
Entertainment










မောင်ယဿ
REF: asia one
Photo; AFP

Unicode

ကော်ရိုနာဗိုင်းရက်ကို ဂျိမ်းစ်ဘွန်းလည်း မနိုင်လို့ နိုဝင်ဘာကို ပြောင်းပြေးပြီ

မတ်လ ၄ရက်နေ့မှာ တစ်ကမ္ဘာလုံး က ရုပ်ရှင်ရုံ တိုင်းမှာ တစ်ပြိုင်နက် ပြသဖို့အတွက် စီစဉ်ထားတဲ့ 007 ဂျိမ်းစ်ဘွန်းရဲ့ NO TIME TO DIE ရုပ်ရှင်ကို ကော်ရိုနာဗိုင်းရက် ပြန့်နှံ့ နေမှုကြောင့် ရက်ရွှေ့ ဆိုင်းလိုက်ပါတယ်။

၇ လကြာအောင်ခွာပြီး ရက်ရွှေ့ လိုက်ရတဲ့ အကြောင်းက တရုတ်နိုင်ငံ အနေနဲ့ ရောဂါပြန်လည် သက်သာလာရင်တောင် တိုင်းပြည်ကို အဖတ်ဆယ်ဖို့ အချိန် စောင့်ဆိုင်းရမှာဖြစ်လို့ပဲ ဖြစ်ပါတယ်။

နောက်ပြီး အာရှ ဈေးကွက်ကြီးတစ်ခုလုံးကို လက်လွတ် လိုက်ရတဲ့အတွက် ကျန်တဲ့ ဈေးကွက်တွေကိုပါ စောင့်ဆိုင်းလိုက် ရတာပါ။ ယူနီဗာဆယ် ရုပ်ရှင်ကုမ္ပဏီ က ဒန်နီရယ်ခရိတ်ပါတဲ့ ဂျိမ်းစ်ဘွန်းကားကို ရက်ရွှေ့လိုက်ရတာနဲ့ ပတ်သက်ပြီး “ကျနော်တို့ သေသေ ချာချာ စဉ်းစားသုံးသတ် ပြီးမှ ကမ္ဘာ့ဈေးကွက်ကနေ ခဏဖယ် နေလိုက်တာပါ။

ဒီရောဂါက ရာသီလိုက် ဖြစ်တတ်တယ်ဆိုရင် နောက်နှစ် ဒီဇင်ဘာမဝင်ခင် ရုပ်ရှင်ကို ပြန်ပြမှ ဖြစ်မယ်လို့ စဉ်းစားထားပါတယ်။ ဟောလီးဝုဒ်ရဲ့ အမေရိကား ဈေးကွက်အပြင်မှာ တရုတ်ဈေးကွက်က အကြီးဆုံးပဲ။

ကျနော်တို့က သန်း၂၀၀ကျော ်အကုန်ခံပြီး ရိုက်ထားတာပါ။ အမေရိကားနဲ့ အခြားဈေးကွက် တွေက ပြန်ရတဲ့ ပိုက်ဆံတွေကို အရင်းနဲ့ ပြသစရိတ်လို့ပဲ သက်မှတ်ထားတယ် ဆိုပါတော့။ တရုတ် ဂျပန် တောင်ကိုရီးယား နဲ့ အာရှဈေးကွက်က ရတဲ့ ငွေက အမြတ်အဖြစ် အကြမ်းဖျဉ်း သက်မှတ် ထားပါတယ်”လို့ ဆိုပါတယ်။

တရုတ်မှာက ဇန်နဝါရီလကတည်းက ရုပ်ရှင်လုပ်ငန်းတွေ ရပ်ဆိုင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂျပန် တောင်ကိုရီးယားနဲ့ အာရှနိုင်ငံ တွေမှာရော အီတလီလို နိုင်ငံတွေမှာ ရုပ်ရှင်လုပ်ငန်းက ရပ်တန့်သွားပါပြီ။

ဒါကြောင့် ဈေးကွက်ပိုင်းကို ကြည့်ပြီး ထုတ်လုပ်မှုကို ဆက်လိုက်သင့် မသင့် ရုပ်ရှင်လုပ်ငန်းတွေက သုံးသပ်နေကြပါတယ်။ ဂျိမ်းစ်ဘွန်း ၂၀၁၅ spectre က သန်း ၈၈၀ ကျော်ပြန်ရခဲ့တယ်။

၂၀၁၂ sky fallကတော့ သန်း ၁ ထောင်ကျော် ရခဲ့ပါတယ်။ ပထမအနေနဲ့ ယူနီဗာဆယ်က NO TIME TO DIE ကို လန်ဒန်မှာ မတ်လ ၃၁ ရက်နေ့ စပြဖို့အတွက် စီစဉ်ထားပါပြီ။ ဧပြီ ၄ ရက်မှာ ကျန်တဲ့ ဈေးကွက်တွေ ကို ဆက်ဖြန့်မယ်လို့ စီစဉ်ထား ကြောင်းသိရပါတယ်။

မောင်ယဿ
REF: asia one
Photo; AFP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း
Entertainment
တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း

တွမ်ခရုက ဒူဂါရေးစကော့ကို ဝူဗာရိန်း မလုပ်ခိုင်း ဝူဗာရိန်းဆိုတာ အမေရိကန် ကာတွန်းစာအုပ်ထဲက လူထူးလူဆန်း တစ်ယောက်ပါ ။ တကယ့်စွမ်းအားတွေ ပိုင်ဆိုင်ထားပြီး သိပ္ပံ ဓာတ်ခွဲခန်း ထဲက ထွက်လာတဲ့ ပါဝါမန်းတွေပါ ။ X-man နဲ့ ဆက်နွယ် နေတဲ့ သိပ္ပံဝတ္ထု ဇာတ်လမ်းတွဲ တွေပါ ။ သူ့ရဲ့ အဓိက ပါဝါက တိုက်ခိုက်ရည် ကောင်းတဲ့ အပြင် ဒဏ်ရာရ လာပါက အလိုအလျောက် ကုသနိုင်တဲ့ စွမ်းရည်ပါပဲ ။ လိုဂန် ဖြစ်တဲ့ ဟတ်ဂျက်မန်းက X-man ဇာတ်လမ်းတွဲ ကို ဆက်မရိုက်နိုင် တော့လို့ မာဘယ်ရုပ်ရှင် ကုမ္ပဏီက ဒူဂါရေး စကော့ကို …

ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXOအဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ
Entertainment
ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ

ရည်းစားကို ဗိုက်တစ်လုံးနဲ့ ပစ်ထားလို့ EXO အဖွဲ့က ချန်ကို ပရိသတ်တွေ ပြစ်တင်နေ လွန်ခဲ့တဲ့ ၂လလောက်က တောင်ကိုရီးယား နဲ့ ကမ္ဘာကျော် ကေပေါ့ ဝိုင်းတစ်ဝိုင်း ဖြစ်တဲ့ EXO အဖွဲ့ဝင် ချန် က သူ့ရည်းစားမှာ ကိုယ်ဝန်ရ နေပြီလို့ ကြေညာပြီးနောက် မှာတော့ ပရိသက်က သူ့ကို တော်တော် ဒေါသထွက်နေပါတယ်။ ချန်ဆိုတာက EXO အဖွဲ့မှာ အချမ်းသာဆုံး ရပ်ပါ သီချင်းရေးသူ ထုတ်လုပ်သူ သရုပ်ဆောင် မော်ဒယ် တစ်ယောက်ပါ။ ၂၀၀၈ က မော်ဒယ်ပြိုင်ပွဲတစ်ခုမှာ ဒုတိယရခဲ့စဉ်က SM ဖျော်ဖြေရေး ကုမ္ပဏီ က သူကိုသဘောကျပြီး လေ့ကျင့်ပေးခဲ့ရင်းက သူက …

ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို
Entertainment
ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို

ဘောလီးဝုဒ်နဲ့ တောင်ပိုင်း ရုပ်ရှင်တွေကြား ခွဲခြားဆက်ဆံမှုတွေရှိ နေတယ်လို့ ဆို အိန္ဒိယမှာ တောင်ပိုင်းရုပ်ရှင် ဖျော်ဖြေရေးလုပ်ငန်းတွေက ဘောလီးဝုဒ်လောက် အရေးမပါဘူးလို့ လူတွေက ဘာကြောင့် ပြောနေရလဲဆိုတာကို ကျမဖြင့် စဉ်းစားလို့ မရပါဘူး လို့ ရှရူတီဟာဆန်က ပြောပါတယ်။ သူမကတော့ ဘောလီဝုဒ်ကို မရောက်ခင် ကတည်းက တမီးလ် တလူဂူး ဟင်ဒီ စကားပြောရုပ်ရှင် လောကမှာ နောက်ခံတေးသီးချင်း အဆိုတော် ရုပ်ရှင်မင်းသမီး အဖြစ်နဲ့ ကျင်လည်ခဲ့သူပါ။ သူမက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင် လောကတွေ ကျင်လည်လာပြီး နောက်မှာတော့ တောင်ပိုင်းရုပ်ရှင်လုပ်ငန်းတွေနဲ့ ဘောလီးဝုဒ်က ရုပ်ရှင်လုပ်ငန်းတွေက ဘာမှ ကွာခြားချက် မရှိ ပါဘူးလို့ ဆိုပါတယ်။ “အနုပညာရှင်တစ်ယောက်အနေနဲ့ …