Health
ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခြင်းကြောင့် ဦးနှောက် သိမှတ်မှူဆိုင်ရာ စွမ်းရည် ကျဆင်းကာ အသက်အရွယ် ကြီးလာချိန်တွင် သူငယ်ပြန် ရောဂါဝေဒနာ (Dementia) ဖြစ်နိုင်ကြောင်း လေ့လာသူများမှ ထပ်မံ တွေ့ရှိထားခြင်း ဖြစ်ပေသည်။
ဆေးလိပ် လုံးဝ မသောက်သည့် သူများနှင့် ရံဖန်ရံခါ သောက်သူများ သောက်ပြီးနောက် ဆေးလိပ်ကို ဖြတ်လိုက်သူများတွင် သူငယ်ပြန်ရောဂါ ဖြစ်နိုင်ချေ လျော့နည်းကြောင်း လေ့လာ တွေ့ရှိမှူအရ သိရသည်ဟု ဆိုပါသည်။
ဆေးလိပ် သောက်ခြင်းကြောင့် နှလုံး ကျန်းမာရေး ထိခိုက်မှူများ ရရှိစေပြီး ထိုဆိုးကျိုးများ မှတစ်ဆင့် ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လုံးဝထိခိုက်နိုင်ကြောင်း နောက်ဆုံး လေ့လာ တွေ့ရှိမှူများအရ သိရှိရပေသည်။
"ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက် နိုင်ပါသည်"1
အဓိက အကျဆုံးသော ကိစ္စရပ်ဖြစ်သည့် ခန္ဓာကိုယ် တစ်ခုလုံးဆီသို့ သွေးလှည့်ပတ် စီးဆင်းမှု ရှိစေရန်အတွက် မိမိတို့၏ နှလုံးသွေးကြောများ မှတစ်ဆင့် ညှစ်ထုတ်ပေးရခြင်း ဖြစ်သည့်အခါ ဆေးလိပ်သောက်ခြင်းကြောင့် ထိုသွေး ညှစ်ထုတ်နိုင်မှူ စွမ်းအား ကျဆင်းလာသည်။
ထို့ကြောင့် ဆေးလိပ်သောက်သည့် အလေ့အကျင့် နှစ်များစွာ ကြာလာခြင်းနှင့်အမျှ အသက်အရွယ် ကြီးရင့် အိုမင်းလာသည့် အချိန်တွင် ဦးဏှောက် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများကို တွေ့ကြုံ ခံစားလာရမည် ဖြစ်ပြီး မှတ်ဉာဏ် ချို့ယွင်းမှူ ပြဿနာတို့ကို ရင်ဆိုင် နိုင်ရပေသည်ဟု သုတေသန ပညာရှင်များ၏ နောက်ဆုံး တွေ့ရှိချက်များတွင် အတိအလင်း ဖော်ပြထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
#စန္ဒီမြင့်မိုရ်
Unicode
အရွယ်အိုမင်းခြင်းနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာအချို့
“ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက် နိုင်ပါသည်” ဆိုသည့် ထိုစကားရပ်သည် အမှတ်တမဲ့ ကြည့်လျှင် ဘာမှ မလေးနက် ပေါပေါ့ပါးပါးလေး ရေးသားထားသည်ဟု ထင်ရပေမည်။ စေ့စေ့စပ်စပ် လေ့လာ ကြည့်မှသာ အမှန်တစ်ကယ် ကျန်းမာရေး ကိစ္စများအား ထိခိုက်နိုင်သည်ကို များစွာ သိရပေလိမ့်မည် ဖြစ်ပါသည်။
ငယ်ရွယ်စဉ် ကထဲက ဆေးလိပ်အား စွဲမဲစွာ သောက်လေ့ရှိသော သူများသည် အသက်အရွယ် ကြီးရင့်လာသည့် အခါတွင် ဦးနှောက် ကျန်းမာရေးနှင့် ဦးနှောက် မှတ်ဉာဏ်များအား အလွန်ပင် ထိခိုက်နိုင်ကြောင်းကို ဆိုးလ်အမျိုးသားတက္ကသိုလ်မှ သုတေသီတို့ ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်ခြင်းကြောင့် ဦးနှောက် သိမှတ်မူှဆိုင်ရာ စွမ်းရည် ကျဆင်းကာ အသက်အရွယ် ကြီးလာချိန်တွင် သူငယ်ပြန် ရောဂါဝေဒနာ (Dementia) ဖြစ်နိုင်ကြောင်း လေ့လာသူများမှ ထပ်မံ တွေ့ရှိထားခြင်း ဖြစ်ပေသည်။
ဆေးလိပ် လုံးဝ မသောက်သည့် သူများနှင့် ရံဖန်ရံခါ သောက်သူများ သောက်ပြီးနောက် ဆေးလိပ်ကို ဖြတ်လိုက်သူများတွင် သူငယ်ပြန်ရောဂါ ဖြစ်နိုင်ချေ လျော့နည်းကြောင်း လေ့လာ တွေ့ရှိမူှအရ သိရသည်ဟု ဆိုပါသည်။
"ဆေးလိပ် သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက် နိုင်ပါသည်"2
ဆေးလိပ် သောက်ခြင်းကြောင့် နှလုံး ကျန်းမာရေး ထိခိုက်မူှများ ရရှိစေပြီး ထိုဆိုးကျိုးများ မှတစ်ဆင့် ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးကို လုံးဝထိခိုက်နိုင်ကြောင်း နောက်ဆုံး လေ့လာ တွေ့ရှိမူှများအရ သိရှိရပေသည်။
အဓိက အကျဆုံးသော ကိစ္စရပ်ဖြစ်သည့် ခန္ဓာကိုယ် တစ်ခုလုံးဆီသို့ သွေးလှည့်ပတ် စီးဆင်းမှု ရှိစေရန်အတွက် မိမိတို့၏ နှလုံးသွေးကြောများ မှတစ်ဆင့် ညှစ်ထုတ်ပေးရခြင်း ဖြစ်သည့်အခါ ဆေးလိပ်သောက်ခြင်းကြောင့် ထိုသွေး ညှစ်ထုတ်နိုင်မူှ စွမ်းအား ကျဆင်းလာသည်။
ထိုအခါ ဦးနှောက်သို့ သွေးရောက်ရှိမူှ လျော့နည်းသွားပြီး လိုအပ်သော အာဟာရ ဓာတ်များနှင့် အောက်ဆီဂျင်တို့ကို ပြည့်ဝစွာ မရရှိနိုင်တော့ပေ။ ထို့ကြောင့် ဦးနှောက်၏ ကျန်းမာခြင်းမှာ လျော့နည်း လာရပေတော့သည်။
ထို့အပြင် ဆေးလိပ်သောက်ခြင်းသည် သွေးကြောများအား ကျဉ်းမြောင်း မာကျောခြင်းကို ဖြစ်စေသည့်အတွက် ဦးနှောက် ကျန်းမာရေး ဆုတ်ယုတ်လာခြင်း ဖြစ်ပေသည်။ ဆေးလိပ်တွင် ပါဝင်သော ဆေးရွက်ကြီးသည်လည်း ဦးနှောက်၏ တစ်သျှုးများကို ထိခိုက် ပျက်စီးစေပြန်ပေသည်။
ထို့ကြောင့် ဆေးလိပ်သောက်သည့် အလေ့အကျင့် နှစ်များစွာ ကြာလာခြင်းနှင့်အမျှ အသက်အရွယ် ကြီးရင့် အိုမင်းလာသည့် အချိန်တွင် ဦးဏှောက် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများကို တွေ့ကြုံ ခံစားလာရမည် ဖြစ်ပြီး မှတ်ဉာဏ် ချို့ယွင်းမူှ ပြဿနာတို့ကို ရင်ဆိုင် နိုင်ရပေသည်ဟု သုတေသန ပညာရှင်များ၏ နောက်ဆုံး တွေ့ရှိချက်များတွင် အတိအလင်း ဖော်ပြထားသည်ကို လေ့လာ တွေ့ရှိရပေသည်။
ကျန်းမာရေးအတွက် မိမိကိုယ်တိုင် ဂရုစိုက်ကြနိုင်ပါစေလို့…….
#စန္ဒီမြင့်မိုရ်
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …