ေကာ္႐ိုနာ ဗိုင္းရပ္ကို ႏိုင္တယ္ဆိုလို႔ မက္သေနာေတြ ေသာက္တာ ၂၇ ေယာက္ ေသဆုံး
- By : Kaung Khant
- Category : Health

ေကာ္႐ိုနာ ဗိုင္းရပ္ကို ႏိုင္တယ္ဆိုလို႔ မက္သေနာေတြ ေသာက္တာ ၂၇ ေယာက္ ေသဆုံး
အီရန္ႏိုင္ငံ ၿမိဳ႕ေတာ္ တီဟီရန္က သတင္းဌာန တစ္ခုျဖစ္တဲ့ IRNA ရဲ႕ သတင္း တစ္ပုဒ္မွာ မက္သေနာကို ေသာက္ရင္ ေကာ္႐ိုနာဗိုင္းရက္ မကူးစက္ ႏိုင္ဘူး ဆိုလို႔ မက္သေနာေတြကို ေသာက္တာ လူ၂၀၀ ေက်ာ္ ေဆး႐ုံ ေရာက္ၿပီး ၂၇ ဦး ေသဆုံးတယ္လို႔ ပါရွိပါတယ္ ။
အီရန္မွာက ေရာဂါ ျဖစ္ပြားတာ ေတာ္ေတာ္ မ်ားေပမဲ့ အစိုးရပိုင္းက သတင္း ထုတ္ျပန္ခ်က္ သိပ္မရွိလို႔ ေရာဂါ ျဖစ္သူနဲ႔ ေရာဂါ လကၡဏါရွိသူ ဦးေရ ကို တိတိက်က် မသိရပါဘူး ။ ခန႔္မွန္းခ်က္ အရေတာ့ တ႐ုတ္ျပည္ ၿပီးရင္ အေသအေပ်ာက္ အမ်ားဆုံး ႏိုင္ငံေတြ စာရင္းမွာ ပါႏိုင္ ပါတယ္ ။ ေတာင္ပိုင္းျပည္နယ္ ျဖစ္တဲ့ ခူဇီစတန္မွာ အေယာက္၂၀ ေသဆုံးၿပီး ေျမာက္ပိုင္းေဒသ အယ္ဘိုရာဇ္ မွ ာ၇ ဦး ေသဆုံး ပါတယ္ ။
အရက္ ေသာက္ရင္ ေကာ္႐ိုနာဗိုင္းရက္ကို ကာကြယ္ႏိုင္တယ္လို႔ လူ အေတာ္မ်ားမ်ားက ေျပာဖူးၾက ပါတယ္ ။ မူဆလင္ ႏိုင္ငံျဖစ္တဲ့ အီရန္ မွာက အရက္ေသာက္ျခင္းကို ျပင္းျပင္းထန္ထန္ တားျမစ္ ထားပါတယ္ ။ လူေတြက အရက္ အစားထိုး မက္သေနာေတြကို ဆားခတ္ၿပီး ေသာက္ခဲ့ပုံ ရတယ္လို႔ ဆိုတယ္ ။
ေသဆုံး ရတာကေတာ့ မက္သေနာ အဆိပ္ သင့္ၿပီး မ်က္စိ ကြယ္ အသည္းပ်က္ဆီး ေသၾကရတာပါ ။ ခူဇီတန္ ၿမိဳ႕ေတာ္ ေဆးတကၠသိုလ္က ေျပာခြင့္ ရသူက လူ၂၇ ဦး ေသဆုံးၿပီးေနာက္ေနာက္ထပ္ ၂၁၈ ဦး ေဆး႐ုံကို လာတက္ ၾကတယ္လို႔ ဆိုပါတယ္ ။ သူတို႔က အရက္ေသာက္ရင္ ေရာဂါ ကာကြယ္ႏိုင္တယ္ဆိုတဲ့ သတင္းတုကို ယုံၾကည္မိတဲ့ အတြက္ ေၾကာင့္ပါပဲလို႔ ဆိုပါတယ္ ။
အဓိက က အြန္လိုင္းေပၚမွာ မဟုတ္တမ္းတရားေတြကို ပို႔စ္တင္တဲ့ သူေတြရွိတယ္ ။ သူတို႔ေျပာတာ ေတြကို အသိပညာအားနည္းတဲ့ ေက်းလက္ေန ျပည္သူေတြက ယုံစားမိ တာပါပဲ ။ လူ႔အသက္ေတြကို ကစားတဲ့ လုပ္ရပ္ေတြ မလုပ္ၾကရင္ ေကာင္းမယ္လို႔ ဆိုတယ္ ။ အီရန္ သတင္းဌာန အခ်ိဳ႕ရဲ႕ ထုတ္ျပန္ခ်က္ အရ သိရတာကေတာ့ ေရာဂါ လကၡဏါ ျပေနသူ ၇၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူက ၃၀၀ နီးပါးေလာက္ ရွိတယ္လို႔ ေနာက္ဆုံး သိထားရ ပါတယ္ ။
ေမာင္ယႆ
REF: newsindian express / Photo;AP
Unicode
ကော်ရိုနာ ဗိုင်းရပ်ကို နိုင်တယ်ဆိုလို့ မက်သနောတွေ သောက်တာ ၂၇ ယောက် သေဆုံး
အီရန်နိုင်ငံ မြို့တော် တီဟီရန်က သတင်းဌာန တစ်ခုဖြစ်တဲ့ IRNA ရဲ့ သတင်း တစ်ပုဒ်မှာ မက်သနောကို သောက်ရင် ကော်ရိုနာဗိုင်းရက် မကူးစက် နိုင်ဘူး ဆိုလို့ မက်သနောတွေကို သောက်တာ လူ၂၀၀ ကျော် ဆေးရုံ ရောက်ပြီး ၂၇ ဦး သေဆုံးတယ်လို့ ပါရှိပါတယ် ။
အီရန်မှာက ရောဂါ ဖြစ်ပွားတာ တော်တော် များပေမဲ့ အစိုးရပိုင်းက သတင်း ထုတ်ပြန်ချက် သိပ်မရှိလို့ ရောဂါ ဖြစ်သူနဲ့ ရောဂါ လက္ခဏါရှိသူ ဦးရေ ကို တိတိကျကျ မသိရပါဘူး ။ ခန့်မှန်းချက် အရတော့ တရုတ်ပြည် ပြီးရင် အသေအပျောက် အများဆုံး နိုင်ငံတွေ စာရင်းမှာ ပါနိုင် ပါတယ် ။ တောင်ပိုင်းပြည်နယ် ဖြစ်တဲ့ ခူဇီစတန်မှာ အယောက်၂၀ သေဆုံးပြီး မြောက်ပိုင်းဒေသ အယ်ဘိုရာဇ် မှ ာ၇ ဦး သေဆုံး ပါတယ် ။
အရက် သောက်ရင် ကော်ရိုနာဗိုင်းရက်ကို ကာကွယ်နိုင်တယ်လို့ လူ အတော်များများက ပြောဖူးကြ ပါတယ် ။ မူဆလင် နိုင်ငံဖြစ်တဲ့ အီရန် မှာက အရက်သောက်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ် ထားပါတယ် ။ လူတွေက အရက် အစားထိုး မက်သနောတွေကို ဆားခတ်ပြီး သောက်ခဲ့ပုံ ရတယ်လို့ ဆိုတယ် ။
သေဆုံး ရတာကတော့ မက်သနော အဆိပ် သင့်ပြီး မျက်စိ ကွယ် အသည်းပျက်ဆီး သေကြရတာပါ ။ ခူဇီတန် မြို့တော် ဆေးတက္ကသိုလ်က ပြောခွင့် ရသူက လူ၂၇ ဦး သေဆုံးပြီးနောက်နောက်ထပ် ၂၁၈ ဦး ဆေးရုံကို လာတက် ကြတယ်လို့ ဆိုပါတယ် ။ သူတို့က အရက်သောက်ရင် ရောဂါ ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းတုကို ယုံကြည်မိတဲ့ အတွက် ကြောင့်ပါပဲလို့ ဆိုပါတယ် ။
အဓိက က အွန်လိုင်းပေါ်မှာ မဟုတ်တမ်းတရားတွေကို ပို့စ်တင်တဲ့ သူတွေရှိတယ် ။ သူတို့ပြောတာ တွေကို အသိပညာအားနည်းတဲ့ ကျေးလက်နေ ပြည်သူတွေက ယုံစားမိ တာပါပဲ ။ လူ့အသက်တွေကို ကစားတဲ့ လုပ်ရပ်တွေ မလုပ်ကြရင် ကောင်းမယ်လို့ ဆိုတယ် ။ အီရန် သတင်းဌာန အချို့ရဲ့ ထုတ်ပြန်ချက် အရ သိရတာကတော့ ရောဂါ လက္ခဏါ ပြနေသူ ၇၀၀၀ ကျော်ရှိနေပြီး သေဆုံးသူက ၃၀၀ နီးပါးလောက် ရှိတယ်လို့ နောက်ဆုံး သိထားရ ပါတယ် ။
မောင်ယဿ
REF: newsindian express / Photo;AP
No Comments