ဥဇဘတ် ကို ဝင်လာတဲ့ အာဖဂန် တိုက်လေယာဉ်ကို ပစ်ချ

ဥဇဘတ် ကို ဝင်လာတဲ့ အာဖဂန် တိုက်လေယာဉ်ကို ပစ်ချ
International-news

ဥဇဘတ် ကို ဝင်လာတဲ့ အာဖဂန် တိုက်လေယာဉ်ကို ပစ်ချ

မောင်ယဿ ( သြဂုတ် ၁၆ )

တာလီဘန်တွေ က အာဖဂန်မြို့ တော် ကဘူးကို သိမ်းပြီးနောက်မှာ အာဖဂန်စစ်တပ်က အနောက်ဖက်ခရိုင် ဖြစ်တဲ့ ဝါဇီရာအက္ကာဘာခန် ကို ပြောင်းရွှေ့သွားပါတယ်။ အဲ့ဒိမှာ က အရင်ကတည်းက အမေရိကန်နဲ့ အနောက်အုပ်စုက အာဖဂန်စစ်သားတွေ ကို သင်တန်းပေးတဲ့ စစ်ဌာနချုပ် တစ်ခုရှိပါတယ်။

ဒီနေ့မနက်မှာ အာဖဂန်စစ်တပ်က တိုက်လေယာဉ်တစ်စီး ဥဇဘတ်ကစ္စတန် နိုင်ငံထဲကို ကျွံဝင်လာတဲ့ အတွက်ကြောင့် ဥဇဘတ်ကစ္စတန် ကာကွယ်ရေး ဌာန က ပစ်ချဖို့ အမိန့်ပေးလိုက်လို့ ပစ်ချခဲ့တယ်လို့ သိရပါတယ်။

အာဖဂန် တိုက်လေယာဉ်က နယ်စပ်ကိုကျော်ဖြတ်ပြီး ဝင်ရောက်လာလို့ ဥဇဘတ်က သတိပေးတာကို ပြန်မလှည့်ဘဲ ဆက်ပြီးကျွံလာလို့ ပစ်ချလိုက် တာလို့ ဥဇဘတ်ကာကွယ်ရေးဝန်ကြီးဌာနကပြောခွင့်ရ ပုဂ္ဂိုလ် ဘာရွန်ဇယ်ဖီကိုရော့ဗ် ကပြောပါတယ်။

တိုက်လေယာဉ်က နယ်စပ်မျဉ်းရှိတဲ့ ဥဇဘတ် ဆာစွန်ဒါရိုပြည်နယ် ထဲမှာ ပျက်ကျသွားပါတယ်။ အဲ့ဒိပြည်နယ်က ၂နိုင်ငံနယ်စပ်စည်း ကို ခွထားပါတယ်။ “ ကျနော်တို့ ဆီကို တရားမဝင် ဝင်ရောက်လာတာပါ။ တားဆီးဖို့ကြိုးစားပါသေးတယ်” လို့ ဇယ်ဖီကိုရော့ဗ် က ဆိုပါတယ်။

လက်ရှိကတော့ ဘယ်လိုအမျိုးအစား တိုက်လေယာဉ်ဖြစ်ကြောင်းကို အသေးစိတ် ရှင်းလင်းမှု မရှိသေးပါဘူး။ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်း လို့ ဆိုပါတယ်။ “ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်တုန်းပါ။ အသေးစိတ်ကို မကြာခင်မှာ ကြေညာပေးပါမယ်။

ကျနော်တို့ဖက်က မလုပ်သင့်တာတွေ တစ်ခုမှ မလုပ်ခဲ့ပါဘူး” လို့ ရုရှား အစိုးရပိုင် ရုပ်သံဖြစ်တဲ့ TASS ကနေ ကြေညာခဲ့တာပါ။

ဥဇဘတ်က ပစ်ချလိုက်တဲ့ တိုက်လေယာဉ်က တာလီဘန်တွေကို တိုက်ခိုက်ဖို့အတွက် သွားတဲ့ လေယာဉ်ဟုတ်မဟုတ်နဲ့ လေကြောင်းထိုးစစ်တွေ လုပ်မလုပ်က အမျိုးအမည် ခွဲ မရသေးဘူးလို့ လည်း ဆိုပါတယ်။

REF: UPI,Photo :Credit  UPI

Zawgyi


ဥဇဘတ် ကို ဝင်လာတဲ့ အာဖဂန် တိုက်လေယာဉ်ကို ပစ်ချ
ဥဇဘတ် ကို ဝင်လာတဲ့ အာဖဂန် တိုက်လေယာဉ်ကို ပစ်ချ

မောင်ယဿ ( သြဂုတ် ၁၆ )



ဥဇဘတ် ကို ဝင်လာတဲ့ အာဖဂန် တိုက်လေယာဉ်ကို ပစ်ချ1



ဥဇဘတ် ကို ဝင်လာတဲ့ အာဖဂန် တိုက်လေယာဉ်ကို ပစ်ချ2




REF: UPI
Photo : UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ
International-news
လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ

လေထဲက ကာဗွန်တွေကိုစုပ်ဖို့ အစ္စရေးက နည်းပညာမြင့် မိုးပျံပူဖောင်းကြီးတွေ လွှတ်တင်ဖို့ စီစဉ်နေ မောင်ယဿ ( နိုဝင်ဘာ ၅ ) ကမ္ဘာကြီး ပူနွေးလာစေရန် လုပ်နေတဲ့ ကမ္ဘာ့လေထုအပေါ်လွာမှာ ရှိတဲ့ ကာဗွန်တွေကို စုပ်ယူဖို့အတွက် နည်းပညာ မြင့်မိုးပျံပူဖောင်း ကြီးတွေကို လွှတ်တင်ဖို့ အစ္စရေးက စမ်းသက်မှုတွေလုပ်နေပါတယ်။ ကမ္ဘာ့လေထုထဲကို ကာဗွန်တွေကို စုတ်ယူပြီး ပြန်လည် အသုံးပြုလို့ရတဲ့ နည်းပညာတစ်ရပ်ကို တီထွင်နိုင်ပြီ ဖြစ်ပေမဲ့ စမ်းသက်မှုတွေ လုပ်ရဦးမှာပါ။ လောလောဆယ် ပထမဦးဆုံး တစ်လုံးကို စမ်းသက်လွှတ် တင်ထားပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ကို စိုက်ပျိုးရေး စက်မှုလုပ်ငန်းတွေနဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကနေ ထုတ်လွှတ်ပေးလိုက်တာပါ။ လက်ရှိ ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ ပူနွေးလာမှုရဲ့ …

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ
International-news
သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ

သူပုန်တွေ ချီတက်လာလို့ အီသီယိုပီးယားမှာ အရေးပေါ်အခြေအနေကြေညာ မောင်ယဿ ( နိုဝင်ဘာ ၃ ) တိုက်ဂရေးဒေသ မြောက်ပိုင်းမှာနေတဲ့ သူပုန်တွေတပ်က မြို့ တော်နားအထိ ချီတက်လာတဲ့ အတွက် တိုင်ပြည်အရေးပေါ်အခြေအနေ ကြေညာကြောင်း အီသီယိုပီးယား အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။ တိုက်ဂရေးပြည်သူ့လွတ်မြောက်ရေး တပ်ဦး (TPLF) ရဲ့ တပ်တွေက မြို့တော် အက်ဒစ်အာဘာဒါ ကို သွားတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ဒက်ဆီနဲ့ ကွန်ဘော်ချာမြို့တွေကို သိမ်ပိုက်ထားလိုက်ပါပြီ။ သူပုန်တပ်တွေ ချီတက်လာပြီဖြစ်လို့ မြို့တော်အနီးတဝိုက် နဲ့ မြိုကတော်နေ ပြညသူများ ရရာလက်နက်စွဲကိုင်ပြီး သူပုန်တွေ ကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ကြပါဆိုပြီး ဝန်ကြီးချုပ် အာဘီယီအာမက် က သတိပေးနှိုးဆော်ထားပါတယ်။ …

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ
International-news
ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ

ဂျပန်တော်ဝင်မင်းသမီးမာကိုက အချစ်အတွက်နဲ့ ဒီကနေ့ နန်းမွေစွန့်လိုက်ပါပြီ ရင်ငြိမ်းနွေ ( အောက်တိုဘာ ၂၆ ) အချစ်ဆိုတဲ့အရာဟာ တော်တော်ထူးဆန်းတဲ့အရာပါ။ အသက်အရွယ် ရုပ်ရည် အဆင့်အတန်းတွေကို ကျော်ဖြတ်ပြီး သူချစ်ချင်တဲ့ အရာကိုချစ်အောင် လုပ်ပစ်လိုက်တာချည်းပါပဲ။ ဒီကနေ့ ဂျပန်တော်ဝင်မင်းသမီးမာကို ( ၃၀ နှစ်) က သူမရဲ့ချစ်သူ သာမန်အရပ်သား ကိုင်းကိုမူရိုနဲ့ စည်ပင်ရုံးမှာ လက်ထပ်လိုက်ပါပြီ။ ကိုမူရိုက နယူးယောက်ခ်ဥပဒေကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်ပါ။ တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်တဲ့ မာကိုက အရပ်သားကိုမူရိုကို လက်ထပ်လိုက်တဲ့အတွက်ကြောင့် သူမရဲ့ တော်ဝင်နန်းမွေကို စွန့်လွှတ်လိုက်ရပါတယ်။ ဂျပန်ဘုရင် နာရူဟီတို ရဲ့တူမဖြစ်သူ မင်းသမီးမာကိုက အကြီးဆုံးနန်းမွေခံမင်းသမီး ဖြစ်ပါတယ်။ သူမက နန်းတော်အဆောင်မှူးတွေအကူအညီနဲ့ စည်ပင်ရုံးမှာ လက်ထပ်ခဲ့တာပါ။ …