အႏုပညာရပ္ဝန္းက တိုတိုထြာထြာသတင္းလႊာ
- By : Phoe Linn
- Category : International-news

အႏုပညာရပ္ဝန္းက တိုတိုထြာထြာသတင္းလႊာ
ေဖာ္လိုဝါေတြကို V-day လက္ေဆာင္ပို႔လိုက္တဲ့ မိုင္လီဆိုင္ရက္
မိုင္လီဆိုင္ရက္က ဗယ္လင္တိုင္းေဒး အတြက္ ကိုယ့္ရဲ႕ေဖာ္လိုဝါ ၁၀၄ သန္းအတြက္ သူမရဲ႕လွပ ေက်ာ့ရွင္းတဲ့ ခႏၲာကိုယ္ပုံရိပ္ေတြ ဗီဒီယိုဖိုင္ေတြကို လက္ေဆာင္အျဖစ္ပို႔ေပး လိုက္ပါတယ္။ We can’t stop ျမဴးဇစ္ ဗီဒီယိုဖိုင္နဲ႔တြဲၿပီး တင္ေပးလိုက္တဲ့ သူမက ထုံးစံ အတိုင္ လိင္စိတ္အသားေပး ႐ိုက္ခ်က္ေတြနဲ႔ ပရိသက္ေတြကို ျပသခဲ့ပါတယ္။ သူမက အသဲပုံကိုျပၿပီး ကိုယ္က်ပ္အဝတ္ အစား ေတြနဲ႔ ႐ိုက္ျပတာပါ။ ဆိုင္ရက္ (၂၇ႏွစ္) က ေပ်ာ္႐ြင္စရာေကာင္းတဲ့ ဗီေဒး ပါ။ခ်စ္တယ္လို႔ သူမက ႐ြင္ျမဴးစြာနဲ႔ဆိုပါတယ္။ ဘရာနဲ႔ အတြင္းခံဝတ္ၿပီး သူ႔စတိုင္အတိုင္းေကာ့္ေကာ္ ကံကားေတြ လုပ္ျပလိုက္ပါေသးတယ္။
အခ်စ္ေဟာင္းနဲ႔ ျပန္ေပါင္းေတာ့မယ္တဲ့
နာမည္ႀကီးေမာ္ဒယ္ ဂီဂီ ဟာဒီ (၂၄ႏွစ္)က သူမနဲ႔ျပတ္သြားတဲ့ one direction ဝိုင္းက အဆိုေတာ္ေဟာင္း ေဇယန္မာလိခ္(၂၇ႏွစ္) ကို ျပန္တြဲျဖစ္ေနတယ္လို႔ ဆိုလာပါတယ္။ သူတို႔ ၂ေယာက္က ဒီဇင္ဘာလေလာက္က ျပန္ခ်ိတ္မိၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၁ရက္ေန႔က ေဇယန႔္ေမြးေန႔မွာ ၂ေယာက္တည္းပါတီပြဲလုပ္ကာ ဒီဗယ္လင္တိုင္းေဒးမွာ သူတို႔၂ေယာက္လူသိထင္ရွား တြဲၿပီး ထြက္ျပၾကပါတယ္။
က်မ ဟဝွာနံ႔နဲ႔ ဖေယာင္းတိုင္ လက္မလည္ဘူးတဲ့
အိုင္းယြန္းမန္းထဲက မင္းသမီး ဝင္းနက္သ္ပါသ႐ို ထုတ္တဲ့ က်မဟဝွာအနံ႔နဲ႔ဖေယာင္းတိုင္က လက္မလည္ေအာင္ေရာင္းေနရတယ္လို႔ ဆိုတယ္။အခုဆိုရင္ စားေသာက္ဆိုင္ေတြ ေကာ္ဖီဆိုင္ေတြမွာ အဲ့ဒိဖေယာင္းတိုင္ထြန္းရင္ တစ္ေဈးသက္သက္ေပးရတယ္လို႔ ဆိုတယ္။ ေအာ္စကာဆုရွင္မင္းသမီးက ေတာ့ ဒါက စီးပြားေရးေၾကာ္ညာသက္သက္ပါလို႔ဆိုတယ္။ တကယ္ေတာ့ ဗန္နီလာ လို ပန္းရနံ႔အမ်ိဳးမ်ိဳးနဲ႔ ဖေယာင္းတိုင္ထုတ္တာပါလို႔ ဆိုတယ္။
V-dayအတြက္ ပန္းစည္းေပးတဲ့ ဂ်က္စတင္ဘီဘာ
ဇနီးသည္ ဟာေလးကို ႏွင္းဆီပန္းခိုင္တစ္စည္းေပးၿပီး V-dayကို ဂ်က္စတင္ဘီဘာက ႀကိဳလိုက္ပါတယ္။ အျဖဴေရာင္နဲ႔ အနီေရာင္ ႏွင္းဆီေတြ တြဲထားတဲ့ပန္းစည္းကို ေပးၿပီးေနာက္သူတို႔ ၂ဦးက အပန္းေျဖခရီးကိုထြက္သြားၾကပါတယ္။ အဲ့ဒီခရီးကျပန္လာရင္ ဂ်က္စတင္ ဘီဘာ(၂၇ႏွစ္)က သူ႔ရဲ႕ အယ္လ္ဘမ္းသစ္အတြက္ လန္ဒန္မွာ ႐ိုက္ကူးေရးလုပ္ရမွာပါ။
ရီးစားနဲ႔ခ်ိန္းေတြ႕ဖို႔ ႐ုပ္ဖ်က္သြားရတဲ့ လူပ်ိဳႀကီး လီယိုနာဒို
ပါပါရာဇီေတြက လီယိုနာဒို ဒီကပ္ရီယိုရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ သည္းသည္းလႈတ္ လိုက္ၾကေလ့ရွိတယ္။ အခုလည္းမင္းသား (၄၅ႏွစ္)က သူ႔ခ်စ္သူ ကမီလာေမာ္႐ြန္(၂၇ႏွစ္) နဲ႔ ေဟာလီးဝုဒ္အေနာက္ပိုင္းက ႏိုက္ကလပ္ မွာ ခ်ိန္းထားတာကို အမိအရ လိုက္ၿပီး ဓာတ္ဖမ္းခဲ့ၾကတယ္။ မင္းသားက လူသိမွာစိုးလို႔ ဦးထုတ္ေတြေဆာင္း မုတ္ဆိပ္ေမြးေတြနဲ႔ ႐ုပ္ဖ်က္ထြက္ ခဲ့တာပါပဲ။ ဒါေပမဲ့ ပါပါရာဇီေတြက အန႔ခ့ေကာင္းေတာ့ သူဘယ္လိုဖ်က္ဖ်က္မိသြားတာပါပဲ။
ဟယ္ရီဆင္ဖို႔ဒ္က အင္ဒီယားနားဂ်ဳံး ကိုဆက္႐ိုက္ဦးမယ္တဲ့
မင္းသားႀကီး ဟယ္ရီဆင္ဖို႔ဒ္(၇၇ႏွစ္) က သူ႔ရဲ႕ ကမာၻေက်ာ္ အင္ဒီယားနားဂ်ဳံး ၅ကားေျမာက္ကို ဒီႏွစ္ေႏြရာသီမွာ ပရိသက္ကို ျပသဦးမယ္လို႔ ဆိုတယ္။ သူက အဲ့ဒီအေၾကာင္းကို အယ္လင္ရႈိးမွာေျပာခဲ့တာပါ။ မႏုႆေဗဒပညာရွင္ အင္ဒီကို လြန္ခဲ့တဲ့ ႏွစ္၄၀ေလာက္ကတည္းက လူေတြစြဲလမ္းခဲ့တာပါ။ ၁၉၈၁ က Raider of the lost ark ၊ ၁၉၈၄ က Temple of Doom ၊ ၁၉၈၉ က The last crusade နဲ႔ ၂၀၀၈ က The kingdom of the crystal skull ကားေတြကို ႐ိုက္ခဲ့ၿပီးပါၿပီ။ အခု အင္ဒီယာနားက အသက္ရွိေသးတယ္ဆိုတာကိုျပဖို႔အတြက္ ၅ ကားေျမာက္႐ိုက္ေနပါတယ္။
ေမာင္ယႆ ref; Hollywood life photo; daily mail
Unicode
အနုပညာရပ်ဝန်းက တိုတိုထွာထွာသတင်းလွှာ
ဖော်လိုဝါတွေကို V-day လက်ဆောင်ပို့လိုက်တဲ့ မိုင်လီဆိုင်ရက်
မိုင်လီဆိုင်ရက်က ဗယ်လင်တိုင်းဒေး အတွက် ကိုယ့်ရဲ့ဖော်လိုဝါ ၁၀၄ သန်းအတွက် သူမရဲ့လှပ ကျော့ရှင်းတဲ့ ခန္တာကိုယ်ပုံရိပ်တွေ ဗီဒီယိုဖိုင်တွေကို လက်ဆောင်အဖြစ်ပို့ပေး လိုက်ပါတယ်။ We can’t stop မြူးဇစ် ဗီဒီယိုဖိုင်နဲ့တွဲပြီး တင်ပေးလိုက်တဲ့ သူမက ထုံးစံ အတိုင် လိင်စိတ်အသားပေး ရိုက်ချက်တွေနဲ့ ပရိသက်တွေကို ပြသခဲ့ပါတယ်။ သူမက အသဲပုံကိုပြပြီး ကိုယ်ကျပ်အဝတ် အစား တွေနဲ့ ရိုက်ပြတာပါ။ ဆိုင်ရက် (၂၇နှစ်) က ပျော်ရွင်စရာကောင်းတဲ့ ဗီဒေး ပါ။ချစ်တယ်လို့ သူမက ရွင်မြူးစွာနဲ့ဆိုပါတယ်။ ဘရာနဲ့ အတွင်းခံဝတ်ပြီး သူ့စတိုင်အတိုင်းကော့်ကော် ကံကားတွေ လုပ်ပြလိုက်ပါသေးတယ်။
အချစ်ဟောင်းနဲ့ ပြန်ပေါင်းတော့မယ်တဲ့
နာမည်ကြီးမော်ဒယ် ဂီဂီ ဟာဒီ (၂၄နှစ်)က သူမနဲ့ပြတ်သွားတဲ့ one direction ဝိုင်းက အဆိုတော်ဟောင်း ဇေယန်မာလိခ်(၂၇နှစ်) ကို ပြန်တွဲဖြစ်နေတယ်လို့ ဆိုလာပါတယ်။ သူတို့ ၂ယောက်က ဒီဇင်ဘာလလောက်က ပြန်ချိတ်မိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နေ့က ဇေယန့်မွေးနေ့မှာ ၂ယောက်တည်းပါတီပွဲလုပ်ကာ ဒီဗယ်လင်တိုင်းဒေးမှာ သူတို့၂ယောက်လူသိထင်ရှား တွဲပြီး ထွက်ပြကြပါတယ်။
ကျမ ဟဝှာနံ့နဲ့ ဖယောင်းတိုင် လက်မလည်ဘူးတဲ့
အိုင်းယွန်းမန်းထဲက မင်းသမီး ဝင်းနက်သ်ပါသရို ထုတ်တဲ့ ကျမဟဝှာအနံ့နဲ့ဖယောင်းတိုင်က လက်မလည်အောင်ရောင်းနေရတယ်လို့ ဆိုတယ်။အခုဆိုရင် စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေမှာ အဲ့ဒိဖယောင်းတိုင်ထွန်းရင် တစ်ဈေးသက်သက်ပေးရတယ်လို့ ဆိုတယ်။ အော်စကာဆုရှင်မင်းသမီးက တော့ ဒါက စီးပွားရေးကြော်ညာသက်သက်ပါလို့ဆိုတယ်။ တကယ်တော့ ဗန်နီလာ လို ပန်းရနံ့အမျိုးမျိုးနဲ့ ဖယောင်းတိုင်ထုတ်တာပါလို့ ဆိုတယ်။
V-dayအတွက် ပန်းစည်းပေးတဲ့ ဂျက်စတင်ဘီဘာ
ဇနီးသည် ဟာလေးကို နှင်းဆီပန်းခိုင်တစ်စည်းပေးပြီး V-dayကို ဂျက်စတင်ဘီဘာက ကြိုလိုက်ပါတယ်။ အဖြူရောင်နဲ့ အနီရောင် နှင်းဆီတွေ တွဲထားတဲ့ပန်းစည်းကို ပေးပြီးနောက်သူတို့ ၂ဦးက အပန်းဖြေခရီးကိုထွက်သွားကြပါတယ်။ အဲ့ဒီခရီးကပြန်လာရင် ဂျက်စတင် ဘီဘာ(၂၇နှစ်)က သူ့ရဲ့ အယ်လ်ဘမ်းသစ်အတွက် လန်ဒန်မှာ ရိုက်ကူးရေးလုပ်ရမှာပါ။
ရီးစားနဲ့ချိန်းတွေ့ဖို့ ရုပ်ဖျက်သွားရတဲ့ လူပျိုကြီး လီယိုနာဒို
ပါပါရာဇီတွေက လီယိုနာဒို ဒီကပ်ရီယိုရဲ့ အချစ်ရေးနဲ့ ပတ်သက်လာရင် သည်းသည်းလှုတ် လိုက်ကြလေ့ရှိတယ်။ အခုလည်းမင်းသား (၄၅နှစ်)က သူ့ချစ်သူ ကမီလာမော်ရွန်(၂၇နှစ်) နဲ့ ဟောလီးဝုဒ်အနောက်ပိုင်းက နိုက်ကလပ် မှာ ချိန်းထားတာကို အမိအရ လိုက်ပြီး ဓာတ်ဖမ်းခဲ့ကြတယ်။ မင်းသားက လူသိမှာစိုးလို့ ဦးထုတ်တွေဆောင်း မုတ်ဆိပ်မွေးတွေနဲ့ ရုပ်ဖျက်ထွက် ခဲ့တာပါပဲ။ ဒါပေမဲ့ ပါပါရာဇီတွေက အန့ခ့ကောင်းတော့ သူဘယ်လိုဖျက်ဖျက်မိသွားတာပါပဲ။
ဟယ်ရီဆင်ဖို့ဒ်က အင်ဒီယားနားဂျုံး ကိုဆက်ရိုက်ဦးမယ်တဲ့
မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်(၇၇နှစ်) က သူ့ရဲ့ ကမ္ဘာကျော် အင်ဒီယားနားဂျုံး ၅ကားမြောက်ကို ဒီနှစ်နွေရာသီမှာ ပရိသက်ကို ပြသဦးမယ်လို့ ဆိုတယ်။ သူက အဲ့ဒီအကြောင်းကို အယ်လင်ရှိုးမှာပြောခဲ့တာပါ။ မနုဿဗေဒပညာရှင် အင်ဒီကို လွန်ခဲ့တဲ့ နှစ်၄၀လောက်ကတည်းက လူတွေစွဲလမ်းခဲ့တာပါ။ ၁၉၈၁ က Raider of the lost ark ၊ ၁၉၈၄ က Temple of Doom ၊ ၁၉၈၉ က The last crusade နဲ့ ၂၀၀၈ က The kingdom of the crystal skull ကားတွေကို ရိုက်ခဲ့ပြီးပါပြီ။ အခု အင်ဒီယာနားက အသက်ရှိသေးတယ်ဆိုတာကိုပြဖို့အတွက် ၅ ကားမြောက်ရိုက်နေပါတယ်။
မောင်ယဿ ref; Hollywood life photo; daily mail
No Comments