
International-news







မောင်ယဿ

Ref: euronews photo; Ap

Unicode

ကော်ရိုနာဗိုင်းရက်ပြန့်နှံ့မှုက ကမ္ဘာ့ မူးယစ်ဆေးဝါးသုံးစွဲမှုကို တိုးတက်စေတယ်လို့ဆို

ကြာသပတေးနေ့က ကုလသမဂ္ဂအစီရင်ခံစာ တစ်ခုမှာ ကော်ရိုနာဗိုင်းရက် ပြန့်နှံ့နေစဉ် ကာလတစ်လျှောက်မှာ တစ်ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတဲ့ အချက်အလက်တွေအရ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ မှောင်ခိုချမှုတွေက တိုးလာတယ်လို့ ဆိုပါတယ် ။

မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာအေဂျင်စီအဖွဲ့ (UNODC) ရဲ့ ၂၀၂၀ အစီရင်ခံစာထဲမှာ ကော်ရိုနာဗိုင်းရက် ကြောင့် အလုပ်လက်မဲ့တွေနဲ့ အလုပ်အကိုင် အခွင့်အရေး ဆုံးရှုံးသူတွေက သန်းပေါင်းများစွာ ဖြစ်လာ ခဲ့ပါတယ် ။ သူတို့တွေက ဆင်းရဲတဲ့ ဘဝတွေကို စိတ်ပျက်ပြီး ဈေးပေါတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲ လာကြပါတယ် လို့ ပါရှိပါတယ် ။ ကော်ရိုနာဗိုင်းရက်နဲ့တိုင်းပြည်စီးပွားရေးပျက်ကပ်က လူတွေကို မူးယစ်ဆေးဝါးတွေပိုမို သုံးစွဲလာအောင် တိုက်တွန်းနေသလိုဖြစ်နေပါတယ် ။ ကျန်းမာရေး စနစ်တွေနဲ့ လူမှုရေးစနစ်တွေက တဖြည်းဖြည်း ပျက်သုဉ်းနေပြီး တော့ အမှောင်တိုက်ဆီကို ဦးတည်လာနေပါပြီလို့ ယူအန်အိုဒီစီ ကသူတို့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ် ။

အဲ့ဒိလိုဖြစ်စဉ်တွေက ၂၀၀၈ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ဖြစ်ခဲ့စဉ် တုန်းကလည်း ဖြစ်ခဲ့ပါတယ် ။ ၂၀၀၉ ကနေ ၂၀၁၈ အထိ မူးယစ်ဆေးဝါး သုံးစွဲသူ ပမာဏထက် ၂၀၁၉ မှာ မူးယစ်ဆေးသုံး သူပမာဏက ၃၀% လောက်တိုးတက်လာပါတယ် ။ လက်ရှိကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးသုံးစွဲနေသူ ဦးရေ က ၂၆၉ သန်းနီးပါးရှိ တယ်လို့ သူတို့ရဲ့ တိုင်းတာမှုအရ သိရပါတယ် ။ အဲ့ဒိထဲကမှ လူပေါင်း ၃၅သန်းလောက်က မူးယစ် ဆေးဝါး ကြောင့် ဘဝပျက်နေသူတွေ ပါ ။ ဆေးခြောက် သုံးစွဲသူတွေက ၂၀၁၈ ကနေပြီးတော့ တိုးတက်နေပါတယ်။ ဆေးခြောက်ထွက် အဆီတွေကြောင့် အန္တရာယ် ဖြစ်သူတွေက ဆယ်စုနှစ် တွင်းမှာ ၇၁ % အထိတိုးတက်ခဲ့ ပါတယ် ။

မူးယစ်ဆေးဝါး ပြဿနာကို အဓိကခံစားနေရတဲ့သူတွေကတော့ ကြီးကောင်ဝင်စ အရွယ်တွေပဲဖြစ်ပါတယ်။ လူငယ်တွေက သူတို့ရဲ့ ဖွံ့ဖြိုးဆဲ အချိန်မှာ မူးယစ်ဆေးဝါးနဲ့ ထိတွေ့မိပြီး စွဲလမ်းကာ လူမှုပြဿနာတွေဆီကို ဦးတည်သွား နေပါတယ်။ ကော်ရိုနာဗိုင်းရက်ကြောင့် နယ်စပ်တွေကို ပိတ်ဆို့ ထားလို့လမ်းတွေပေါ်မှာ မူးယစ်ဆေးဝါးတွေ ပျောက်သလို ဖြစ်ခဲ့တာက မူးယစ်ဆေးဝါးတွေ ဈေးတွေတက်ပြီး ဝယ်လိုအားမြင့် တက်စေပါတယ် ။

မူးယစ်ဆေးဝါးဈေးတွေ တက်လာလို့ လူတွေက အရက် အပါအဝင် အခြား ဈေးပေါပေါနဲ့ ရမယ့် မူးယစ်စေတဲ့ အရာတွေကို သုံးစွဲမှုဆီကို ဦးတည် လာစေပါတယ် ။ ဥရောပ ဆီမှာတော့ အိန္ဒိယ သမုဒ္ဒရာ လမ်းကြောင်းနဲ့ ဘောလ်ကန်ဒေသ က လမ်းကြောင်းအတိုင်း မူးယစ်ဆေးဝါးတွေက အဆက်မပြတ် ဝင်နေပါတယ်လို့လည်း သူတို့က ဆိုပါတယ် ။

မောင်ယဿ

Ref: euronews photo; Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …