ဤအစားအစာများသည်”””
ဤအစားအစာများသည်''''''
Uncategorized
ဤအစားအစာများသည်”””
ထော ပတ် သီး””
ဗာ ဒံ စေ့””’
သံ လွင် ဆီ”””
ဖ ရဲ သီး”’
သင့် ကျန်းမာခြင်းဟာ သင့် စားသောက်နေထိုင်မှူ အပေါ်မှာတည်နေတာမို့ အစာကို ဆေးဝါးလို မှီဝဲကြပါစို့…..
စန္ဒီမြင့်မိုရ်#
Unicode
ဤအစားအစာများသည်”””
အစာလည်းဆေး ဆေးလည်း အစာဆိုသည့် စကားအတိုင်း အချို့သော အစားအစာ များသည် ဆေးဝါး မှီဝဲစရာ မလိုလောက်အောင် သင့် ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်ပါတယ်။
ထော ပတ် သီး””
များစွာသော လေ့လာသူများ ရဲ့ ပြောဆိုမူှအရ ထောပတ်သီးဟာ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်တွေကို လျော့ချ စေနိုင်ပါတယ်လို့ ဆိုပါတယ်။ သွေးထဲမှာ မကောင်းသောကိုလက်စထရောတွေ များလာခဲ့ရင် သွေးကြော နံရံတစ်လျှောက်မှာ သွေးအခဲအဖတ်များ ပိတ်ဆို့ နိုင်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင်အီးက ကိုလက်စထရော ဓာတ်တိုးမူှ မဖြစ်အောင် ကာကွယ်ပေးပြီး သူ့မှာပါဝင်တဲ့ ပိုတက်စီယမ်က သွေးဖိအား ကျဆင်းအောင် ကူညီပေးနိုင်ပါတယ်။
ဗာ ဒံ စေ့””’
ဗာဒံစေ့ဟာ မိမိတို့ အနီးအနားမှာ အလွယ်တကူ ရရှိနိုင်တဲ့ အရာဖြစ်ပြီး ငွေကုန်ကြေးကျ သက်သာစေတဲ့ ဆေးနည်းကောင်း တစ်လက်ဖြစ်ပါတယ်။ ဗာဒံစေ့ကို အသင့်အတင့် စားသုံးုခြင်းဟာ နှလုံးကျန်းမာရေးကို အကျိုးကို အထူးပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ သုတေသနအရ ကိုယ်တွင်း မကောင်းတဲ့ ကိုလက်စထရောကို ၁၅ ရာခိုင်နူှန်းထိ လျော့ချနိုင်တယ်လို့ ၂၀၀၂ ခုနှစ် လေ့လာမူှ မှတ်တမ်းအရ သိရပါတယ်။ ဗာဒံစေ့မှာ မပြည့်ဝဆီ များစွာပါဝင်တဲ့ အတွက်ကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက်စထရောကို မြှင့်တင်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဗာဒံစေ့မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ် တွေက သွေးခဲဖတ်တွေ မဖြစ်အောင် ကူညီတဲ့အတွက် သွေးဖိအားကို တည်ငြိမ်မူှ ရရှိစေတယ်လို့ ဆိုပါတယ်။ တစ်ပတ်ကို ဗာဒံစေ့ လက်သုံးဆုပ်စာခန့် စားသုံးပေးပါလို့ ဆိုပါတယ်။
သံ လွင် ဆီ”””
သံလွင်ဆီဟာ လူသားအကျိုးပြု ဆီတစ်မျိုး ဖြစ်ပါတယ်။ သံလွင်ဆီ (extra virgin olive oil) က နှလုံး ကျန်းမာရေးအတွက် အလွန် ကောင်းမွန်ပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ ပေါ်လီဖီနော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းနဲ့ မပြည့်ဝဆီတွေကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရောကို မြှင့်တင်ပေးပါတယ်။သွေးတွင်း သွေးခဲဖတ်စုဆောင်းမူှကိုလည်း လျော့နည်းအောင် ကူညီနိုင်ပါတယ်။ ဟင်းချက်ရင် သံလွင်ဆီဟာ အကောင်းဆုံးပါ။
ဖ ရဲ သီး”’
ဖရဲသီးဟာ ရာသီမရွေး ရနိုင်တဲ့ သီးနှံမျိူးဖြစ်ပြီး လူကို များစွာအကျိုးပြုတဲ့ အစာလည်းဖြစ်ပါတယ်။ သွေးကြော ကျန်းမာရေးအတွက် အကောင်းဆုံးသော အသီးမျိုး ဖြစ်ပါတယ်။ ကန်တက်ကီတက္ကသိုလ်မှ သုတေသီတို့ အဆိုက ဖရဲသီးဟာ သက်ရှိ သတ္တဝါတို့ရဲ့ သွေးကြောထဲမှာ သွေးခဲဖတ် စုဆောင်းမူှ နည်းအောင် ကူညီပေးတယ်လို့ ဆိုပါတယ်။ ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နို အက်ဆစ် L. citrulline က သွေးဖိအား လျော့နည်းစေတယ်လို့ ဆိုပါတယ်။ နိုက်ထရစ် အောက်ဆိုဒ် ထုတ်လုပ်မူှကို လူံှ့ဆော်ပေးပြီး သွေးကြောတွေ ကျယ်လာအောင် အထောက်အကူ ပေးနိုင်ပါတယ်။ သွေးထဲက အဆီ အချိုးအစားကို မျှတအောင် ကူညီပေးပြီး ဝမ်းဗိုက်အဆီကို လျော့ချပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်း ရောဂါကို ကာကွယ် ပေးနိုင်ပါတယ်။ နေ့စဉ် ဖရဲသီး ဖျော်ရည်တစ်ခွက်ခန့် သောက်သုံးပါ။ ဖရဲသီး များများစားသုံးပါ။
သင့် ကျန်းမာခြင်းဟာ သင့် စားသောက်နေထိုင်မူှ အပေါ်မှာတည်နေတာမို့ အစာကို ဆေးဝါးလို မှီဝဲကြပါစို့…..
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို
Uncategorized
ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို
ဘရာဇီးက သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့လို့ တရုတ်ကဆို တရုတ်နိုင်ငံ ရှန်ဇန် ဒေသဆိုင်ရာ အစိုးရက ဘရာဇီးကနေ သွင်းတဲ့ ရေခဲရိုက် ကြက်တောင်ပံတွေမှာ ကော်ရိုနာဗိုင်းရက်စ် တွေ့လို့ စားသုံးသူတွေ အနေနဲ့ အထူး သတိထားပြီး ဝယ်ယူကြဖို့အတွက် နှိုးဆော်ချက် ပြုထားပါတယ်။ ရေခဲရိုက် ပင်လယ်စာတွေ နဲ့အတူ တွဲပြီး သင်္ဘောပေါ်က ချလာတဲ့အတွက် ကြက်တောင်ပံတွေကို ထုတ်ထားတဲ့ အထုတ်တွေမှာ ကော်ရိုနာ ဗိုင်းရက်စ်တွေ ပါရှိလာပါတယ်လို့ အာဏါပိုင်တွေက ဆိုပါတယ်။   သင်္ဘောတင်တုန်းက သေသေချာချာ စစ်ဆေးပြီးမှ တင်တာ ဖြစ်ပေမဲ့ ဆိပ်ကမ်း အတင်အချ လုပ်တဲ့ အခါမှာ ရောဂါပိုးတွေ ကူးစက် …
ဝိတ်လော့်ဖို့ဆိုတာ
Health
ဝိတ်လျော့ဖို့ဆိုတာ
zawgyi ဝိတ်လျော့ဖို့ဆိုတာ … … .. ။ ။ အခုလိုကာလမျိုးမှာ အမျိုးသမီးအများစုဟာ အိမ်ထဲမှာအနေများနေကြတာမို့ ကိုယ်အလေးချိန်တက်နေမှာမလွဲပါ ။ ကိုယ်အလေးချိန်ကျဆင်းဖို့ အချိန်အများကြီးပေးပြီးလည်း မလုပ်ဆောင်နိုင်တာမို့ အချိန်ပေးရသက်သာပြီး လိုက်နာရလွယ်ကူမဲ့ နည်းစနစ်လေးများ ကို ညွှန်ပြပေးချင်ပါတယ် ။ သင့်အနေနဲ့ ကိုယ်အလေးချိန်ကို သဘာဝနည်း နဲ့လျှော့ချနိုင်ဖို့ဆိုစိတ်ရှည်ဖို့တော့လိုနေတာပေါ့ ။ ကိုယ်အလေးချိန်ကို အောင်မြင်စွာလျှော့ချနိုင်သူတွေကို သင်လေ့လာကြည့်ပါ ။ သူတို့မှာသူများနဲ့မတူတဲ့ အလေ့အထတွေပိုင်ဆိုင်တာကို တွေ့ရပါလိမ့်မယ် ။ ကဲလေ့လာကြည့်ကြပါစို့…. ။ ။ နေ့စဉ်အချိန်တွေထဲမှာ … … … ။ ။ သင့်ရဲ့နေ့စဉ်အချိန်တွေထဲမှာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုကို ပြုလုပ်ပေးခြင်းအားဖြင့် ရှိနေတဲ့ကိုယ်အလေးချိန်ကို လျှော့ချပေးရုံမက ကိုယ်အလေးချိန်ကို တက်မလာစေဖို့လည်း …
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ
Uncategorized
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ တနင်္လာနေ့ထုတ် သဘာဝသိပ္ပံ ဂျာနယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်၁သောင်းခွဲကျော်က ပင်လယ်ရေတွေကို ရေခဲအဖြစ် ပြောင်းလဲပြီး လျော့ နည်းသွားစေတဲ့ ဖြစ်ရပ်မျိုးကို ပြန်လည် တွေ့ရှိခဲ့ကြတယ်လို့ ဆိုတယ် ။ အရင်က အဲ့ဒိသဘောတရားနဲ့ဆန့်ကျင်တဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ခဲသွားတဲ့ရေတွေ က ပြန်ပြီး အရည်ပျော်လာတာကနေ ပြန်ပြီးခဲလာတဲ့ အဖြစ်ကို တွေ့ရှိနေရတယ်လို့ သုတေသနသမားတွေက ဆိုကြပါတယ်လို့ ပါရှိပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်း၈ထောင်ကျော် ရေခဲခေတ် အလွန်မှာ လေထုထဲမှာ ရှိတဲ့ ကာဗွန် ပမာဏက ပြန်လည် မြင့်တက်လာခဲ့ပါတယ် …