ကော်ရိုနာ ဘီယာ ထုတ်လုပ်မှု ယာယီ ရပ်ဆိုင်းထားရ
International-news
မောင်ယဿ
Unicode
ယူရိုတစ်သန်းစီကို ၂ခြမ်းစီလှူတဲ့ မက်ဆီနဲ့ ဒိုလေး
ကိုဗစ်-၁၉ ကို တိုက်ဖျက်ဖို့ အတွက် တစ် ကမ္ဘာလုံးက ဘောလုံးသမားတွေက သူတို့တတ်နိုင်တဲ့ အင်အားတွေ နဲ့ အလှူ လုပ်တဲ့နေရာမှာ ကမ္ဘာ နံပါတ် ( ၁ ) ကစားသမားနေရာကို လုနေတဲ့ အာဂျင်တီးနာ ကစားသမားမက်ဆီနဲ့ ပေါ်တူဂီ စတား ရော်နယ်ဒိုတို့က ယူရို တစ်သန်းစီ ကို သူတို့ကစားနေတဲ့နိုင်ငံ ကျန်းမာရေး ဌာနက်ု တစ်ဝက် မွေးရပ်မြေ နိုင်ငံက ကျန်းမာရေးဌာနကို တစ်ဝက် လှူဒါန်းခဲ့ပါ တယ် ။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာ ကျန်းမာရေး ဌာနက ကိုဗစ်-၁၉ရောဂါပိုး ကို နှိမ်နင်းနိုင်မယ့် ဆေးဝါး ရှာဖွေရေး သုတေသန လုပ်ငန်းတွေ အတွက် မက်စီက ယူရိုငွေ တစ်သန်း လှူဒါန်းခဲ့ တယ်လို့ အတည်ပြု ပေးခဲ့ပါတယ် ။ ဘာစီလိုနာဆေးရုံက မက်စီရဲ့အလှူအတွက် ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ စပိန်သတင်းစာတစ်စောင်ကတော့ မက်ဆီရဲ့ အလှူငွေ ယူရို ၁သန်းက ဘာစီလိုနာ ဆေးရုံက တစ်ဝက် ရပြီး ကျန်တစ်ဝက်က အာဂျင်တီးနား ကျန်းမာရေး ဝန်ကြီးဌာန အတွက်လို့ ဆိုတယ် ။
စပိန်က ကော်ရိုနာ ဗိုင်းရက်ပြန်ပွားပြီး ရောဂါဖြစ်သူနဲ့ သေဆုံးသူ အများဆုံးနိုင်ငံထဲမှာ ပါပါတယ်။ လက်ရှိမှာ ရောဂါလက္ခဏါတွေ့ရှိသူ ၃သောင်းကျော်နေပြီး သေဆုံးသူက ၂ထောင်ကျော်နေပါတယ်။ အများစုက ကိုယ်ခံအားနည်းလို့ ရောဂါရဲ့ တိုက်ခိုက်မှုဒဏ်ကိုမခံနိုင်ဘဲ ဖြစ်ရတာပါ။ စပိန်ရဲ့ အကြီးအကျယ်ဆုံး လာလီဂါ ဘောလုံးပြိုင်ပွဲတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။ ဘယ်တော့ပြန်စရမယ်ဆိုတာ ကို လည်း ရက်အတိအကျသက်မှတ်နိုင် သေးပါဘူး။ ကူးစက် မှုကို ထိန်ချုပ်နိုင် တဲ့အနေအထား မရှိသေးတဲ့အတွက် ပြိုင်ပွဲတွေက်ု အစက မေလလောက်မှာ စနိုင်မယ်လို့ မျှော်လင့်ပေမဲ့ လက်ရှိအနေအထားအရ ဆိုရင် မေလ ဆိုတာ မဖြစ်နိုင်တော့ပါဘူး ။
မက်ဆီ လိုပဲ ခရစ္စတီနားရော်နယ်ဒိုကလည်း ယူရိုငွေ ၁သန်းကို ပေါ်တူဂီ က လစ္စဘုမ်းဆေးရုံကို တစ်ဝက် အီတလီကျန်းမာရေးဝန်ကြီး ဌာနကို တစ်ဝက် ခွဲလှူခဲ့ပါတယ်။ ပီအက်စ်ဂျီ ဘောလုံးအသင်းက ပေါ်တူဂီ ကျန်းမာရေးဝန်ကြီးဌာနကို ယူရို၁သိန်းလှူခဲ့ပါတယ် ။
မောင်ယဿ
REF: cnn / Photo;give me sport
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
International-news
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ သန်ဆွန်နီယွန် ဆိုတဲ့ ထိုင်းနိုင်ငံသားက အောက်ဈေးနဲ့ ရတယ်ဆိုပြီး ကြက်ဥကတ်တွေ အများကြီးအား ကားကြီးတွေနဲ့ လာရောင်းတာကို ဝယ်ခဲ့ ပါတယ် ။ သူ့တော့ ကြက်ဥ တွေကို စားလည်း စားမယ် ဈေးတင်ပြီး တော့လည်း ရောင်းမယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေပါတယ် ။ သူ့လိုပဲ လူတော်တော်များများ ကလည်း အဲ့ဒိကားနဲ့ လာရောင်းတဲ့ ကြက်ဥ တွေကို များများစားစား ဝယ်ယူ ခဲ့ပါတယ် ။ အခုတော့ ဒေသခံ သတင်းစာ ဆရာတွေကို သူကြက်ဥ အတုတွေ ဝယ်မိတယ်ဆိုပြီး ပြောလာ ပါတယ် ။ ပြီးခဲ့တဲ့ တနလာင်္နေ့က သူ …
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
International-news
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ အရှေ့ အာရှက အွန်လိုင်း အသုံးပြုသူတွေ ရဲ့ ဖုန်းတွေထဲမှာ ပြန့်နှံ့ နေတဲ့ ကော်ရိုနာ ဗိုင်းရက် စစ်ဆေးရေး ဂိတ်တစ်ခုမှာ ရဲတွေက လူတစ်ယောက်ကို ပစ်သတ် လိုက်တာတွေ ၊ စူပါမားကတ်တစ်ခုမှာ လူတွေ တိုးကြိတ် ဝယ်ယူပြီး လုယက် သွားနေတာတွေ နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက လူတွေကိုရိုက်နှက် နေတဲ့ ဗီဒီယို ဖိုင်တွေက ၂၀၁၅ ခုနှစ်လောက်က တင်ထားတဲ့ ဖိုင်အဟောင်းတွေကို ပြန်တင်ပြီး သတင်းအမှားတွေ ဖြန့်နေတာပါ ။ လော့ဒေါင်း အမိန့်ကို ချိုးဖောက် သူတွေကို ထောင်ဒဏ်နဲ့ …
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
International-news
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို လက်ရှိ ဟောင်ကောင်မှာ အဓိကရုဏ်း ဖြစ်ပွားရတဲ့ အထိ ဖြစ်နေတဲ့ တရုတ်ဗဟို အစိုးရရဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ကြမ်းကို မဖျက်သိမ်းဘူး ဆိုရင် ဗြိတိန်က ဟောင်ကောင်သား ၃သိန်း အထိ ဗီဇာ လျှောက်ပိုင်ခွင့် ပြု မယ် လို့ ဆိုတယ် ။ အဲ့ဒိ ကြေညာချက်ကို အမေရိကန် ကနေဒါနဲ့ သြစတေးလျှ တို့ကလည်း ပူးတွဲ ထုတ်ခဲ့ပါတယ် ။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါ်မနစ်ရာအက် က တရုတ်တို့ရဲ့ အမျိုးသားလုံခြုံရေး …