အြြန္လိုင္း ေရွာ့ပင္းစြဲလမ္းမႈျပႆနာဟာ စိတ္က်န္းမာေရးမေကာင္းတဲ့ လကၡဏာကို ျပသေနေၾကာင္း စိတ္ပညာရွင္ဆို
- By : Phoe Linn
- Category : Life Style
- Tags: life style

အြန္လိုင္း ေရွာ့ပင္းစြဲလမ္းမႈျပႆနာဟာ စိတ္က်န္းမာေရးမေကာင္းတဲ့ လကၡဏာကို ျပသေနေၾကာင္း စိတ္ပညာရွင္ဆို
ဂ်ာမနီ ႏိုင္ငံ ၊ ဟန္ႏိုဗာ ေဆးပညာ တကၠသိုလ္ရဲ႕ စိတ္ေရာဂါ အထူးကု ဆရာဝန္ ေဒါက္တာ မူလာဟာ တကၠသိုလ္ တက္ေနၿပီး အြန္လိုင္းေရွာ့ပင္း စြဲလန္းေနတဲ့ ေက်ာင္းသား ( ၁၂၂ ) ေယာက္ကို ေ႐ြးခ်ယ္ ခဲ့ကာ သုေတသန လုပ္ငန္း အတြက္ ေလ့လာ ခဲ့ပါတယ္ ။
အြန္လိုင္း ကေန ပစၥည္းေတြကို မွာရတာကို ဘာအေၾကာင္း ျပခ်က္မွ မရွိဘဲ အလြန္အကဲ သေဘာက် ေနတဲ့ အဆိုပါ ေက်ာင္းသား ( ၁၂၂ ) ေယာက္ကို ေလ့လာ အၿပီးမွာ ေတြ႕ရွိခ်က္က ထိတ္လန႔္ဖို႔ ေကာင္းခဲ့ ပါတယ္ ။
စိတ္ဓာတ္ က်တာနဲ႔ ယုံၾကည္မႈေပ်ာက္ဆုံးတာထက္ ပိုတဲ့ စိတ္ပိုင္း ဆိုင္ရာ လိုအပ္ခ်က္ စံႏႈန္း ေတြကို ေက်ာ္လြန္ခဲ့ၿပီး အြန္လိုင္း ေရွာ့ပင္ စြဲလန္း သူေတြက စိတ္ပိုင္း လိုအပ္ခ်က္ သတ္မွတ္ စံႏႈန္းကို ပို လိုအပ္တာကို ေတြ႕ ခဲ့ ရပါတယ္ ။
သူတို႔ရဲ႕ ျပႆနာက အင္တာနက္ကို အၿမဲ ဖြင့္ထားသလို ေဈးဝယ္ အပလီေကးရွင္းနဲ႔ ပစၥည္းေတြကို အၿမဲတမ္း ၾကည့္ေနၿပီး ၊ သူမ်ားေတြ ဘာလုပ္ေနတယ္ ဆိုတာကို အိမ္ကေန တခ်ိန္လုံး ထိုင္ၾကည့္ ေနတာပါ ။
အိမ္ကို ဒလီဗာရီနဲ႔ ပစၥည္း လာပို႔တာကို သေဘာက်လြန္း သလို အြန္လိုင္း ေရွာ့ပင္းက ေဈးခ်တာမ်ိဳး ဒါမွမဟုတ္ ကမ္းလွမ္းတာမ်ိဳး တစ္ခုခု ႀကဳံတာနဲ႔ မဝယ္မျဖစ္ ဝယ္တယ္လို႔ ဆိုပါတယ္ ။
ေခတ္ကာလအရ အြန္လိုင္းေရွာ့ပင္စြဲလန္းမႈဟာ လူထုရဲ႕ (၅)ရာခိုင္ႏႈန္းကိုသက္ေရာက္ေနၿပီျဖစ္ၿပီး အမ်ားစုက လူငယ္ေတြျဖစ္ၾကတယ္လို႔ ဆိုပါတယ္။
သူတို႔ရဲ႕ ျပႆနာက အြန္လိုင္းစြဲလန္းမႈ၊ ေဈးဝယ္ရတာႏွစ္သက္မႈနဲ႔ ပိုက္ဆံျဖဳန္းရတာကို ႀကိဳက္ႏွစ္သက္မႈ သုံးခုလုံးေပါင္းၿပီး၊ အြန္လိုင္းေရွာ့ပင္းေတြမွာ သုံးခုလုံးကို တၿပိဳင္တည္း အသုံးခ်လို႔ ရတဲ့ အတြက္ေၾကာင့္ အခုလို စြဲလန္းမႈ ျပႆနာ ျဖစ္လာတာလို႔ ဆိုပါတယ္ ။
ဒီ ျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းကို ေဒါက္တာက အႀကဳံျပဳ ထားတာက ကိုယ္တိုင္ ထိန္းခ်ဳပ္ႏိုင္မႈ ျဖစ္ၿပီး ၊ အကယ္လို႔ မထိန္းခ်ဳပ္တာနဲ႔ ျဖစ္လာ ႏိုင္တဲ့ ျပႆနာေတြက မ်ားပါတယ္ ။ စုံတြဲေတြၾကား အဆင္မေျပမႈ ျပႆနာ ၊ အေႂကြးနဲ႔ လိုခ်င္တဲ့ အရာကို မရတဲ့ စိုးရိမ္ ပူပန္မႈေတြဟာ ေနာက္ဆက္တြဲမွာ ဆိုးက်ိဳးေတြျဖစ္လာမွာပါ ။
ေဈးဝယ္တာကို ထိန္းခ်ဳပ္လို႔ မရရင္ေတာ့ မလိုတာကို မဝယ္တဲ့ စနစ္ကိုက်င့္သုံး ရမွာျဖစ္ၿပီး လတ္တေလာမွာ ကုသလို႔ ရမယ့္ နည္းလမ္းကေတာ့ ကိုယ္တိုင္ ထိန္းခ်ဳပ္တဲ့ နည္းလမ္း တစ္ခုပဲရွိတယ္လို႔ ေဒါက္တာက ဆိုခဲ့ပါတယ္ ။
သူေရး (ဆန္းသစ္စ)
photo internet
Unicode
အွန်လိုင်း ရှော့ပင်းစွဲလမ်းမှုပြဿနာဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ လက္ခဏာကို ပြသနေကြောင်း စိတ်ပညာရှင်ဆို
ဂျာမနီ နိုင်ငံ ၊ ဟန်နိုဗာ ဆေးပညာ တက္ကသိုလ်ရဲ့ စိတ်ရောဂါ အထူးကု ဆရာဝန် ဒေါက်တာ မူလာဟာ တက္ကသိုလ် တက်နေပြီး အွန်လိုင်းရှော့ပင်း စွဲလန်းနေတဲ့ ကျောင်းသား ( ၁၂၂ ) ယောက်ကို ရွေးချယ် ခဲ့ကာ သုတေသန လုပ်ငန်း အတွက် လေ့လာ ခဲ့ပါတယ် ။
အွန်လိုင်း ကနေ ပစ္စည်းတွေကို မှာရတာကို ဘာအကြောင်း ပြချက်မှ မရှိဘဲ အလွန်အကဲ သဘောကျ နေတဲ့ အဆိုပါ ကျောင်းသား ( ၁၂၂ ) ယောက်ကို လေ့လာ အပြီးမှာ တွေ့ရှိချက်က ထိတ်လန့်ဖို့ ကောင်းခဲ့ ပါတယ် ။
စိတ်ဓာတ် ကျတာနဲ့ ယုံကြည်မှုပျောက်ဆုံးတာထက် ပိုတဲ့ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက် စံနှုန်း တွေကို ကျော်လွန်ခဲ့ပြီး အွန်လိုင်း ရှော့ပင် စွဲလန်း သူတွေက စိတ်ပိုင်း လိုအပ်ချက် သတ်မှတ် စံနှုန်းကို ပို လိုအပ်တာကို တွေ့ ခဲ့ ရပါတယ် ။
သူတို့ရဲ့ ပြဿနာက အင်တာနက်ကို အမြဲ ဖွင့်ထားသလို ဈေးဝယ် အပလီကေးရှင်းနဲ့ ပစ္စည်းတွေကို အမြဲတမ်း ကြည့်နေပြီး ၊ သူများတွေ ဘာလုပ်နေတယ် ဆိုတာကို အိမ်ကနေ တချိန်လုံး ထိုင်ကြည့် နေတာပါ ။
အိမ်ကို ဒလီဗာရီနဲ့ ပစ္စည်း လာပို့တာကို သဘောကျလွန်း သလို အွန်လိုင်း ရှော့ပင်းက ဈေးချတာမျိုး ဒါမှမဟုတ် ကမ်းလှမ်းတာမျိုး တစ်ခုခု ကြုံတာနဲ့ မဝယ်မဖြစ် ဝယ်တယ်လို့ ဆိုပါတယ် ။
ခေတ်ကာလအရ အွန်လိုင်းရှော့ပင်စွဲလန်းမှုဟာ လူထုရဲ့ (၅)ရာခိုင်နှုန်းကိုသက်ရောက်နေပြီဖြစ်ပြီး အများစုက လူငယ်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ ပြဿနာက အွန်လိုင်းစွဲလန်းမှု၊ ဈေးဝယ်ရတာနှစ်သက်မှုနဲ့ ပိုက်ဆံဖြုန်းရတာကို ကြိုက်နှစ်သက်မှု သုံးခုလုံးပေါင်းပြီး၊ အွန်လိုင်းရှော့ပင်းတွေမှာ သုံးခုလုံးကို တပြိုင်တည်း အသုံးချလို့ ရတဲ့ အတွက်ကြောင့် အခုလို စွဲလန်းမှု ပြဿနာ ဖြစ်လာတာလို့ ဆိုပါတယ် ။
ဒီ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကို ဒေါက်တာက အကြုံပြု ထားတာက ကိုယ်တိုင် ထိန်းချုပ်နိုင်မှု ဖြစ်ပြီး ၊ အကယ်လို့ မထိန်းချုပ်တာနဲ့ ဖြစ်လာ နိုင်တဲ့ ပြဿနာတွေက များပါတယ် ။ စုံတွဲတွေကြား အဆင်မပြေမှု ပြဿနာ ၊ အကြွေးနဲ့ လိုချင်တဲ့ အရာကို မရတဲ့ စိုးရိမ် ပူပန်မှုတွေဟာ နောက်ဆက်တွဲမှာ ဆိုးကျိုးတွေဖြစ်လာမှာပါ ။
ဈေးဝယ်တာကို ထိန်းချုပ်လို့ မရရင်တော့ မလိုတာကို မဝယ်တဲ့ စနစ်ကိုကျင့်သုံး ရမှာဖြစ်ပြီး လတ်တလောမှာ ကုသလို့ ရမယ့် နည်းလမ်းကတော့ ကိုယ်တိုင် ထိန်းချုပ်တဲ့ နည်းလမ်း တစ်ခုပဲရှိတယ်လို့ ဒေါက်တာက ဆိုခဲ့ပါတယ် ။
သူရေး (ဆန်းသစ်စ)
photo internet
No Comments