Health
အစားအစာများစားသုံးသည့်အခါသတိထားရမဲ့ စားသောက်မှူ သတိထားရမဲ့ အစားအစာ စသည်တို့ကိုသင်သိထားသင့်ပါတယ်။သို့မှသာ သင့် ဘဝ တစ်သက်တာ ကျန်းမာရေး လုံခြုံမှူကို ရ ရှိ နိုင် မှာ ဖြစ် ပါ တယ်။
စန္ဒီမြင့်မိုရ်#
Unicode
အန္တရာယ်ရှိနိုင်သောအစားအစာ””
အစားအစာများစားသုံးသည့်အခါသတိထားရမဲ့ စားသောက်မူှ သတိထားရမဲ့ အစားအစာ စသည်တို့ကိုသင်သိထားသင့်ပါတယ်။သို့မှသာ သင့် ဘဝ တစ်သက်တာ ကျန်းမာရေး လုံခြုံမူှကို ရ ရှိ နိုင် မှာ ဖြစ် ပါ တယ်။
ပထမဦးစွာပြောပြချင်တာကတော့””’
မကျက်သေးသည့်ဘာဂါကိုစားသုံးခြင်းအကြောင်းပဲဖြစ်ပါတယ်။မကျက်သေးတဲ့ဘာဂါများဟာ မကျက်သေးတဲ့ အသားတို့ထက် အန္တရာယ်ပိုရှိနိုင်တယ်လို့ ဆိုထားပါတယ်။အမဲသားကို သတ်မှတ်ထားတဲ့အပူချိန်ထိတိုင်ကင်နိုင်ခဲ့ရင် အန္တရာယ်ကင်းတယ်လို့ဆိုပါတယ်။အဲ့ဒီ့အသားကိုပဲ ဘာဂါအနေနဲ့စားသုံးမယ်ဆိုရင်တော့ အာနိသင်မတူတော့ပါ။ပုံမှန်အားဖြင့်အသားရဲ့မျက်နှာပြင်မှာ ရောဂါဖြစ်စေတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပစ္စည်းများဟာ အသားကို ကြိတ်ချေ လိုက် တဲ့ အခါ အသားရဲ့ မျက်နှာပြင် အနှံ ပျံ နှံ ရောက် ရှိ သွား ပါ တယ်။
ဒီလိုမျိုးအသားကိုကြိတ်ချေထားတဲ့အခါပျံ့နှံနေတဲ့ မကောင်းတဲ့ရောဂါရစေမဲ့အရာများကို အပူချိန်လိုအပ်သလောက်ပေးပြီးသတ်မပစ်နိုင်တဲ့အတွက် ဘာဂါဟာသင့်ကို အစာအဆိပ်သင့်ခြင်းဝေဒနာဖြစ်စေပါလိမ့်မယ်။အဲ့ဒါကြောင့်မို့ သုတေသီများရဲ့ ဆိုလိုချက်မှာကျက်အောင် ကင်ထားတဲ့ အသားကင်ထားတဲ့ အသားကင်များထက် ကျက် အောင် ချက် မ ထား တဲ့ ဘာ ဂါ ဟာ ပို ပြီး အန္တရာယ် များ ကြောင်း ဆို ထား တာ ပဲ ဖစ် ပါ တယ်။
အမှန်တစ်ကယ် စားသုံးသင့်တဲ့ နည်းစနစ်ကတော့အန္တရာယ်ကင်းဝေးစေအောင်လို့ အသားများကို ၁၆၀ ဒီဂရီ ဖာရင်ဟိုက်အပူချိန်ထိ ရောက်အောင် ချက်ပြုတ်ပြီးမှသာ စားသုံးရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။အပေါ်ယံကျက်ရုံလောက်သာအပူပေးထားတဲ့အသားကင်များ ၊ ကြိတ်ချေအပူပေးထားတဲ့ အသားနဲ့ပြုလုပ်ထားတဲ့ဘာဂါများ မှာ ဘက်တီးရီးယားတွေ အသေစေနိုင်တဲ့အတွက် အန္တရာယ်ရှိတဲ့ အစားအစာသာဖြစ်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
နောက်ထပ်သိစေဖို့ကတော့””’
အပျင်းဝြေားတဲ့ပီကေ နဲ့ အပေါ်ယံအုပ်ထားလေ့ရှိတဲ့ မရိုးနိစ် စတဲ့ အစားအစာတွေထဲမှာ လူကိုဘယ်လိုအန္တရာယ်ပေးစေသလဲဆိုတာပါပဲ။ပညာရှင်တို့ရဲ့တွေ့ရှိချက်အရ ပီကေနဲ့ အရိုးနိစ်တို့အထဲမှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အန္တရာယ်တွေရှိနေတယ်လို့ဆိုပါတယ်။သူတို့ထဲမှာပါဝင်နေတဲ့ E171လို့ဖော်ပြထားတဲ့ titanium dioxide ဟာ အူမှာရှိနေတဲ့ သဘာဝဘက်တီးရီးယားတွေကိုအန္တရာယ်ဖြစ်စေနိုင်ပါတယ်လို့ဆိုထားပါတယ်။
ဆစ်ဒနီတက္ကသိုလ်ရဲ့ သုတေသီအဖွဲ့ရဲ့ကြွက်များနဲ့စမ်းသပ်တွေ့ရှိချက်အရအဖြူရောင်ကိုဖြစ်စေအောင်ထည့်သွင်းထားတဲ့ ပါဝင်ပစ္စည်းတွေကြောင့်လို့ဆိုပါတယ်။ ထိုအဖြူရောင်ဖြစ်စေသည့်ပါဝင်ပစ္စည်းများထည့်သွင်းထားတဲ့အစားအစာများဟာဆိုရင်အူမကြီးနဲ့သက်ဆိုင်တဲ့ရောဂါတွေသာမက ကင်ဆာရောဂါဖြစ်စေမူှကိုလည်းအားကောင်းစေပါတယ်လို့ ဆိုထားပါတယ်။Titanium dioxide ကို သွားတိုက်ဆေး ၊ အိမ်သုတ်ဆေးနဲ့ နေရောင်ကာခရင်မ် တို့လို ထုတ်ကုန်ပစ္စည်းများဖြစ်သောအမျိုးပေါင်း ၉၀၀ကျော်ခန့်မှာပမာဏများပြားစွာ ထည့်သွင်းအသုံးပြုလေ့ရှိကြတယ်လို့ဆိုပါတယ်။
လွန်ခဲ့သော ဆယ်စုနှစ်လောက်မှာကတည်းက ထိုTitanium dioxideကို အစားအသောက် ၊ ဆးဝါး နဲ့ အဝတ်အထည်များမှာ ထည့်သွင်းအသုံးများလာတာဖြစ်တယ်လို့ဆိုပါတယ်။
တစ်ကယိတော့ Titanium dioxide ကို လုံးဝ အန္တရာယ်ကင်းကြောင်းသက်သေမပြနိုက်ပါပဲနဲ့ အသုံးများလာတာတွေကြောင့်ပညာရှင်တွေအနေနဲ့ သတိပေးရတာဖြစ်တယ်လို့ဆိုပါတယ်။ပြင်သစ်နိုင်ငံမှာတော့ လာမဲ့နှစ်ကစပြီးထိုTitanium dioxide ကို ထုတ်ကုန်တွေထဲမှာ ထည့်သွင်းအသုံးပြုခြင်းကို တားမြစ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်။
ကဲမိတ်ဆွေတို့ရေ သင်စားတဲ့သင်သုံးစွဲတဲ့ ပစ္စည်းတွေမှာအန္တရာယ်တွေပါဝင်နေတာကိုသိရပြီမို့စဉ်ချင်နိုင်လောက်ပြီထင်ပါတယ်။
စန္ဒီမြင့်မိုရ်#
No Comments
Leave a Reply
Your email address will not be published.
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …