အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

International-news

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို

အမေရိကန်က ပြည်နယ်ရှေ့နေချုပ် ၃၀လောက်က ဖေ့စ်ဘုတ်ပေါ်က အမုန်းစကားတွေ သတင်းလွဲတွေ သတင်းမှားတွေ နဲ့ ရာဇဝတ်မှုတွေကို လျော့ချပေးမဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဖို့အတွက် တောင်းဆို လိုက်တဲ့အပြင် စော်ကားခံနေရတဲ့ လိုင်းသုံးဖို့ရာ ကြောက်နေရတဲ့ သားကောင်တွေ အတွက် အားပေး ကူညီနိုင်တဲ့ အစီအစဉ်တွေကို လုပ်ဖို့လည်း ညွှန်ကြားလိုက်ပါတယ်။

ဒီနှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်မှာ တိုးတက်လာတဲ့ အမုန်းစကားတွေ နဲ့ လူအဖွဲ့အစည်းကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမှုတွေကို တတ်နိုင်သလောက် လျှော့ချပေးဖို့အတွက် တောင်းဆိုတဲ့ ပြည်နယ် ၂၀ကျော်က ရှေ့နေချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့ စာတစ်စောင်ကို ဖေ့စ်ဘုတ် အမှူဆောင်အရာရှိချုပ် မက်ခ်ဇူကာ ဘာဂ်ထံကို ပေးပို့ခဲ့ပါတယ်။

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို1

အွန်လိုင်းပေါ်က စော်ကားမှုတွေက ပြည်သူ့အခွင့်အရေး ဥပဒေကို တိုက်ရိုက် ထိခိုက်နေတာ ဖြစ်တဲ့အတွက် အစော်ကား ခံရသူတွေအတွက် အကာအကွယ်ဖြစ်ဖို့ရာ အရပ်ဖက်ခုံရုံးတင် တရားစွဲနိုင်ဖို့ရယ် ရာဇဝတ်မှု မြောက်ကြောင်း သက်သေ အထောက်အထား ပြဖို့ရာအတွက် အချက်အလက်တွေ ထုတ်ယူနိုင်အောင် ဖေ့စ်ဘုတ်အနေနဲ့ အကူအညီပေးဖို့ အစီအစဉ်တစ်ခုကို လုပ်ပေးလိုကြောင်း တောင်းဆိုထားပါတယ်။

နယူဂျာစီရှေ့နေချုပ်က “ အခုဟာက ဗျာ ၊ လူတွေက အွန်လိုင်းပေါ် ရက်ရက်စက်စက် စော်ကား ခံရတာတွေ ရှိနေတယ်။ အမုန်းစကားတွေ ပြည့်နေတဲ့ စကားတွေ သတင်းမှားတွေ သတင်းလိမ်တွေနဲ့ နောက်သလို ပြောင်သလိုနဲ့ စော်ကားနေတာတွေက လိုင်းသုံးသူ ၄ပုံ ၃ပုံ လောက်က ခံစားနေရတယ်။

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို2

သူ့ အတွက်ကတော့ စီးပွားရေးပေါ့ ၊ တစ်ဖက်မှာက အများပြည်သူဆိုင်ရာ ပြဿနာ တစ်ခုဖြစ်နေတယ်။ လူမျိုးရေး ခွဲခြားတာတွေ၊ လူသားမဆန်အောင် ချိုးနှိမ် ခံရတာတွေ ရှိနေတယ်လေ။ ဒါတွေကို ပြောင်လဲပစ်ဖို့အတွက် ကျနော်တို့က တိုက်ပွဲ ဝင်နေတာပါ”လို့ဆိုတယ်။

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို3

လူဖြူ အာဏါရှင် အဖွဲ့အစည်းတွေနဲ့ အစွန်းရောက် ဝါဒသမားတွေလို အမုန်းစကား ဖြန့်ဝေတဲ့ အုပ်စုတွေကို ဆန်ကျင်တယ်ဆိုတဲ့ ပေါ်လစီကို ကိုင်ထားတဲ့ ဖေ့စ်ဘုတ်ကုမ္ပဏီက ပြည်သူ့အခွင့်အရေး ထိခိုက်နေတယ်ဆိုတဲ့ စကားကို လုံးဝ ငြင်းဆိုထားပါတယ်။

ဒါပေမဲ့ပြီးခဲ့တဲ့ လက ထွက်ပေါ်လာတဲ့ ၂နှစ်စာ ပြည်သူ့အခွင့်အရေး စာရင်းစစ် အစီရင်ခံစာမှာ ဖေ့စ်ဘုတ်ကြောင့် ပြည်သူ့အခွင့်အရေး ဆုံးရှုံးမှု ပြဿနာတွေ ရှိနေတယ်လို့ ပါရှိလာပါတယ်။ “ ကမ္ဘာ့ လူကြည့်များတဲ့ ဝက်ဘ်ဆိုက်တစ်ခု အနေနဲ့ ဖေ့စ်ဘုတ်အနေနဲ့ က တာဝန်ရှိနေပါတယ်”လို့ နယူဂျာဆီ လူ့အခွင့်အရေး ခေါင်းဆောင်က ဆိုပါတယ်။

အွန်လိုင်းပေါ်က စော်ကားမှုတွေကို လျှော့ချပေးဖို့အတွက် ရှေ့နေချုပ်က ဖေ့စ်ဘုတ်ကို တောင်းဆို4

မောင်ယဿ, REF: UPI, Photo: UPI

Zawgyi










No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …