ေကာင္းေသာ အဆီနဲ႔ ႏွလုံးက်န္းမာေရး
- By : Phoe Linn
- Category : Health
- Tags: health& food

ေကာင္းေသာ အဆီနဲ႔ ႏွလုံးက်န္းမာေရး
အဆီ အဆိမ့္စာေတြ စားသုံးျခင္းဟာ ႏွလုံးက်န္းမာေရးကို ထိခိုက္ႏိုင္တယ္ဆိုတာ သင္သိၿပီး ျဖစ္ပါလိမ့္မယ္။ သင့္ႏွလုံးအတြက္ ေကာင္းေသာ အဆီပါ အစားအစာမ်ား ကို ေ႐ြးခ်ယ္ျခင္း အားျဖင့္ ကာကြယ္ ေစာင့္ေရွာက္ပါ။
ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစတဲ့ အဆီပါ အစားအစာေတြ ကေတာ့….
ငါး
ငါးေတြမွာ အိုမီဂါ၃ ဖက္တီးအက္ဆစ္ ဆိုတဲ့ အက်ိဳးျပဳအဆီ ပါဝင္ပါတယ္။ ဆယ္လ္မြန္ ၊ မက္ကရာယ္ ၊ ဟာအင္း ၊ ဆာဒင္းနဲ႔ တူနာ အစရွိတဲ့ငါးေတြဆိုရင္ ပိုမို ေကာင္းမြန္စြာ ပါဝင္ပါတယ္။
ဒါေၾကာင့္မို႔ ငါးအဆီဟာ ႏွလုံးက်န္းမာၿပီး ဉာဏ္ရည္ ထက္ျမက္ေစႏိုင္ပါတယ္။ တစ္ပတ္မွာ ႏွစ္ႀကိမ္ အဆီမ်ားတဲ့ ငါးကို စားေပး သင့္ပါတယ္။
အေစ့အဆန္
ေ႐ႊဖ႐ုံေစ့ ၊ ေနၾကာေစ့ ၊ ႏွမ္းေစ့ စတဲ့ အေစ့အဆန္ေတြမွာ ပါဝင္တဲ့ မျပည့္ဝဆီေတြဟာ ေသြးတြင္း ကိုလက္စထေရာကို က်ေစၿပီး ႏွလုံးကို က်န္းမာေစပါတယ္။
အခြံမာသီး
အခြံမာသီးေတြမွာ လည္း အိုမီဂါ ၃ ဖက္တီးအက္စစ္ အဆီ ပါဝင္တာေၾကာင့္ ႏွလုံး က်န္းမာေစတာပဲ ျဖစ္ပါတယ္။
သံလြင္ဆီ
သံလြင္ဆီမွာ ပါဝင္တဲ့ Oleic အဆီဓာတ္ကို ဟင္း႐ြက္ သုတ္တဲ့အခါနဲ႔ ဟင္းခ်က္ျပဳတ္တဲ့ အခါမွာ ထည့္သုံးမယ္ဆိုရင္ သင့္ႏွလုံးကို က်န္းမာေစပါတယ္။
ဟင္းသီးဟင္း႐ြက္
ဟင္းႏုႏြယ္႐ြက္၊ ကိုက္လန္ စတဲ့ အစိမ္းရင့္ေရာင္ ဟင္းသီး ဟင္း႐ြက္ေတြ မွာ အိုမီဂါ ၃ ဖက္တီးအက္စစ္ လို အဆီေကာင္းေတြ ပါဝင္တာေၾကာင့္ တစ္ေန႔ကို ႏွစ္ခြက္ သုံးခြက္ စားသုံးသင့္ပါတယ္။
ဥအမ်ိဳးမ်ိဳး
ဥအမ်ိဳးမ်ိဳးမွာ မရွိမျဖစ္ ဖက္တီးအက္ဆစ္ေတြ ပါဝင္ပါတယ္။ ထိုအဆီမ်ားက က်န္းမာေရးကို အက်ိဳးျပဳ အဆီမ်ား ျဖစ္ပါတယ္။ တစ္ေန႔ကို အနည္းဆုံး တစ္လုံး စားပါ။
ပဲအမ်ိဳးမ်ိဳး
ပဲအမ်ိဳးမ်ိဳးျဖစ္တဲ့ ပဲနီေစ့ ပဲပုတ္ေစ့ စတာေတြမွာ ဆိုရင္ အိုမီဂါ ၃ ဖက္တီးအက္ဆစ္လို ေကာင္းတဲ့ အဆီဓာတ္ေတြ ပါဝင္တာေၾကာင့္ စိတ္ေရာကိုယ္ပါ က်န္းမာေစပါတယ္။
ေထာပတ္သီး
အသီးမ်ားထဲမွာ ေထာပတ္သီးဟာ ေကာင္းမြန္တဲ့ Oleic အဆီဓာတ္မ်ား ပါဝင္ၿပီး မိုႏို မျပည့္ဝဆီ ျဖစ္တာေၾကာင့္ ႏွလုံးကို အက်ိဳးျပဳပါတယ္။ ဆင္းဒဝစ္ ထဲမွာ ေထာပတ္သီးကို ထည့္စားပါ၊ ေထာပတ္သီး ေဖ်ာ္ရည္ေသာက္ပါ။
အရသာရွိတဲ့ ေထာပတ္သီးဟာ ႏွလုံးကို က်န္းမာေစၿပီး အ႐ိုးအဆစ္ေရာင္ေရာဂါ ေတြကိုသက္သာေစပါတယ္။ ေထာပတ္သီးကို တစ္ျခား အစားအစာေတြနဲ႔ တြဲပီး စားရင္ အာဟာရဓာတ္ကို စုပ္ယူႏိုင္စြမ္းအား ပိုေကာင္းပါတယ္။
သင့္ႏွလုံး က်န္းမာေစဖို႔ အဆီေကာင္းပါဝင္တဲ့ အစားအစာမ်ားကို စားၾကပါစို႔။
စႏၵီျမင့္မိုရ္
Unicode
ကောင်းသော အဆီနဲ့ နှလုံးကျန်းမာရေး
အဆီ အဆိမ့်စာတွေ စားသုံးခြင်းဟာ နှလုံးကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပြီး ဖြစ်ပါလိမ့်မယ်။ သင့်နှလုံးအတွက် ကောင်းသော အဆီပါ အစားအစာများ ကို ရွေးချယ်ခြင်း အားဖြင့် ကာကွယ် စောင့်ရှောက်ပါ။
နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ အဆီပါ အစားအစာတွေ ကတော့….
ငါး
ငါးတွေမှာ အိုမီဂါ၃ ဖက်တီးအက်ဆစ် ဆိုတဲ့ အကျိုးပြုအဆီ ပါဝင်ပါတယ်။ ဆယ်လ်မွန် ၊ မက်ကရာယ် ၊ ဟာအင်း ၊ ဆာဒင်းနဲ့ တူနာ အစရှိတဲ့ငါးတွေဆိုရင် ပိုမို ကောင်းမွန်စွာ ပါဝင်ပါတယ်။
ဒါကြောင့်မို့ ငါးအဆီဟာ နှလုံးကျန်းမာပြီး ဉာဏ်ရည် ထက်မြက်စေနိုင်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် အဆီများတဲ့ ငါးကို စားပေး သင့်ပါတယ်။
အစေ့အဆန်
ရွှေဖရုံစေ့ ၊ နေကြာစေ့ ၊ နှမ်းစေ့ စတဲ့ အစေ့အဆန်တွေမှာ ပါဝင်တဲ့ မပြည့်ဝဆီတွေဟာ သွေးတွင်း ကိုလက်စထရောကို ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။
အခွံမာသီး
အခွံမာသီးတွေမှာ လည်း အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီ ပါဝင်တာကြောင့် နှလုံး ကျန်းမာစေတာပဲ ဖြစ်ပါတယ်။
သံလွင်ဆီ
သံလွင်ဆီမှာ ပါဝင်တဲ့ Oleic အဆီဓာတ်ကို ဟင်းရွက် သုတ်တဲ့အခါနဲ့ ဟင်းချက်ပြုတ်တဲ့ အခါမှာ ထည့်သုံးမယ်ဆိုရင် သင့်နှလုံးကို ကျန်းမာစေပါတယ်။
ဟင်းသီးဟင်းရွက်
ဟင်းနုနွယ်ရွက်၊ ကိုက်လန် စတဲ့ အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်တွေ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ် လို အဆီကောင်းတွေ ပါဝင်တာကြောင့် တစ်နေ့ကို နှစ်ခွက် သုံးခွက် စားသုံးသင့်ပါတယ်။
ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ မရှိမဖြစ် ဖက်တီးအက်ဆစ်တွေ ပါဝင်ပါတယ်။ ထိုအဆီများက ကျန်းမာရေးကို အကျိုးပြု အဆီများ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး တစ်လုံး စားပါ။
ပဲအမျိုးမျိုး
ပဲအမျိုးမျိုးဖြစ်တဲ့ ပဲနီစေ့ ပဲပုတ်စေ့ စတာတွေမှာ ဆိုရင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်လို ကောင်းတဲ့ အဆီဓာတ်တွေ ပါဝင်တာကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေပါတယ်။
ထောပတ်သီး
အသီးများထဲမှာ ထောပတ်သီးဟာ ကောင်းမွန်တဲ့ Oleic အဆီဓာတ်များ ပါဝင်ပြီး မိုနို မပြည့်ဝဆီ ဖြစ်တာကြောင့် နှလုံးကို အကျိုးပြုပါတယ်။ ဆင်းဒဝစ် ထဲမှာ ထောပတ်သီးကို ထည့်စားပါ၊ ထောပတ်သီး ဖျော်ရည်သောက်ပါ။
အရသာရှိတဲ့ ထောပတ်သီးဟာ နှလုံးကို ကျန်းမာစေပြီး အရိုးအဆစ်ရောင်ရောဂါ တွေကိုသက်သာစေပါတယ်။ ထောပတ်သီးကို တစ်ခြား အစားအစာတွေနဲ့ တွဲပီး စားရင် အာဟာရဓာတ်ကို စုပ်ယူနိုင်စွမ်းအား ပိုကောင်းပါတယ်။
သင့်နှလုံး ကျန်းမာစေဖို့ အဆီကောင်းပါဝင်တဲ့ အစားအစာများကို စားကြပါစို့။
စန္ဒီမြင့်မိုရ်
No Comments