International-news
Unicode
ကေတီပယ်ရီ ကို ဗြိတိန်အာရှယုံကြည်မှုသံတမန်အဖြစ် ခန့်အပ်လို့ အကြီးအကျယ်ဝေဖန်ခံနေရ
ကေတီပယ်ရီကို ဗြိတိန်အာရှယုံကြည်မှု သံတမန်အဖြစ်ခံအပ်လိုက်တဲ့အတွက် ဆိုရှယ်မီဒီယာမှာ အကြီးအကျယ်ဝေဖန်မှု အသံတွေညံစီ နေပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က အင်္ဂလန်ဘက်ကင်ဟမ်နန်းတော်က မင်းသားကြီးချားလ်က Dark Horse အဆိုတော်ကေတီပယ်ရီကို အာရှတိုက် ကလေးမှောင်ခိုတိုက်ဖျက်ရေးအတွက် အလှူငွေနဲ့ ပတ်သက်တဲ့ကိစ္စများ လုပ်ကိုင်ဖို့အတွက် သံ တ မန် ခန့် အပ် လိုက် ပါ တယ်။ ။
ကေတီပယ်ရီကို လန်ဒန်မြို့က ဘန်ကတ်တင်းအဆောက်အအုံ မှာပြုလုပ်တဲ့ ညစာစားပွဲကို ကြွရောက်ဖို့အတွက် ဝေးလ်မြို့စားနဲ့ ကွန်းဝဲလ်မြို့စားကတော်တို့က ဖိတ်ကြားခဲ့ပြီး အဲ့ဒိ ညစာစားပွဲမှာပဲ သူမကို သံတမန်အဖြစ် ခန့် အပ် လိုက် တာ ပါ။ သူမက “အိန္ဒိယကို ကျမက မင်းသားကြီးနဲ့အတူ ရောက်ခဲ့ဖူးပါတယ်။ ကမ္ဘာပေါ်က ကလေးမှောင်ခိုကိစ္စ တစ်ဝက်လောက်က အိ န္ဒိ ယ မှာဖြစ်နေ တာ ပါ။ မင်းသားကြီးတို့ရဲ့ အစီးအစဉ်က တောင့်တင်းခိုင်မာလွန်းပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ကိုယ်တိုင် တစ်ထောင့်တစ်နေရာက ပါဝင်ပါရစေပြီး မင်းသားကြီးဆီကို အကြံပြုစာပို့ခဲ့တာပါ။မြေပြင်အခြေအနေမှာတကယ်ပဲ ရံပုံငွေတွေလိုနေပါတယ်” လို့ ဆို ပါ တယ် ။
ဗြိတိန်အာရှယုံကြည်မှု လုပ်ငန်းဆောင်တာတွေအတွက် အာရှတောင်ပိုင်းကနေစလုပ်ကြမှာပါ။ အာရှတိုက်က ကလေးမှောင်ခို လုပ်ငန်းများကို တာဆီးဖို့ ထက်မဖြစ်အောင် ကာကွယ်တဲ့ စနစ်တစ်ခုကို သူတို့တွေက စဉ်းစားပြီးသုတေသန လုပ်ခဲ့ပြီးကြပြီးပါပြီ။
“အဲ့ဒါကြောင့် အာရှကလေးသူငယ်များ ကာကွယ်ဖို့အတွက် ရံပုံငွေ စီစဉ်ထိန်းသိမ်းတဲ့လုပ်ငန်း ဦးစီးပြီး အာရှအတွက် အလင်းစက်စတ်ခုအဖြစ် ဂုဏ်ယူစွာ ထွန်းလင်းပေးမှာပါ”လို့ သူ မ က ဆို ပါ တယ်။
လိုင်းပေါ်မှာကတော့ ကယ်တီပယ်ရီက တော်ဝင်မိသားစုရဲ့ ကျေးကျွန်ဖြစ်သွားပြီးလားဆိုတဲ့အထိ မေးမြန်းခံနေရပါတယ်။ နောက်တစ်ယောက်က အိန္ဒိယမှာမင်္ဂလာဆောင်ဖူးတာရယ် အိန္ဒိယvogue မဂ္ဂဇင်းမှာ တစ်ခါပါဖူးရုံနဲ့ သံတမန်ခန့်တယ်ဆိုတာ မှန်လို့လား။ ကေတီက NOလို့ ငြင်းလိုက်ရမှာလို့ အမျိုးမျိုး ဝေ ဖန် နေ ကြ ပါ တယ်။
အဲ့ဒိအဖွဲ့ကို ချားလ်မင်းသားကြီးက ၂၀၀၇ ကတည်းက တည်ထောင်ထားခဲ့တာပါ။ ရံပုံငွေ အခက်အခဲကြောင့် ကေတီလို့ ဆယ်လီတွေကို သံတမန်ခန့်ပြီး အသက် သွင်း နေ တာ ပါ။
မောင်ယဿ :REF independent photo ; yahoo
No Comments
Leave a Reply
Your email address will not be published.
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …