International-news
မောင်ယဿ
Unicode
အနှစ်၂၀ကြာ အောင်မြင်မှုကိုထိန်းထားတဲ့ လှို့ဝှက်ချက်ကိုပြောပြတဲ့ ကရီနာကပူး
လက်ထပ်ထိမ်းမြားတာတို့ မိခင်တစ်ယောက်ဘ၀ တို့ ဆိုတာက သူမရဲ့ အသက် မွေးဝမ်းကျောင်းတဲ့ လုပ်ငန်းကို ထိခိုက်စရာ ဘာမှ မရှိပါဘူး ဆိုလာသူက ဘောလီးဝုဒ် သက်တော်ရှည် နာမည်ကျော် မင်းသမီး ကရီနာကပူးခန်ပါပဲ ။ ရုပ်ရှင်လုပ်ငန်းမှာ နှစ်၂၀ကျော် ကျော်ကြားမှုကို ထိန်းထား နိုင်တာက သူမရဲ့ ထူးခြားတဲ့ အရည်အချင်း တစ်ရပ်ပါပဲ။
အခုထိလည်းသူမရဲ့ ဖက်ရှင်တွေ သရုပ်ဆောင်မှု တွေက ရုပ်ရှင်တစ်ကားပြီးတိုင်း ပြောစမှတ်ဖြစ်နေတယ်။ အင်တာတိန်းမန့်ဒေလီးနဲ့ အင်တာဗျူးမှာ အနှစ်၂၀ကျော်ကြာ အောင်မြင်မှုကို ထိန်းထားတာနဲ့ ပတ်သက်ပြီး သူမပြီး သူမက အခုလိုပြောခဲ့ပါတယ်။
“ကျမက ကြီးကြီး ကျယ်ကျယ်တွေ ပြောတာမဟုတ်ပါဘူး။ ဘောလီးဝုဒ်ဆိုတာ လူတစ်ယောက်ရဲ့ ဘဝကို ချက်ခြင်း မြင့်တက်သွားစေပြီး အဲ့ဒိမှာ ယစ်မူးစေကာ တကယ့်ဒုက္ခနွံထဲကို ဆွဲ သွင်းသွားနိုင်တဲ့ နေရာပါ။ ဒီလိုနေရာမျိုးမှာ ရှင်သန်ကျန်ရစ်အောင် နေတဲ့သူတိုင် ကိုယ့်ကိုယ် ပြန်ဆန်းစစ်တတ် တဲ့သူတွေပါပဲ။\
သူတို့တွေအားလုံးမှာရှိတဲ့ ထင်ရှားတဲ့စရိုက်လက္ခဏါကတော့ ပြန်လည်တီထွင်နိုင်မှုပါပဲ။ ကျမက ဂါထာရွတ်သလို ရွတ်နေရတာက ဘာတွေပြောင်းလဲသွားပြီလဲ ဆိုတာကိုပါပဲ။ ဘောလီးဝုဒ်မှာက အရွေ့ တစ်ခုရှိပါတယ် ။ အဲ့ဒိအရွေ့ အတိုင်းစီးမျောနိုင်ဖို့ကြိုး စားရပါတယ် ။ ကိုယ်ကျန်ခဲ့လို့ မရဘူးဆိုတာကို လိုက်နားလည် ပေးရပါတယ် ။
ပုခုံး၂ဖက်ကြားမှာ ခေါင်းမရှိရင် ရုပ်ရှင်လုပ်ငန်းက ပေးတဲ့ ဖိအားဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ ကိုယ့်အတ္တ သက်သက်နဲ့ ရပ်တည်လို့မရပါဘူး။ ဥပမာပြောရရင် ကျမမှာ ဖော်လိုဝါ သန်း ၄၀ကျော်ရှိတယ်။ သူတို့က ကျမ ဘာလုပ်လုပ် ထောက်ခံကြမှာပါပဲ။ သူတို့တွေရဲ့ အားပေးနေမှု ချီးမြှောက်နေမှုကို သာယာနေမယ်ဆိုရင် ကျမက ဘယ်တော့မှာ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်မှာ မဟုတ်ပါဘူး။
အဲ့ဒါက ကျရှုံးခန်းရဲ့ အစလို့ ကျမပြောရဲပါတယ်။ ငါ့မှာပရိသတ်ရှိတယ်ဆိုတဲ့အမြင်က ကိုယ့်ကိုယ်ကို မီးရှို့ လိုက်တာပါပဲ။ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ဖို့ အချိန်မရလိုက် ရင် သွားပြီပဲ။
နောက်တစ်ချက်က မိသားစု ပါ။ မိသားစုက ကိုယ့်ကို လက်ခံထားဖို့လိုတာပါပဲ။ ရုပ်ရှင် လောကဆိုတာ နေရာကျဉ်းကျဉ်းလေးပါ။ ဒီလိုလူတွေနဲ့ ပဲ ဒီနေရာတစ်မျိုး ဟိုနေရာတစ်မျိုး ဆက်ဆံနေရတာပါ။
ဒီနေရာမှာ ဘယ်သူနဲ့အဆင်မပြေဘူး။ ဒီလူနဲ့ မတွဲချင်ဘူးဆိုပြီး လုပ်လို့မရပါဘူး။ အဲ့လိုဆက်ဆံရေးက ကွင်းလိုဖြစ်နေတာက အဆိပ်တစ်မျိုးပါပဲ။ အဲ့ဒိထဲကိုကျွံဝင်သွားလို့မဖြစ်ပါဘူး။ ကျမကတော့ အောင်မြင်တဲ့ရုပ်ရှင် တစ်ကားကိုရိုက်ပြီးတာနဲ့ မိသားစုအတွက် ခရီးသွားမလား။ အိမ်မှာ စာဖတ်မလား၊ ကမ္ဘာကြီးပေါ်မှာ ဘာအလုပ်မှ မလုပ်ပဲ ရှင်သန်နေရသူတွေအတွက် စကားပြောပေးရမလား။ တစ်ခုခုကို လုပ်လိုက်ပါတယ်။ အဲ့ဒါတွေကို မိသားစုကခွင့်ပြုပေးနေတော့ အဆင်ပြေ သွားတာပေါ့”လို့ သူမကဆိုပါတယ်။
မောင်ယဿ
REF: flimfare / Photo; myfirstshow
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …