Knowledge
Unicode
ကော်ရိုနာ ဗိုင်းရက်ကူးစပ်မှု နည်းအောင် အဲယားကွန်းပိတ်ပြီး ပြူတင်းပေါက် ဖွင့်လိုက်ပါတဲ့
ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေက အဲယားကွန်းပိတ်ပြီး အခန်းထဲ လေဝင် လေထွက် ကောင်းအောင် ပြူတင်းပေါက် တွေကို ဖွင့်ထားဖို့ အတွက် အကြံပြုလိုက်ပါတယ်။ စထရိတ်တိုင်းမ် သတင်းစာ အလိုအရ ကော်ရိုနာ ဗိုင်းရက်ပိုး တွေက အေးမြခြောက် သွေ့ တဲ့ ရာသီဥတုမှာ ပိုမိုပေါက်ပွားတဲ့ အတွက် အပူပိုင်း ဒေသ နိုင်ငံတွေမှာတောင် အဲယားကွန်းသုံးရင် ရောဂါ ဖြစ်ပွားနိုင် ပါ တယ် လို့ ဆို တယ်။ ။
စင်ကာပူ ကျန်းမာရေး ဝန်ကြီးဌာန ဆေးသိပ္ပံ ဥက္ကဌ ပါမောက္ခ တန်ချောင်ချွန်းက “စင်ကာပူလို နိုင်ငံမျိုးမှာ ဆို ရင် အိမ်အပြင်ဖက်မှာ ကော်ရိုနာ ဗိုင်းရက်ပိုးတွေ ရှင်သန်ဖို့က ခက်ခဲပါတယ်။ စင်ကာပူမှာ ကော်ရိုနာတုတ်ကွေး ဖြစ်လာပြီဆိုရင် အဲယားကွန်းကို ဘယ်လောက် သုံး သလဲဆိုတာကို စစ်ဆေးသင့်ပါပြီ။ပူအိုက်စွတ်ဆိုတဲ့ နေရာတွေမှာ ကော်ရိုနာ တုတ်ကွေးတွေ မရှင်သန်နိုင်ဘူးဆို သုတေသနတွေ အများကြီး လုပ် ခဲ့ ပြီး ပြီ။အဲယားကွန်းက အေးတဲ့လေကို ထုတ်ပေးတယ်ဆိုပေမဲ့ အဲ့ဒိလေက အခန်း ထဲ မှာ ပဲ လည် နေ တာပါ။ ။
လေဟောင်းတွေက အဲယားကွန်း အပေါ်ကနေ ဝင်ပြီး အောက်ကနေပြန်ထွက်လာတာပါ။ အလုံပိတ်အခန်းဖြစ်လို့ ပြင်ပက လေအဝင်အထွက်မရှိတော့ ရောဂါပိုးက ကောင်းကောင်းပေါက်ပွားတော့တာပေါ့။ ပြီးတော့အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားဖို့အတွက် အခွင့်အလမ်းသာနေတာပေါ့။ နေရောင် နဲ့ နေရောင်ထဲမှာပါတဲ့ ခရမ်းလွန် ရောင်ခြည်တွေက ရောဂါပိုးကို သေ စေ ပါ တယ်။ တစ်နေ့ကို ခဏတစ်ဖြုတ်လောက် နေရောင်ထဲမှာနေတာက အလွန်သင့်တော်တဲ့ ကိစ္စပါပဲ။အပူပိုင်းနိုင်ငံတွေမှာ တုတ်ကွေးပိုးက အလွယ်တကူမပြန့်နိုင်လို့ အလွန်အကျူးစိတ်ပူစရာမလိုပါဘူး” လို့ သူ က ဆို တယ်။ ။
အဲ့ဒါကြောင့် အဲယားကွန်းနဲ့ နေတဲ့လူတန်းစားတွေက ပြူတင်းပေါက်တံခါးကို အမြဲပိတ်မထားပဲ အဲယားကွန်းပိတ်ပြီး တစ်ရက်ကို ၂ခါလောက်ဖွင့် ကာပြင်ပလေ ကောင်းလေသန့် တွေကို အခန်းထဲ ဝင်လာစေခြင်းဖြင့် တုတ်ကွေးရောဂါကို ကာ ကွယ် သင့် တယ် လို့ အ ကြံ ပြု ထား ပါ တယ်။
မောင်ယဿ REF: world of buzz photo; pinterset and shutter stock
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက် ရပ်ကွပ်၊မြို့ရွာ၊တိုင်းခရိုင်၊ပြည်နယ်အလိုက် ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်း” ၂ (၁)မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ လမ်းတိုင်း၊လမ်းတိုင်းတွင် ခြုံနွယ်ပိတ်ပေါင်းများကင်းစင်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းခြင်း၊အမှိုက်ပုံ၊ရေပုပ်ရေကန်စ သည့် အပုပ်နံ့၊အညီနံ့ အကောင်းသည့်အနံ့အသက်များထွက်ပေါ်နေသည့် နေရာများကိုအနံ့အသက်ကင်းပျောက်စေရန် စီမံပြုလုပ်ခြင်း၊တံမြက်စည်းလှဲ၍ သန့်ရှင်းအောင်ပြုလုပ်ထားခြင်း၊လူမနေသည့် အိမ်၊အိမ်အိုအိမ်ပျက်၊တဲအိုတဲပျက်များကို ခွင့်ပြုချက်ယူ၍ ဖြိုဖျက်ခြင်း၊လူအစောင့်အရှောက်ထားစေခြင်းတို့ ကိုစီမံပြုလုပ်ထားရပါမည်။ဖျားနာနေသောလူနာများရှိလျှင် ဆေးဝါးကုသပေးခြင်း၊ဆေးရုံ၊ဆေးခန်း၊ဒေသန်္တရကျန်းမာရေးဌာနများသို့ပို့ဆောင်ပေးခြင်းတို့ ကိုပါပြုလုပ်ပေးရပါမည်။ (၂) ရပ်ကွပ်၊ကျေးရွာများရှိ လူကြီး၊လူငယ်၊ပရဟိတအဖွဲ့များသည် မိမိတို့၏ ရပ်ကွပ်၊ကျေးရွာရှိ ရဟန်းသံဃာတော်များထံသို့သွားရောက်ပြီး အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ရန်အတွက် လျှောက်ထားပြီး ရပ်ကွပ်၊ကျေးရွာအတွင်း၌ အန်္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများကျင်းပနိုင်ရန်အတွက် စနစ်တ ကျစီစဉ်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကြီးများကို ပြုလုပ်ပေး၍ ရပ်ကွပ်၊ကျေးရွာအနှံ့တွင် ပရိတ်ရေစင်များပက်ဖျန်းပေးရပါမည်။ထို့အပြင် အသံမစဲမဟာပဋ္ဌာန်း ပွဲကြီးကိုပါစီစဉ်၍ကျင်းပပြုလုပ်ပေးရပါမည်။ပဋ္ဌာန်းပွဲပြီးလျှင် ပဋ္ဌာန်းရေစင်များကိုလည်း အထက်ပါနည်းအတိုင်း ရပ်ကွပ်၊ကျေးရွာအနှံ့တွင် အန္တရာယ်ကင်း စေရန်အတွက် ပက်ဖျန်းပေးရပါမည်။ဤနည်းအတိုင်း မြို့နယ်၊တိုင်းဒေသကြီး၊ပြည်နယ်များတွင်ပါ …
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါလွတ်မြောက်ရေး လယ်တီဆရာတော်ဘုရားကြီး၏အစီအရင်တော်
Knowledge
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း”
“ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးမှကင်းလွတ်စေရန်အတွက်လူတစ်ဦးခြင်း ကြိုတင်ကာကွယ်ရမည့်နည်းလမ်း” (၂) သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းမှရှောင်ကြဉ်ရမည်။ (၁) အရက်သေစာ၊မူးယစ်ဆေးဝါး သုံးစွဲခြ င်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားသောအမှုကိုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၃) ခိုးဆိုး၊လုယက်စသည့် မတရားမှုပြုလုပ်ခြင်းမှရှောင်ကြဉ်ရမည်။ (၄) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ကြဉ်ရမည်။ (၅) မဟုတ်မမှန်သောမုသားစကားပြောဆိုခြင်းမှရှောင်ကြဉ်ရမည်။ (၆) ကပ်ရောဂါပိုဆိုးလာလျှင်(သို့မဟုတ်)ယခုအချိန်မှစတင်၍ သက်သတ်လွတ်ကိုသာစားလျှင်ပို၍ကောင်းပါသည်။ (၇) ရတနသုတ်ပရိတ်တော်ကြီးနှင့်ဘုရားခုနှစ်ဆူ စက်ပရိတ်တော်ကြီးကို နေ့၊ညမှန်မှန်ရွတ်ဖတ်ပူဇော်ရမည်။(အခေါက်ရေများများရွတ်နိုင်လေပိုကောင်း လေဖြစ်၏) (၈) ပရိတ်ချည်၊ပရိတ်ကြိုးများကို ကိုယ်မှာဆောင်ထားရမည်။ဆောင်ထားရမည်ဆိုသည်မှာ လယ်တီဆရာတော်ဘုရားကြီးက အတိအကျလမ်းညွှန်ထား သည်မှာ လည်ပင်းတွင်လည်းဆွဲထားရမည်။ထို့အတူလက်ကောင်ဝတ်နှစ်ဘက်တွင်လည်းချည်ထားရမည်ဟု ညွှန်ကြားထားသည့်အတွက်ထိုအတိုင်း ဆောင်ထားရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (၉) တုတ်၊ဓားလက်နက်၊လေးခွတို့ကိုဆောင်ထားပါ။ဘီလူးသားဘက်တို့သည် ၎င်းင်းတို့၏တန်ခိုးဖြင့်ကိုယ်ယောင်ဖျောက်ထားနိုင်သော်လည်း တုတ်၊ဓား လက်နက်၊ဆူးချွန်၊လေးခွတို့ကို မကာကွယ်နိုင်သဖြင့်အလွန်ကြောက်ကြ၏။ထို့ကြောင့်လက်နက်တို့နှင့်ဝေးရာသို့ ရှောင်ရှားထွက်ပြေးကြ၏။မိမိတို့ကိုအန္တရာယ်ပေးခြင်း၊ဖမ်းစားခြင်းမပြုနိုင်ဟု ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးက ကိုယ်တွေ့နှိမ်နင်းနိုင်ခဲ့သည့်နည်းလမ်းဖြစ်ကြောင်းကိုမိန့်ဆိုထားလေ၏။ ထို့ကြောင့် ထို့ကြောင့်လမ်းသွားလမ်းလာပြုသောအခါတွင် တုတ်၊ဓားလက်နက်ဆောင်၍ရသောနယ်များတွင်၊တုတ်၊ဓားလက်နက်များကိုဆောင်သွားပါ။အ နည်းဆုံး …
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
Knowledge
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့
ချစ်ပြီးမှ လမ်းမခွဲ ချင်ဘူးဆိုရင်တော့ ချစ်ပြီးမှ လမ်းခွဲစကား ပြောဖို့က တကယ်တော့ အားနာဖို့ကောင်းတယ် ။ တစ်ယောက် အကြောင်းလည်း တစ်ယောက် သိနေပြီ ။ တစ်ယောက် အားနည်းချက် ကိုလည်း မြင်ပြီးမှ အဲဒါကို နင်းပြီး လမ်းခွဲ လိုက်ကြတာ ဘယ်ကောင်းမလဲ ။ တကယ် နှစ်နှစ်ကာကာ ချစ်တဲ့ သူတွေ ဆိုရင် နစ်နာပါတယ် ။ ချစ်တယ် ဆိုတဲ့ စကားလုံးကို လိင် စိတ်ဖြေဖို့အတွက် သက်သက် အငှားသုံးတဲ့သူတွေကို မဆိုလိုပါဘူး ။ အပြန်အလှန် ချစ်မိကြလို့ အကြောင်းကြောင်းကြောင့် လမ်းမခွဲချင်ဘူး ဆိုရင်တော့ အောက်မှာ အကြံပြုထားတာကို လိုက်နာကြည့်ပါလား။ ၁။ အပြုသဘောဆောင်တဲ့ …