ဥရောပမှာ ဆင်းရဲသားတွေ တိုးလာနေတယ်လို့ ETUC ဆို

ဥရောပမှာ ဆင်းရဲသားတွေ တိုးလာနေတယ်လို့ ETUC ဆို
International-news

ဥရောပမှာ ဆင်းရဲသားတွေ တိုးလာနေတယ်လို့ ETUC ဆို

မောင်ယဿ ( သြဂုတ် ၃ )

ဥရောပကုန်သွယ်ရေး သမဂ္ဂ ကွန်ဖယ်ဒရေးရှင်း ETUC ရဲ့ လေ့လာ တိုင်းတာမှု တွေအရ ဝင်ငွေနည်းတဲ့ မိသားစုတွေ က အားလပ်ရက် ခရီးရှည် ထွက်ဖို့ ကို လုံးဝမတတ်နိုင်တဲ့အပြင် သူတို့ရဲ့မပြည့်စုံမှုတွေက နှစ်စဉ် နှစ်တိုင်း တိုးတက်နေပါတယ်လို့ သိရပါတယ်။

ဝင်ငွေနည်းတဲ့မိသားစု တစ်ဝက်ကျော်က လုံးဝကို ခရီးမထွက် နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ၁၀ စုနှစ်က ဝင်ငွေနည်းတဲ့ မိသားစုတွေမှာ ခရီးရှည်မထွက်နိုင်တာ ၂၈% ပဲရှိပါတယ်။ အရေအတွက်အားဖြင့် ၃၅ သန်းရှိပါတယ်။

မနှစ်က ပြုလုပ်တဲ့ စစ်တမ်းအရ ၆၀% သော ဝင်ငွေနည်းမိသားစုတွေ ခရီးရှည်မထွက်နိုင်တော့ပါဘူး။ ပြောချင်တာက ၁၀ စုနှစ်တစ်ခုအတွင်းမှာ ဥရောပ မှာရှိတဲ့ ဆင်းရဲသား ၂ ဆ တိုးလာတယ်လို့ ဆိုပါတယ်။

အနိမ့်ဆုံးလခ သက်မှတ်ချက်က စံနှုန်းမပြည့်မီတဲ့အတွက် ဝင်ငွေနည်း မိသားစုတွေရဲ့ လူနေမှု အဆင့် အတန်းက ကျဆင်းလာပါတယ်။ ဝင်ငွေနည်းပြီး ဆင်းရဲမှုတာရှည်နေတဲ့ လူဦးရေတွေက စပိန် ( ၄.၇သန်း ) ၊ ဂျာမဏီ ( ၄.၃) ၊ ြ့ပင်သစ် ( ၃. ၆သန်း) နဲ့ ပိုလန် ( ၃.၄ သန်း) ရှိပါတယ်။

ဥရောပမှာ ဆင်းရဲသားတွေ တိုးလာနေတယ်လို့ ETUC ဆို
ဥရောပမှာ ဆင်းရဲသားတွေ တိုးလာနေတယ်လို့ ETUC ဆို

အီတလီမှာ ၇သန်းကျော်ရှိပါတယ် ။အီတလီက ဥရောပမှာ အများဆုံးပါပဲ။ အဲ့ဒိအရေအတွက်က အပိုငွေမဖြုန်းနိုင်တဲ့ လူဦးရေ စာရင်းဖြစ်ပါတယ်။

ဥရေပ မှာ လုံးလုံးဆင်ရဲတဲ့ လူတွေ အများဆုံးရှိတာက ဂရိနိုင်ငံဖြစ်ပါတယ်။ရိုမေနီးယား ၊ ခရိုအေးရှား ၊ဆိုက်ပရက်နဲ့ စလိုဗက်ကီးယား တို့က အစဉ်လိုက် ဆင်းရဲသားများ တဲ့နိုင်ငံတွေဖြစ်ပါတယ်။“ ဥရောပမှာ အနိမ့်ဆုံး လစာသက်မှတ်ချက်က ဆင်းရဲသားတွေနဲ့ ဝင်ငွေနိမ့် မိသားစုတွေကို ဆင်းရဲတွင်းက ဆွဲထုတ်နိုင်ဖို့ ခိုင်မာမှုရှိဖို့လိုနေပါပြီ။

အဲ့လိုမှ မဟုတ်ရင် ဥရောပ စီးပွားရေးဖွံ့ဖြိုး မှုက စိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်” လို့ ETUC ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

အဓိက ပြဿနာတစ်ခုက ဥရောပနိုင်ငံအချို့မှာ ဘုံသဘောတူထားတဲ့ အနိမ့်ဆုံးလုပ်အားခကို ဈေးကစား နေတာပဲဖြစ်ပါတယ။် ၁နာရီကို ၁၃ ယူရို သက်မှတ်ထားပေမဲ့ ဒိန်းမတ်လို နိုင်ငံမျိုးမှာ ၁နာရီ ၂၇ ယူရိုရနေ ချိန်မှာ စလိုဗက်ကီးယားလို နိုင်ငံမျိုးမှာ ၁နာရီ ၅ ယူရို ပဲရပါ တယ်။ အဲ့ဒါကြောင့် ဥရောပ က တဖြည်းဖြည်း ဆင်းရဲသားတွေ များများ လာပါတယ်လို့ ဆိုပါတယ်။

REF: Euronews,Photo:,Credit  bob edme

Zawgyi


မောင်ယဿ ( သြဂုတ် ၃ )








REF: Euronews
Photo: bob edme

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …