ဥပဒေ ချိုးဖောက်မိတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့မြေး ပြည်သူကို တောင်းပန်ပြီ
- By : Phoe Linn
- Category : International-news
- Tags: international news

ဥပဒေ ချိုးဖောက်မိတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့မြေး ပြည်သူကို တောင်းပန်ပြီ
မလေးရှာမှာ ကိုဗစ်ကာလအတွင် ထုတ်ပြန်ထားတဲ့ MCO လို့ အသွားအလာ ထိန်းချုပ်တဲ့ အမိန့်ကို ၁၄ရက် တစ်ခါ ထုတ်ပြန်ပြီးတဲ့ နောက်မှာတော့ ၃လကျော်လို့ ၄လထဲ ဝင်တဲ့အခါမှာ တိုင်းပြည် စီးပွားရေးကို ပြန်လည် တည်ဆောက်ဖို့အတွက် RMCO လို့ ခေါ်တဲ့ နာလံထ ခရီးသွားလာခွင့် အမိန့်ကို ပြင်ဆင် ထုတ်ပြန်ခဲ့ ပါတယ်။
အဲ့ဒိ အမိန့်အရ အရင်က တင်းကျပ်ထားတဲ့ အရာတွေကို တတ်နိုင်သလောက် ဖြေလျှော့ ပေးထားတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင်ပြုချက်နဲ့ ဖွင့်ခွင့်ရတဲ့ ဆိုင်တွေကို ည ၁၂နာရီ နောက်ဆုံးထား ပြီးဖွင့်ရတဲ့ ကာဖြူး အမိန့်ပါ ပါတယ်။
ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာရဲ့ မြေးမလေးနဲ့ ခင်ပွန်းဖြစ်သူက တော့ သြဂုတ်လ ၂၂ရက်နေ့ စနေနေ့ည က မနက် ၂နာရီကျော် ကြာတဲ့အထိ ကွာလာလမ်ပူက ဘားတစ်ခုမှာ အုပ်စုဖွဲ့ အရက်သောက် ခဲ့ကြပါတယ်။
ပတ်ဝန်းကျင်က တိုင်လို့ ရဲတွေက အဲ့ဒိဘားကို ဝိုင်ဝန်း ပိတ်ဆို့ပြီး ဖမ်းတာ လူ ၂၉ယောက် ဖမ်းမိခဲ့ပါတယ်။ သူတို့ မျှော်လင့်မထားမိ လိုက်တာက အဲ့ဒိ အဖမ်းခံရတဲ့ အုပ်စုထဲမှာ မလေးရှားမှာ နာမည်ကြီး သက်တော်ရှည် ဝန်ကြီးချုပ်ဟောင်း မဟာသီယာရဲ့ မြေးမလင်မယားနဲ့ အခြားရာထူးကြီးတွေ ပါမယ် ဆိုတာပါပဲ။
မဟာသီယာရဲ့ သားဖြစ်သူ မူခါရစ်ကတော့ သမီးနဲ့ သားမက်ကို ဥပဒေ မလိုက်နာလို့ အလွန် စိတ်ပျက် ရပါကြောင်း သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားဖော်ပြ ခဲ့ပါတယ်။
အခုတော့ မဟာသီယာရဲ့ မြေးမအယ်လီက သူမရဲ့ အင်စတာဂရမ်မှာ အများပြည်သူ သိအောင် တောင်းပန်စာ ရေးသားခဲ့ပါတယ်။ “ ၂၁ရက်နေ့ ညက ကျမ ပြုလုပ်ခဲ့တဲ့ အပြုအမှုအတွက် ရှင်တို့ကို တောင်းပန်တာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။
ရစ်ဂစ် ၁၀၀၀ ဒဏ်ကြေးက ကျမအတွက် အရေးမကြီးပေမဲ့ အများပြည်သူ စိတ်ငြိုငြင်တာကတော့ ကျမအတွက် အရေးကြီးပါတယ်။ ကျမ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကို ကျမတို့ စုံတွဲက အဖော် ၂ယောက်နဲ့ တက်ခဲ့တာပါ။
မနက် ၁နာရီခွဲ လောက်မှာ ရဲတွေက ကျမတို့ကို ကျန်တဲ့သူတွေနဲ့ ဖမ်းသွားပါတယ်။ မနက် ၅နာရီခွဲမှာ ကျမတို့ကို ဒဏ်ကြေး ၁၀၀၀ စီ ရိုက်ခဲ့ပါတယ်။ ၂၅ရက်နေ့မှာ ကျမတို့ ဒဏ်ကြေး သွားဆောင် ခဲ့ပါတယ်။ ရဲတွေကို ကျမ စိတ်ကွက်စရာ မရှိပါဘူး။
သူတို့ရဲ့ ပရော်ဖက်ရှင် အလုပ်ကို လေးစားပါတယ်။ ရဲတွေက ဘာမှမသိဘဲ ဥပေးချိုးဖောက်တဲ့ သူတွေကို သတ္တိရှိရှိ ဖမ်းခဲ့တာကိုလည်း လေးစားပါတယ်။ ကျမ ကျမရဲ့ မိသားစု သူငယ်ချင်း နဲ့ ရှင်တို့ အားလုံးကို တောင်းပန်ပါတယ်။ အချိန်ကို သတိမထားမိ လိုက်တာ ကျမရဲ့အပြစ်ပါ”လို့ ပြည်သူကို တောင်းပန် ခဲ့ပါတယ်။
သူမက သူမရဲ့ တောင်းပန်စာကို အင်္ဂလိပ်လို ရော မလေးရှားစာနဲ့ ရော ၂မျိုး ရေးပြီး အင်စတာဂရမ်မှာ ရေးတင်ခဲ့တာပါ။
ဆက်စပ်သတင်းလင့်
ဝန်ကြီးချုပ်ဟောင်းရဲ့ မြေးမ ဘားမှာ လူစုပြီး အရက်သောက်လို့ အဖမ်းခံရ
မောင်ယဿ, REF: world of buzz, Photo; remaja
Zawgyi
ဥပေဒ ခ်ိဳးေဖာက္မိတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ေျမး ျပည္သူကို ေတာင္းပန္ၿပီ
မေလးရွာမွာ ကိုဗစ္ကာလအတြင္ ထုတ္ျပန္ထားတဲ့ MCO လို႔ အသြားအလာ ထိန္းခ်ဳပ္တဲ့ အမိန႔္ကို ၁၄ရက္ တစ္ခါ ထုတ္ျပန္ၿပီးတဲ့ ေနာက္မွာေတာ့ ၃လေက်ာ္လို႔ ၄လထဲ ဝင္တဲ့အခါမွာ တိုင္းျပည္ စီးပြားေရးကို ျပန္လည္ တည္ေဆာက္ဖို႔အတြက္ RMCO လို႔ ေခၚတဲ့ နာလံထ ခရီးသြားလာခြင့္ အမိန႔္ကို ျပင္ဆင္ ထုတ္ျပန္ခဲ့ ပါတယ္။
အဲ့ဒိ အမိန႔္အရ အရင္က တင္းက်ပ္ထားတဲ့ အရာေတြကို တတ္ႏိုင္သေလာက္ ေျဖေလွ်ာ့ ေပးထားတာပါ။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ခြင္ျပဳခ်က္နဲ႔ ဖြင့္ခြင့္ရတဲ့ ဆိုင္ေတြကို ည ၁၂နာရီ ေနာက္ဆုံးထား ၿပီးဖြင့္ရတဲ့ ကာျဖဴး အမိန႔္ပါ ပါတယ္။
ဒါေပမဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း မဟာသီယာရဲ႕ ေျမးမေလးနဲ႔ ခင္ပြန္းျဖစ္သူက ေတာ့ ၾသဂုတ္လ ၂၂ရက္ေန႔ စေနေန႔ည က မနက္ ၂နာရီေက်ာ္ ၾကာတဲ့အထိ ကြာလာလမ္ပူက ဘားတစ္ခုမွာ အုပ္စုဖြဲ႕ အရက္ေသာက္ ခဲ့ၾကပါတယ္။
ပတ္ဝန္းက်င္က တိုင္လို႔ ရဲေတြက အဲ့ဒိဘားကို ဝိုင္ဝန္း ပိတ္ဆို႔ၿပီး ဖမ္းတာ လူ ၂၉ေယာက္ ဖမ္းမိခဲ့ပါတယ္။ သူတို႔ ေမွ်ာ္လင့္မထားမိ လိုက္တာက အဲ့ဒိ အဖမ္းခံရတဲ့ အုပ္စုထဲမွာ မေလးရွားမွာ နာမည္ႀကီး သက္ေတာ္ရွည္ ဝန္ႀကီးခ်ဳပ္ေဟာင္း မဟာသီယာရဲ႕ ေျမးမလင္မယားနဲ႔ အျခားရာထူးႀကီးေတြ ပါမယ္ ဆိုတာပါပဲ။
မဟာသီယာရဲ႕ သားျဖစ္သူ မူခါရစ္ကေတာ့ သမီးနဲ႔ သားမက္ကို ဥပေဒ မလိုက္နာလို႔ အလြန္ စိတ္ပ်က္ ရပါေၾကာင္း သူ႔ရဲ႕ အင္စတာဂရမ္မွာ ေရးသားေဖာ္ျပ ခဲ့ပါတယ္။
အခုေတာ့ မဟာသီယာရဲ႕ ေျမးမအယ္လီက သူမရဲ႕ အင္စတာဂရမ္မွာ အမ်ားျပည္သူ သိေအာင္ ေတာင္းပန္စာ ေရးသားခဲ့ပါတယ္။ “ ၂၁ရက္ေန႔ ညက က်မ ျပဳလုပ္ခဲ့တဲ့ အျပဳအမႈအတြက္ ရွင္တို႔ကို ေတာင္းပန္တာ အေကာင္းဆုံး ျဖစ္မယ္လို႔ ထင္ပါတယ္။
ရစ္ဂစ္ ၁၀၀၀ ဒဏ္ေၾကးက က်မအတြက္ အေရးမႀကီးေပမဲ့ အမ်ားျပည္သူ စိတ္ၿငိဳျငင္တာကေတာ့ က်မအတြက္ အေရးႀကီးပါတယ္။ က်မ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ေမြးေန႔ပြဲကို က်မတို႔ စုံတြဲက အေဖာ္ ၂ေယာက္နဲ႔ တက္ခဲ့တာပါ။
မနက္ ၁နာရီခြဲ ေလာက္မွာ ရဲေတြက က်မတို႔ကို က်န္တဲ့သူေတြနဲ႔ ဖမ္းသြားပါတယ္။ မနက္ ၅နာရီခြဲမွာ က်မတို႔ကို ဒဏ္ေၾကး ၁၀၀၀ စီ ႐ိုက္ခဲ့ပါတယ္။ ၂၅ရက္ေန႔မွာ က်မတို႔ ဒဏ္ေၾကး သြားေဆာင္ ခဲ့ပါတယ္။ ရဲေတြကို က်မ စိတ္ကြက္စရာ မရွိပါဘူး။
သူတို႔ရဲ႕ ပေရာ္ဖက္ရွင္ အလုပ္ကို ေလးစားပါတယ္။ ရဲေတြက ဘာမွမသိဘဲ ဥေပးခ်ိဳးေဖာက္တဲ့ သူေတြကို သတၱိရွိရွိ ဖမ္းခဲ့တာကိုလည္း ေလးစားပါတယ္။ က်မ က်မရဲ႕ မိသားစု သူငယ္ခ်င္း နဲ႔ ရွင္တို႔ အားလုံးကို ေတာင္းပန္ပါတယ္။ အခ်ိန္ကို သတိမထားမိ လိုက္တာ က်မရဲ႕အျပစ္ပါ”လို႔ ျပည္သူကို ေတာင္းပန္ ခဲ့ပါတယ္။
သူမက သူမရဲ႕ ေတာင္းပန္စာကို အဂၤလိပ္လို ေရာ မေလးရွားစာနဲ႔ ေရာ ၂မ်ိဳး ေရးၿပီး အင္စတာဂရမ္မွာ ေရးတင္ခဲ့တာပါ။
ေမာင္ယႆ, REF: world of buzz, Photo; remaja
No Comments