ဦးေခါင္း ခြဲစိတ္ေနစဥ္ အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး

ဦးေခါင္း ခြဲစိတ္ေနစဥ္ အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး
International-news

ဦးေခါင္း ခြဲစိတ္ေနစဥ္ အတြင္း တေယာထိုးေနတဲ့ အမ်ိဳးသမီး

 

ဦးေႏွာက္ထဲမွာ အႀကိတ္တည္ေနလို႔ ခြဲစိတ္မႈ လုပ္ေနစဥ္ အတြင္း ၅၃ႏွစ္ အ႐ြယ္ ေဝဒနာရွင္က သူမရဲ႕ တေယာကို အထိုးမပ်က္ခဲ့ပါဘူးလို႔ CNN သတင္းတစ္ရပ္မွာ ပါလာခဲ့ ပါတယ္ ။ ဒရက္မာတာနာ ဆိုတဲ့ တေယာပညာရွင္ အမ်ိဳးသမီးက သူမဦးေႏွာက္ရဲ႕ အေရွ႕ညာဘက္ျခမ္းမွာ အႀကိတ္ တည္ေနပါတယ္ ။

အဲ့ဒီ အႀကိတ္ကို ခြဲစိတ္တဲ့အခါမွာ ဘယ္ဘက္လက္ရဲ႕ ႏႈးညံ့တဲ့အထိအေတြ႕ကို ထိေတြ႕မႈ အာ႐ုံခံစြမ္းအား ဆုံးရႈံးသြားႏိုင္တတ္လို႔ ခြဲစိတ္ေနစဥ္ ကာလအတြင္း ထိခိုက္မႈ ရွိမရွိ ဂီတသံကို ထုတ္လႊတ္ ခိုင္းထားတာပါ ။

ခြဲစိတ္ရမဲ့ အႀကိတ္နဲ႔ အာ႐ုံခံစားႏိုင္မႈ ေနရာက အရမ္းနီးကပ္ ေနတာေၾကာင့္ မေတာ္တဆ ထိခိုက္မႈမ်ိဳး မျဖစ္ေအာင္ လုပ္တာပါ ။ “ က်မက တေယာကို အ႐ူးအမူး စြဲလမ္း ေနတာပါ ။ ၁၀ႏွစ္ သမီး အ႐ြယ္ကတည္းက တေယာထိုး လာတာ ။

ဒီ အသက္အ႐ြယ္ေရာက္တဲ့ အထိ တေယာမထိုးတဲ့ရက္ တစ္ရက္မွကို မရွိခဲ့ပါဘူး ။ တကယ္လို႔မ်ား မေတာ္တဆ တစ္ခုခုေၾကာင့္ က်မ တေယာထိုးခြင့္ ဆုံးရႈံးသြားမယ္ ဆိုရင္ ဘဝမွာ ဒီထက္ ေၾကကြဲစရာ မရွိေတာ့ပါဘူး ” လို႔ ဒရက္မာတာနာ က ဆိုတယ္ ။

လန္ဒန္ဘုရင့္ တကၠသိုလ္ ေဆး႐ုံက အာ႐ုံေၾကာ ခြဲစိတ္ ဆရာဝန္ ေဒါက္တာ အက္ရွ္ခန္က သူ႔အေနနဲ႔ ခြဲစိတ္မႈ ကာလအတြင္း ဘာဆိုဘာမွ ထိခိုက္မႈ မရွိဘူးဆိုတာ သက္ေသျပဖို႔ အတြက္ သူမကို တေယာထိုးခိုင္းတာက အေကာင္းဆုံး သက္ေသ ျပခ်က္ပါပဲ ။

“ က်ေနာ္တို႔က တစ္ႏွစ္ကို ဦးေခါင္း ခြဲစိတ္မႈ ၄၀၀ ေလာက္ လုပ္ရပါတယ္ ။ ခြဲစိတ္မႈ ၿပီးသြားရင္ အၿမဲလို ဘာသာစကား စစ္ေဆးမႈ လုပ္ရပါတယ္ ။ သူ ဘယ္ေလာက္ေမ့ သြားလဲ ဆိုတာကိုပါ ။ ဦးႏွာက္ ခြဲစိတ္မႈတိုင္းမွာ မွတ္ဉာဏ္ ထိခိုက္မႈ ရွိတတ္လို႔ပါ ။

ဒီ တခါေတာ့ သူ႔မွတ္ဉာဏ္ မထိခိုက္ဘဲ ခြဲစိတ္လို႔ ရေအာင္ သူ႔ကို တေယာထိုးခိုင္း ထားတာပါ ။ က်ေနာ္တို႔ ေဆး႐ုံရဲ႕ ပထမဆုံး ခြဲစိတ္မႈပါပဲ ” လို႔ သူက ဆိုတယ္ ။

ခြဲစိတ္မႈ မလုပ္ခင္ ၂နာရီ ေလာက္ ကတည္းက သူမကို တေယာ ထိုင္းခိုင္းၿပီး ဦးေႏွာက္ရဲ႕ တုံ႔ျပန္မႈ ေတြကို တြက္ခ်က္ ၿပီးမွ ခြဲခဲ့တာပါ ။ သူမရဲ႕ ခႏၲာကိုယ္ လႈပ္ရွားမႈ ထိန္းခ်ဳပ္ခန္းကို မထိဘဲ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့ ပါတယ္ ။ ခြဲစိတ္ၿပီး ၃ရက္ အၾကာမွာ ဒရက္မာက ေဆး႐ုံက ဆင္းႏိုင္ခဲ့ၿပီး အိမ္မွာ ေကာင္းစြာ အနားယူကာ တေယာကို ထိုးေနခဲ့ပါတယ္ ။

ေမာင္ယႆ REF: world of buzz:
photo;inside edition

Unicode Version

ဦးခေါင်း ခွဲစိတ်နေစဉ် အတွင်း တယောထိုးနေတဲ့ အမျိုးသမီး

 

ဦးနှောက်ထဲမှာ အကြိတ်တည်နေလို့ ခွဲစိတ်မှု လုပ်နေစဉ် အတွင်း ၅၃နှစ် အရွယ် ဝေဒနာရှင်က သူမရဲ့ တယောကို အထိုးမပျက်ခဲ့ပါဘူးလို့ CNN သတင်းတစ်ရပ်မှာ ပါလာခဲ့ ပါတယ် ။ ဒရက်မာတာနာ ဆိုတဲ့ တယောပညာရှင် အမျိုးသမီးက သူမဦးနှောက်ရဲ့ အရှေ့ညာဘက်ခြမ်းမှာ အကြိတ် တည်နေပါတယ် ။

အဲ့ဒီ အကြိတ်ကို ခွဲစိတ်တဲ့အခါမှာ ဘယ်ဘက်လက်ရဲ့ နှုးညံ့တဲ့အထိအတွေ့ကို ထိတွေ့မှု အာရုံခံစွမ်းအား ဆုံးရှုံးသွားနိုင်တတ်လို့ ခွဲစိတ်နေစဉ် ကာလအတွင်း ထိခိုက်မှု ရှိမရှိ ဂီတသံကို ထုတ်လွှတ် ခိုင်းထားတာပါ ။

ခွဲစိတ်ရမဲ့ အကြိတ်နဲ့ အာရုံခံစားနိုင်မှု နေရာက အရမ်းနီးကပ် နေတာကြောင့် မတော်တဆ ထိခိုက်မှုမျိုး မဖြစ်အောင် လုပ်တာပါ ။ “ ကျမက တယောကို အရူးအမူး စွဲလမ်း နေတာပါ ။ ၁၀နှစ် သမီး အရွယ်ကတည်းက တယောထိုး လာတာ ။

ဒီ အသက်အရွယ်ရောက်တဲ့ အထိ တယောမထိုးတဲ့ရက် တစ်ရက်မှကို မရှိခဲ့ပါဘူး ။ တကယ်လို့များ မတော်တဆ တစ်ခုခုကြောင့် ကျမ တယောထိုးခွင့် ဆုံးရှုံးသွားမယ် ဆိုရင် ဘဝမှာ ဒီထက် ကြေကွဲစရာ မရှိတော့ပါဘူး ” လို့ ဒရက်မာတာနာ က ဆိုတယ် ။

လန်ဒန်ဘုရင့် တက္ကသိုလ် ဆေးရုံက အာရုံကြော ခွဲစိတ် ဆရာဝန် ဒေါက်တာ အက်ရှ်ခန်က သူ့အနေနဲ့ ခွဲစိတ်မှု ကာလအတွင်း ဘာဆိုဘာမှ ထိခိုက်မှု မရှိဘူးဆိုတာ သက်သေပြဖို့ အတွက် သူမကို တယောထိုးခိုင်းတာက အကောင်းဆုံး သက်သေ ပြချက်ပါပဲ ။

“ ကျနော်တို့က တစ်နှစ်ကို ဦးခေါင်း ခွဲစိတ်မှု ၄၀၀ လောက် လုပ်ရပါတယ် ။ ခွဲစိတ်မှု ပြီးသွားရင် အမြဲလို ဘာသာစကား စစ်ဆေးမှု လုပ်ရပါတယ် ။ သူ ဘယ်လောက်မေ့ သွားလဲ ဆိုတာကိုပါ ။ ဦးနှာက် ခွဲစိတ်မှုတိုင်းမှာ မှတ်ဉာဏ် ထိခိုက်မှု ရှိတတ်လို့ပါ ။

ဒီ တခါတော့ သူ့မှတ်ဉာဏ် မထိခိုက်ဘဲ ခွဲစိတ်လို့ ရအောင် သူ့ကို တယောထိုးခိုင်း ထားတာပါ ။ ကျနော်တို့ ဆေးရုံရဲ့ ပထမဆုံး ခွဲစိတ်မှုပါပဲ ” လို့ သူက ဆိုတယ် ။ ခွဲစိတ်မှု မလုပ်ခင် ၂နာရီ လောက် ကတည်းက သူမကို တယော ထိုင်းခိုင်းပြီး ဦးနှောက်ရဲ့ တုံ့ပြန်မှု တွေကို တွက်ချက် ပြီးမှ ခွဲခဲ့တာပါ ။

သူမရဲ့ ခန္တာကိုယ် လှုပ်ရှားမှု ထိန်းချုပ်ခန်းကို မထိဘဲ ခွဲစိတ်မှု အောင်မြင်ခဲ့ ပါတယ် ။ ခွဲစိတ်ပြီး ၃ရက် အကြာမှာ ဒရက်မာက ဆေးရုံက ဆင်းနိုင်ခဲ့ပြီး အိမ်မှာ ကောင်းစွာ အနားယူကာ တယောကို ထိုးနေခဲ့ပါတယ် ။

မောင်ယဿ REF: world of buzz:
photo;inside edition

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …