
International-news








မောင်ယဿ


Unicode

ကော်ရိုနာ ဗိုင်းရပ် ကာကွယ်ဖို့ နမာစတေးလို့ နှုတ်ဆက်စို့

နိုင်ငံ ခေါင်းဆောင်တွေ အထက်တန်းလွှာ တွေက လုပ်ငန်း သဘောအရ မတွေ့ မနေရ တွေ့တဲ့အခါမှာ အရင်လို လက်ဆွဲနှုတ် ဆက်တာ တွေ ပွေ့ဖက် နှုတ်ဆက် တာတွေကို လုပ်ဖို့ရာ ကော်ရိုနာ ဗိုင်းရက်ကူးစက်မှာ ကို စိုးရိမ်ရတဲ့ အခြေအနေရှိလို့ နှုတ်ဆက်မှု ပုံစံကို ပြောင်း လိုက်ကြပါတယ် ။ ပုံစံ ပြောင်းတဲ့ နေရာမှာ အကောင်းဆုံး နည်းက အိန္ဒိယ စတိုင် နမာစတေး နည်းပါပဲ ။

မနေ့ ( ဗုဒ္ဓဟူး ) နေ့က ပြင်သစ် သမ္မတ မာခွန်နဲ့ ဇနီးက စပိန် ဘုရင်နဲ့ မိဖုရားကို တွေ့ဆုံနှုတ်ဆက်တော့ ခါးကို နည်းနည်း ညွှတ်ပြီး လက်အုပ် ကလေးချီကာ နှုတ်ဆက် ခဲ့ပါတယ် ။

ပါရီမြို့က အီလစ်ဆီ နန်းတော်ကို အလည်အပတ် ရောက်နေတဲ့ စပိန် ဘုရင် ဖိလစ်ကို သမ္မတမာခွန်က အိန္ဒိယ စတိုင် နမာစတေးနဲ့ နှုတ်ဆက် သလို သမ္မတကတော် ဘရစ်ဂျတီ ကလည်း စပိန် မိဖုရားကို အနမ်းပျံကို လက်ထဲ ကနေ ပစ်လွှတ် နှုတ်ဆက် ခဲ့ပါတယ် ။

ဥရောပ အများပြည်သူ ဆိုင်ရာ ကျန်းမာရေး အာဏါပိုင် တွေက တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်တဲ့အခါမှာ အသားချင်း ထိဆက် ပြီးတော့ နှုတ်ဆက်ခြင်းက ကိုဗစ် – ၁၉ ရောဂါ ပြန့်နှံ့ ဖို့ရာမှာ လွယ်ကူ စေတာဖြစ်လို့ အရေပြားချင်း ထိစပ် နှုတ်ဆက်ခြင်းကို ရှောင်ရှားဖို့အတွက် သတိပေးချက် ထုတ်ပြန် ထားပါတယ် ။

နောက်ဆုံး ရထားတဲ့ သတင်း အချက်အလက် အရဆိုရင် စပိန်မှာ ရောဂါ လက္ခဏါ တွေ့ရှိပြီး ကုသနေရသူ ၂၁၂၄ ဦးရှိပြီး ပြင်သစ်မှာ ၁၇၈၄ ဦး ရှိပါတယ် ။ ပြင်သစ် ကော်ရိုနာ ဗိုင်းရက် ရောဂါ ပြန့်နှံ့ မှုက နိုင်ငံရေးကို ထိခိုက် လာပါ တယ် ။ မာခွန် အစိုးရရဲ့ အဓိက ဝန်ကြီး အချို့ နဲ့ သမ္မတ အိမ် တော် အရာရှိချုပ် တို့လည်း ရောဂါ သံသယနဲ့ သီးခြား ခွဲနေရ ပါတယ် ။

ပြင်သစ် သမ္မတလို အိန္ဒိယ စတိုင် နမာ စတေး နှုတ်ဆက်နည်းကို ပြီးခဲ့တဲ့ ဘုံဓန သဟာရ ပွဲမှာ ချားလ် မင်းသားကြီးက ပရိသတ်တွေကို နှုတ်ဆက်ခဲ့ပါတယ် ။

မောင်ယဿ

REF: reuter / Photo;reuter

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …