ဆိုတဲ့သူရယ်နဲ့ စာတွေကတော့ တပုံတခေါင်းပါပဲ။

ေကေပါ့ စတား ကန္ဒန္နီရယ္ စိတ္က်န္းမာေရး အေျခအေန2

ကန်က သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့တဲ့ ပုံဟောင်းတွေကို ဖျက်ပစ်ပြီး ပုံသစ်တွေကို တင်ကာ သူ့အနေနဲ့ ဘဝအသစ် တစ်ခုကို ပြန်လည် စတင်နိုင်တော့ မှာပါလို့ ရေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သူ့ကို ပွဲစီစဉ်ပေးရတဲ့ ကုမ္ပဏီဖြစ်တဲ့ ကွန်နက်ဖျော်ဖြေရေး က ကန်ဒန်နီရယ်က စိတ်ကျရောဂါနဲ့ စိတ်ကစင့်ကလျား ဖြစ်နေတဲ့ ရောဂါ ခံစားနေရတာကနေ ရုန်းထွက် လွတ်မြောက်နိုင်အောင် ကြိုးစား နေရပါတယ်လို့ သတင်း ထုတ်ခဲ့ပါတယ်။

သူ့ကို စိတ်ရောဂါကုသမှုနဲ့ အခြား ကုသမှုတွေကို လုပ်ပေးခဲ့ရပါတယ်။ သူအဓိက ဖြစ်ခဲ့ရတဲ့ အကြောင်းက လိုင်းပေါ်ကနေ ခြိမ်းခြောက်မှုတွေကြောင့် ဖြစ်ပါတယ်။

အောင်မြင် ကျော်ကြားလာတဲ့ သူ့ကို ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး လိုင်းပေါ်မှာ ခြိမ်းခြောက်မှုတွေ ရှိသလို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အချို့လိုင်းသုံးသူတွေက ဆဲရေးတိုင်ထွာတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒိအပေါ်မှာ သူက စိတ်ဓာတ်ကျလာပြီး အရာရာကို ကြောက်ရွံ့ လာခဲ့ရပါတယ်။ သူက နောက်ဆုံး သီချင်းတွေကိုတောင် မဆိုတော့ဘူး အထိ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ရဲ့ကုမ္ပဏီ ကွန်နက်က သူ့ကို အဲ့ဒိ စိတ်ဖေါက်ပြန်မှုတွေကို အဆုံးသက် နိုင်အောင်လို့ စိတ်ရောဂါကု ဆရာဝန်တွေရယ် အခြားအထွေထွေကု ဆရာဝန်တွေကိုပါ ပင့်ပြီး ကုသခဲ့ပါတယ်။

အခုတော့ သူကလုံး၀ အကောင်းကြီး မဟုတ်တောင်မှ အလုပ် ပြန်လုပ်လို့ရတဲ့ အခြေအနေအထိ တိုးတက် လာခဲ့ပါပြီ။ သီချင်းတွေကို လည်း ပြန်ဆိုလာနိုင်ပါပြီ။

မောင်ယဿ

REF: MSN

Photo; aminoapps

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …