International-news
Unicode
ဥရောပမှာ လော့ခ်ဒေါင့်ဖြုတ်၊ ရွှေ့ပြောင်းတွေ မဟားဒယားဝင်
ဥရောပ သမဂ္ဂနိုင်ငံတွေမှာ လော့ခ်ဒေါင်းဖြုတ်ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လို့ ရွှေ့ပြောင်းတွေက နယ်စပ်ဂိတ် တွေကို ဖြတ်ပြီး ဥရောပနိုင်ငံတွေဆီကို ဝင်ရောက်လာတာက ကော်ရိုနာဗိုင်ရက် မပြန့်နှံ့စဉ်ကာလထက် ၅ဆပိုများလာတယ်လို့ ဆိုပါတယ် ။
ဥရောပ နယ်စပ်နဲ့ကမ်းခြေစောင့် အေဂျင်စီ ဖြစ်တဲ့ ဖရွန့်တက်စ်က မေလအတွင်းမှာ နယ်စပ်ကို တရားမဝင်ကျော်ဖြတ်ဝင်ရောက်လာတဲ့ ရွှေ့ ပြောင်း ၄၃၀၀ ကို ဖမ်းဆီးမိရတာတယ်လို့ တနလာၤနေ့က ဆိုပါတယ်။ ဧပြီလအတွင်းက တရားမဝင် ဝင်ရောက်ခဲ့တဲ့ ရွှေ့ပြောင်း ၉၀၀ နဲ့ယှဉ်ကြည့်ရင် မေလအတွင်း ၅ဆ တက်လာတယ်လို့ ဆိုရမယ်ဖြစ်ပါတယ် ။
၂၀၂၀ ရဲ့ ပထမ၅ လအတွင်းမှာ ဥရောပနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့တဲ့ ရွှေ့ ပြောင်းက ၃၁၆၀၀ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် အဲ့ဒိ ကာလအတွင်း နဲ့ ယှဉ်ကြည့်ရင် ၆% လောက် ကျဆင်းသွားပါတယ် ။
တရားမဝင်ရွှေ့ပြောင်း ၁၂၇၀၀ က အရှေ့ဖက်မြေထဲပင်လယ်လမ်းကြောင်းကနေ ဝင်ရောက်လာခဲ့ကြတာပါ ။ သူတို့က ပင်လယ်ရေကြောင်းကနေ တူရကီကိုဖြတ်ပြီး ဂရိ နိုင်ငံထဲကို ဝင်ရောက်ခဲ့ကြတာပါ ။ တူရကီကို ဖြတ်ပြီး ဝင်ရောက်တဲ့လမ်းကြောင်းမှာ အဓိကဝင်လာတဲ့သူတွေက အာဖကန်နစ္စတန်က ရွှေ့ပြောင်းတေ ွဖြစ် ပါတယ် ။
ဖရွန့်တက်ရဲ့ မှတ်တမ်းတွေအရ မြေထဲပင်လယ်အလယ်ပိုင်းလမ်းကြောင်းက ဝင်လာတဲ့သူတွေ ကတော့ မြောက်အာဖရိကနိုင်ငံတွေက ဥရောပထဲကို တိုက်ရိုက်ဝင်ရောက်ခဲ့ကြတာပါ။ မေလအတွင်းမှာ ဝင်ရောက်လာခဲ့တဲ့ မြောက်အာဖရိကနိုင်ငံများမှ ရွှေ့ပြောင်း ၁၀၀၀ ကျော်က ပင်လယ်ထဲမှာ လှေစီးပြီး ဝင်ရောက်လာခဲ့ တာပါ။
ဘောလ်ကန်ဒေသ အနောက်ပိုင်းကဝင်ရောက်လာတဲ့ ရွှေ့ပြောင်း ၇၀၀၀နီးပါးက ယမန်နှစ်က အတိုင်း ဝင်ရောက်လာကြတာပါ။ တကယ်တော့ ဒါဇင်ပေါင်းများစွာသော ရွှေ့ပြောင်းတွေက လစ်ဗျား ပင်လယ်ကို ဖြတ်ပြီး ဥရောပကို ဝင်ရောက်လာခဲ့ပေမဲ့ ပင်လယ်ထဲမှာ လှေနစ်ပြီး သေဆုံးသွားသူ ပမာဏက ဥရောပကို ရောက်လာသူ ပမာဏ ထက်ပိုများပါတယ်။ နိုင်ငံတကာ ရွှေ့ပြောင်း အဖွဲ့အစည်း ရဲ့ အဆိုအရ မနှစ်က မြေထဲပင်လယ်ကို ဖြတ်ပြီး ဥရောပကို လာရောက်သူတွေ ထဲမှာ ရွှေ့ပြောင်း ၂၀၀၀၀ကျော်က ပင်လယ်ထဲမှာ ရေနှစ်သေဆုံးခဲ့ရပါတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပုပ်ဖရန်စစ်က ရွှေ့ပြောင်းတွေက အကြမ်းဖက်မှုတွေ သတ်ဖြတ်မှု တွေကြောင့် ပိုပြီး ဒုက္ခရောက်နေကြရပါတယ်။ သူတို့က ဒုက္ခသည် ၊ရွှေ့ပြောင်း ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ နဲ့ စစ်ဘေးရှောင်တွေ အဖြစ်နဲ့ နိုင်ငံရပ်ခြားကို စွန့် ပြီး ထွက်လာကြတာကို သတိပြုမိဖို့အတွက် သက်ဆိုင်ရာ အစိုးရတွေ သတိပြု ပါစေဆိုပြီး ရောမမြို့မှာ မိန့်မှာခဲ့ပါတယ်။
မောင်ယဿ REF: euronews Photo: Euronews
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …