အႏုပညာ သတင္းလႊာ

အႏုပညာ သတင္းလႊာ
International-news

အႏုပညာ သတင္းလႊာ

စိတ္ေရာဂါ ေတြနဲ႔ ႐ုန္းကန္ခဲ့ရတဲ့ ေလဒီဂါဂါ

-၂၀၁၉ ေဖေဖာ္ဝါရီ တုန္းက ရီးစားနဲ႔ျပတ္ၿပီး ပရိသက္ ျမင္ကြင္းမွာ ေပၚလိုက္ ေပ်ာက္လိုက္ ျဖစ္ေနတဲ့ ေလဒီဂါဂါ တစ္ေယာက္ ႏွစ္သစ္ကူးညမွာ ေကာင္ေလးတစ္ေယာက္နဲ႔ အစြံေပါက္လို႔ ေပ်ာ္ေနပါတယ္။ ၂၀၂၀ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ မွာေတာ့ မိုင္ယာမီမွာ သူမရဲ႕ေဖ်ာ္ေျဖပြဲကို ေကာင္းေကာင္း လုပ္ႏိုင္ေနပါၿပီ ။ ေလဒီဂါဂါရဲ႕ စိတ္က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္ၿပီး သူမရဲ႕ အေမျဖစ္သူ စင္သီယာ ဂါမေနာ့တာကေတာ့ ပရိသက္ကို ပြင့္ပြင့္ လင္းလင္းခ်ျပခဲ့ပါတယ္ ။

“စိတ္ကစဥ့္ကလ်ားျဖစ္ေနတဲ့ စိတ္က်ေရာဂါျဖစ္ေနတဲ့ သမီးတစ္ေယာက္ကို လူလားေျမာက္ေအာင္ ထိန္းေက်ာင္း လာရတဲ့ အေမ တစ္ေယာက္ရဲ႕ ဘဝကို ကိုယ္ခ်င္းစာၾကည့္ပါ ။ သူမအေပၚကို အမွားမ်ား လုပ္လိုက္မိၿပီ လားဆိုတဲ့အေတြးနဲ႔ စိုးတထိတ္ထိတ္ ေနေနရပါတယ္ ။ ကိုယ့္ကိုယ္ကို အၿမဲ သတိေပးေနရတယ္ ။ သူမ ငယ္ငယ္က လိင္ပိုင္းဆိုင္ရာ အေစာ္ကားခံခဲ့ရတယ္ ။

အဲ့ဒိဒဏ္ရာကို ကုစားဖို႔အတြက္ အခ်ိန္ေတြ အမ်ားႀကီးသုံးခဲ့ရတယ္ ။ အခုလို အသက္ ၃၃ႏွစ္ထဲ ေရာက္မွ အကင္းေသကာစပဲရွိ ပါတယ္”လို႔ သူမက ဆိုတယ္ ။ မူလတန္းတုန္းကလည္း ႏွိတ္စက္ခံခဲ့ရတယ္။ အလယ္တန္းေရာက္လာေတာ့လည္း ခြဲျခား ဆက္ဆံခံရတယ္။ လူလိုအဆက္ဆံ မခံရလို႔ ေက်ာင္းေျပးတယ္ ။ သူမက ကိုယ္ပိုင္ စြမ္းရည္ ေပ်ာက္သြားတယ္ ။ မိဘျဖစ္တဲ့သူေတြက သူမကို အစြမ္းကုန္ အကူအညီေပးခဲ့ရတယ္ ။

ဒါေပမဲ့ တစ္သက္လုံး လိုက္မေစာင့္ေရွာက္ ႏိုင္တဲ့အတြက္ ကိုယ္ေျခေထာက္ေပၚကိုယ္ရပ္တတ္ေအာင္ မနည္းသင္ေပးခဲ့ရတယ္လို႔ သူမရဲ႕ အေမကေျပာပါတယ္ ။

ေလဒီဂါဂါက ႐ုပ္တရက္ႀကီး ေပါက္သြားေတာ့ သူမရဲ႕အေမက စိတ္ေဝဒနာ သမားေတြကို ျပဳစုေစာင့္ေရွာက္ဖို႔အတြက္ ေဖာင္ေဒးရွင္း တစ္ခုေထာင္ျဖစ္ခဲ့ပါတယ္။ ေလဒီဂါဂါက ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံ ျခင္းကေန လြတ္ေျမာက္လာသူတစ္ဦးပါ ။ အခုေတာ့ သူမက “က်မကိုရွင္သန္ခြင့္ရေအာင္စနစ္တစ္ခုျဖစ္ခဲ့ပါတယ္ ။

အဆိပ္သင့္ေနတဲ့ လုပ္ငန္းခြင္ေတြ ပါတ္ဝန္းက်င္ေတြမွာ ရွင္သန္ေနရတဲ့ က်မတို႔လို လူငယ္ေတြအမ်ားႀကီးရွိေနရပါတယ္ ။ က်မက ဒဏ္ရာေတြနဲ႔ ႀကီးျပင္းလာရတဲ့ အႏုပညာရွင္ ေတြ အတပ္ပညာရွင္ေတြ မျဖစ္ေစခ်င္ဘူး”လို႔ ဆိုတယ္ ။

ေမာင္ယႆ REF:harper bazzar photo;getty image

Unicode

အနုပညာ သတင်းလွှာ

စိတ်ရောဂါ တွေနဲ့ ရုန်းကန်ခဲ့ရတဲ့ လေဒီဂါဂါ

-၂၀၁၉ ဖေဖော်ဝါရီ တုန်းက ရီးစားနဲ့ပြတ်ပြီး ပရိသက် မြင်ကွင်းမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတဲ့ လေဒီဂါဂါ တစ်ယောက် နှစ်သစ်ကူးညမှာ ကောင်လေးတစ်ယောက်နဲ့ အစွံပေါက်လို့ ပျော်နေပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက်နေ့ မှာတော့ မိုင်ယာမီမှာ သူမရဲ့ဖျော်ဖြေပွဲကို ကောင်းကောင်း လုပ်နိုင်နေပါပြီ ။ လေဒီဂါဂါရဲ့ စိတ်ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး သူမရဲ့ အမေဖြစ်သူ စင်သီယာ ဂါမနော့တာကတော့ ပရိသက်ကို ပွင့်ပွင့် လင်းလင်းချပြခဲ့ပါတယ် ။

“စိတ်ကစဉ့်ကလျားဖြစ်နေတဲ့ စိတ်ကျရောဂါဖြစ်နေတဲ့ သမီးတစ်ယောက်ကို လူလားမြောက်အောင် ထိန်းကျောင်း လာရတဲ့ အမေ တစ်ယောက်ရဲ့ ဘဝကို ကိုယ်ချင်းစာကြည့်ပါ ။ သူမအပေါ်ကို အမှားများ လုပ်လိုက်မိပြီ လားဆိုတဲ့အတွေးနဲ့ စိုးတထိတ်ထိတ် နေနေရပါတယ် ။ ကိုယ့်ကိုယ်ကို အမြဲ သတိပေးနေရတယ် ။ သူမ ငယ်ငယ်က လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရတယ် ။

အဲ့ဒိဒဏ်ရာကို ကုစားဖို့အတွက် အချိန်တွေ အများကြီးသုံးခဲ့ရတယ် ။ အခုလို အသက် ၃၃နှစ်ထဲ ရောက်မှ အကင်းသေကာစပဲရှိ ပါတယ်”လို့ သူမက ဆိုတယ် ။ မူလတန်းတုန်းကလည်း နှိတ်စက်ခံခဲ့ရတယ်။ အလယ်တန်းရောက်လာတော့လည်း ခွဲခြား ဆက်ဆံခံရတယ်။ လူလိုအဆက်ဆံ မခံရလို့ ကျောင်းပြေးတယ် ။ သူမက ကိုယ်ပိုင် စွမ်းရည် ပျောက်သွားတယ် ။ မိဘဖြစ်တဲ့သူတွေက သူမကို အစွမ်းကုန် အကူအညီပေးခဲ့ရတယ် ။

ဒါပေမဲ့ တစ်သက်လုံး လိုက်မစောင့်ရှောက် နိုင်တဲ့အတွက် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တတ်အောင် မနည်းသင်ပေးခဲ့ရတယ်လို့ သူမရဲ့ အမေကပြောပါတယ် ။

လေဒီဂါဂါက ရုပ်တရက်ကြီး ပေါက်သွားတော့ သူမရဲ့အမေက စိတ်ဝေဒနာ သမားတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် ဖောင်ဒေးရှင်း တစ်ခုထောင်ဖြစ်ခဲ့ပါတယ်။ လေဒီဂါဂါက ကိုယ့်ကိုယ်ကို သေကြောင်းကြံ ခြင်းကနေ လွတ်မြောက်လာသူတစ်ဦးပါ ။ အခုတော့ သူမက “ကျမကိုရှင်သန်ခွင့်ရအောင်စနစ်တစ်ခုဖြစ်ခဲ့ပါတယ် ။

အဆိပ်သင့်နေတဲ့ လုပ်ငန်းခွင်တွေ ပါတ်ဝန်းကျင်တွေမှာ ရှင်သန်နေရတဲ့ ကျမတို့လို လူငယ်တွေအများကြီးရှိနေရပါတယ် ။ ကျမက ဒဏ်ရာတွေနဲ့ ကြီးပြင်းလာရတဲ့ အနုပညာရှင် တွေ အတပ်ပညာရှင်တွေ မဖြစ်စေချင်ဘူး”လို့ ဆိုတယ် ။

မောင်ယဿ REF:harper bazzar photo;getty image

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …