ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္ နီးစပ္လာတဲ့မန္ယူ

ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္ နီးစပ္လာတဲ့မန္ယူ
Sport

ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္ နီးစပ္လာတဲ့မန္ယူ

ၿပီးခဲ့တဲ့ တနလာေနၤ့ညက ခ်ယ္ဆီးအသင္းကို ၂-၀ ဂိုး နဲ႔ ႏိုင္လိုက္တဲ့အတြက္ မန္ယူအသင္းက လာမည့္ႏွစ္ ဥေရာပၿပိဳင္ပြဲ ဝင္ခြင့္ တစ္ေနရာ နဲ႔ နီးစပ္သြားပါတယ္။ ပရီးမီးယားလိဂ္ ပြဲစဥ္ဇယားမွာ ၂၆ ပြဲ ကစားထားၿပီး ၃၈ မွတ္ နဲ႔ အဆင့္ ၇ ေနရာမွာရပ္ တည္ေနပါ တယ္။ အဆင့္ ၄ ေနရာက ခ်ယ္လ္ဆီး နဲ႔ ၃ မွတ္သာ ကြာၿပီး ေနာက္ပြဲေတြ အလားအလာေကာ င္းပါက ယူ႐ိုပါလိဂ္ အျပင္ ခ်န္ပီယံ လိဂ္ ဝင္ခြင့္တစ္ေနရာ ရႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က ဇယားမွာ နံပတ္၂ ေနရာမွာရွိတဲ့ မန္စီတီးက ဥေရာပ ၿပိဳင္ပြဲဝင္ခြင့္ ၂ ႏွစ္ အပိတ္ခံလိုက္ရတဲ့အတြက္ နံပါတ္ ၇ ေနရာ ယူ႐ိုပါလိဂ္ ဝင္ခြင့္ ရသြားပါတယ္။

ခ်ယ္လ္ဆီးရဲ႕ စတန္းဖို႔ဒ္ဘရဂ်္မွာ မထင္မွတ္ပဲ ဂိုးသြင္း သြားသူေတြကေတာ့ အန္သိုနီ မာရွယ္နဲ႔ ဟာရီမက္ဂူရီတို႔ ပါပဲ။ မန္ယူအသင္းက ဒီပြဲမွာ နည္းပညာရဲ႕ အကူအညီေပးမႈနဲ႔ အႏိုင္ရ သြားတယ္လို႔ ဆိုရင္လည္း မမွားပါဘူး။ ခ်ယ္လ္ဆီးအသင္း ျပန္သြင္းတဲ့ ၂ဂိုးလုံးက ဘယ္လိုမွ သာမန္မ်က္ေစ့ နဲ႔မျမင္ ႏိုင္ေလာက္ တဲ့အေနအထားပါ။ ခ်ယ္ဆီးရတဲ့ ပထမဂိုးကေတာ့ နည္းပညာ နဲ႔ လွည္ပတ္ျပေပမဲ့ ေခါင္းတစ္လုံးေလာက္ လူကြၽံေနတာျဖစ္ၿပီး ဒုတိယဂိုးကလည္း ေျခဖ်ားကေလးသာ ကြၽံေနတာျဖစ္ပါတယ္။ ဗီဒီယိုမွတ္တမ္းနဲ႔ ၾကည့္ၿပီး ဂိုးရသင့္ မရသင့္ ဆုံးျဖတ္ခ်က္က ေကာင္းမေကာင္းက ေတာ့ ဒီပြဲကိုၾကည့္ တဲ့ ပရိသတ္ကိုယ့္ဖာသာကိုယ္ ၾကည့္ၿပီး ဆုံးျဖတ္ခ်က္ ခ်ၾကပါ။

ဒါေပမဲ့ စိတ္မေကာင္းစရာ ကေတာ့ မန္ယူက မက္ဂူရီက ခ်ယ္ဆီး ေဘာလုံးသမားကို ကန္လိုက္လို႔ ေပါင္တြင္းေၾကာထိသြားၿပီး နာသြားတာကေတာ့ အနီကတ္ေထာင္ေခ်ာက္ လြတ္သြားပါတယ္။ ဗီဒီယိုမွတ္တမ္းကို ေနာက္မွျပန္စစိေဆးမယ္ဆိုေတာ့ ေလာေလာဆယ္မွာ ခ်ယ္ဆီးလ္က ရႈံးသြားပါၿပီ။ အဲ့တုန္းကသာ ဗီဒီယိုမွတ္တမ္းကို ၾကည့္ၿပီး မက္ဂူရီကို အနီကတ္ေပးလိုက္ရင္လည္း ဒီေန႔ျဖစ္တဲ့ အေျဖက ေျပာင္းျပန္ ျဖစ္သြားႏိုင္ပါတယ္။ ခ်ယ္လ္ဆီးအိမ္ကြင္းမွာ ၁၉၈၈ ကတည္းက အႏိုင္မရတဲ့ ရာဇဝင္ကိုေတာ့ ဆိုးလ္ရွားက ခ်ိဳးဖ်က္ႏိုင္ခဲ့ပါၿပီ။ ဒီပြဲမွာ မန္ယူက ဝယ္ထားတဲ့ ဖာနန္ဒက္က ေပးထားတဲ့ေၾကးနဲ႔ တန္ေအာင္ကစားသြားပါတယ္။ ရတဲ့ဂိုး၂ ဂိုးလုံးက သူ႔ဆီကထြက္သြားတာပါ။

ေမာင္ယႆ REF: bbc photo;telegraph

Unicode

ဥရောပဝင်ခွင့် တစ်နေရာအတွက် နီးစပ်လာတဲ့မန်ယူ

ပြီးခဲ့တဲ့ တနလာၤနေ့ညက ချယ်ဆီးအသင်းကို ၂-၀ ဂိုး နဲ့ နိုင်လိုက်တဲ့အတွက် မန်ယူအသင်းက လာမည့်နှစ် ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ နဲ့ နီးစပ်သွားပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်ဇယားမှာ ၂၆ ပွဲ ကစားထားပြီး ၃၈ မှတ် နဲ့ အဆင့် ၇ နေရာမှာရပ် တည်နေပါ တယ်။ အဆင့် ၄ နေရာက ချယ်လ်ဆီး နဲ့ ၃ မှတ်သာ ကွာပြီး နောက်ပွဲတွေ အလားအလာကော င်းပါက ယူရိုပါလိဂ် အပြင် ချန်ပီယံ လိဂ် ဝင်ခွင့်တစ်နေရာ ရနိုင်ပါတယ်။ နောက်တစ်ချက်က ဇယားမှာ နံပတ်၂ နေရာမှာရှိတဲ့ မန်စီတီးက ဥရောပ ပြိုင်ပွဲဝင်ခွင့် ၂ နှစ် အပိတ်ခံလိုက်ရတဲ့အတွက် နံပါတ် ၇ နေရာ ယူရိုပါလိဂ် ဝင်ခွင့် ရသွားပါတယ်။

ချယ်လ်ဆီးရဲ့ စတန်းဖို့ဒ်ဘရဂျ်မှာ မထင်မှတ်ပဲ ဂိုးသွင်း သွားသူတွေကတော့ အန်သိုနီ မာရှယ်နဲ့ ဟာရီမက်ဂူရီတို့ ပါပဲ။ မန်ယူအသင်းက ဒီပွဲမှာ နည်းပညာရဲ့ အကူအညီပေးမှုနဲ့ အနိုင်ရ သွားတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ချယ်လ်ဆီးအသင်း ပြန်သွင်းတဲ့ ၂ဂိုးလုံးက ဘယ်လိုမှ သာမန်မျက်စေ့ နဲ့မမြင် နိုင်လောက် တဲ့အနေအထားပါ။ ချယ်ဆီးရတဲ့ ပထမဂိုးကတော့ နည်းပညာ နဲ့ လှည်ပတ်ပြပေမဲ့ ခေါင်းတစ်လုံးလောက် လူကျွံနေတာဖြစ်ပြီး ဒုတိယဂိုးကလည်း ခြေဖျားကလေးသာ ကျွံနေတာဖြစ်ပါတယ်။ ဗီဒီယိုမှတ်တမ်းနဲ့ ကြည့်ပြီး ဂိုးရသင့် မရသင့် ဆုံးဖြတ်ချက်က ကောင်းမကောင်းက တော့ ဒီပွဲကိုကြည့် တဲ့ ပရိသတ်ကိုယ့်ဖာသာကိုယ် ကြည့်ပြီး ဆုံးဖြတ်ချက် ချကြပါ။

ဒါပေမဲ့ စိတ်မကောင်းစရာ ကတော့ မန်ယူက မက်ဂူရီက ချယ်ဆီး ဘောလုံးသမားကို ကန်လိုက်လို့ ပေါင်တွင်းကြောထိသွားပြီး နာသွားတာကတော့ အနီကတ်ထောင်ချောက် လွတ်သွားပါတယ်။ ဗီဒီယိုမှတ်တမ်းကို နောက်မှပြန်စစိဆေးမယ်ဆိုတော့ လောလောဆယ်မှာ ချယ်ဆီးလ်က ရှုံးသွားပါပြီ။ အဲ့တုန်းကသာ ဗီဒီယိုမှတ်တမ်းကို ကြည့်ပြီး မက်ဂူရီကို အနီကတ်ပေးလိုက်ရင်လည်း ဒီနေ့ဖြစ်တဲ့ အဖြေက ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ်။ ချယ်လ်ဆီးအိမ်ကွင်းမှာ ၁၉၈၈ ကတည်းက အနိုင်မရတဲ့ ရာဇဝင်ကိုတော့ ဆိုးလ်ရှားက ချိုးဖျက်နိုင်ခဲ့ပါပြီ။ ဒီပွဲမှာ မန်ယူက ဝယ်ထားတဲ့ ဖာနန်ဒက်က ပေးထားတဲ့ကြေးနဲ့ တန်အောင်ကစားသွားပါတယ်။ ရတဲ့ဂိုး၂ ဂိုးလုံးက သူ့ဆီကထွက်သွားတာပါ။

မောင်ယဿ REF: bbc photo;telegraph

No Comments

Leave a Reply

Your email address will not be published.

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်
Sport
အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ်

အမေရိကန် ကလေးဂေါက်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ သားတိုက်ဂါးဝုဖ် ကမ္ဘာကျော်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဖ်ရဲ့သား ချာလီ (၁၁နှစ်)က အမေရိကန် ကလေး ဂေါက်ရိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့ ပြီး အဖေ့ခြေရာ ကိုနင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ဖလော်ရီဒါ ပြည်နယ် ပမ်းမြို့ က ဟမ်းမလော့ ခရိ ဂေါက်ကွင်းမှာကျင်းပတဲ့ အမေရိကန် ကလေးများ ဂေါက်ပြိုင်ပွဲမှာ ချာလီက အသာစီး နဲ့ အနိုင်ရခဲ့ပါတယ်။ ၁၁နှစ်အရွယ် ချာလီက ပြိုင်ပွဲဝင်တွေ အားလုံးထက် တာထွက်ကတည်းက ထိပ်ဆုံးမှာ နေခဲ့ပါတယ်။ ပထမ ၉ကျွင်း ရိုက်ချက် ၃၃ ချက်ကို ၃ ချက်လျော့ ပြီး ရိုက်နိုင်ခဲ့ပါတယ်။ ၁၈ကျွင်းရိုက်ပြီးမှာတော့ သူက …

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ
Sport
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ၈ဂိုး ၂ ဂိုးနဲ့ သမိုင်းဝင် ရှုံး သွားတဲ့ ဘာစီလိုနာ မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲတွေထဲ က ပွဲစဉ် တစ်ခုဖြစ်တဲ့ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲ ကစားဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်ပွဲစဉ် သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ်အနေနဲ့ သမိုင်မှတ်တမ်း တစ်ခုကို ရေးထိုးလိုက်တာက ဘိုင်ယန်မြူးနစ် အသင်းပါပဲ။ ပြိုင်ဖက် ဘာစီလိုနာအသင်းကို ၈ဂိုး သွင်းယူလိုက်တာက သမိုင်းမှတ်တမ်း ဝင်သွားပါတယ်။ ဘာစီလိုနာအသင်းကလည်း နှစ်၆၀ ကျော် ထိန်းသိမ်းလာတဲ့ ၁၉၄၆ ခုနှစ်ကတည်းက ဂိုးပြန် မရှုံးဖူးတဲ့ စံချိန်ကို ဒီပွဲမှာ ချိုးပြလိုက်တာပါပဲ။ ပွဲစလို့ ၁၀မိနစ် အတွင်းမှာ …

လာမယ့္ အပတ္ထဲမွာ ကစားမယ့္ ခ်န္ပီယံလိဂ္ ကြာတာဖိုင္နယ္ပြဲစဥ္မ်ား
Sport
လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ

လာမယ့် အပတ်ထဲမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတာဖိုင်နယ်ပွဲစဉ်များ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲ စဉ်တွေထဲက ဒုတိယအကျော့ ပြန်ကန်ပွဲတွေ ကစားပြီးနောက်မှာတော့ စပိန် နာမည်ကြီး ရီရယ်မက်ဒရစ်ကို အင်္ဂလန်ကလပ် မန်စီတီးက အနိုင်ယူပြီး အီတလီက စီရီးအေဘီလူးကြီး ဂျူဗင်တပ်ကို ပြင်သစ်အသင်း လိုင်းယွန်းက အနိုင်ယူခဲ့ကာ ကွာတာဖိုင်နယ်မှာ တွေ့ ဆုံ ကြတော့မှာ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ချန်ပီယံလိဂ် ဘောလုံပွဲတွေ မနားခင် ဖေဖော်ဝါရီလအတွင်းက မန်စီတီးကွင်းမှာ မန်စီတီးက ရီရဲမက်ဒရစ်အသင်းကို ကို ၂-၁ဂိုးနဲ့ အနိုင်ယူ ထားတာကို ရီရဲက အိမ်ကွင်းမှာ အနိုင်အဖြစ် မပြောင်း နိုင်ဘဲ ၂-၁ဂိုးနဲ့ ထပ်ရှုံးလို့ ၂ပွဲပေါင်း …