အြန္လိုင္းေလာင္းကစားေတြကို ဒီႏွစ္ အကုန္မွာ အၿပီးသက္ တိုက္ဖ်က္မယ္လို႔ေတာင္ကိုရီးယား သမၼတဆို

အြန္လိုင္းေလာင္းကစားေတြကို ဒီႏွစ္ အကုန္မွာ အၿပီးသက္ တိုက္ဖ်က္မယ္လို႔ေတာင္ကိုရီးယား သမၼတဆို
International-news

အြန္လိုင္းေလာင္းကစားေတြကို ဒီႏွစ္ အကုန္မွာ အၿပီးသက္ တိုက္ဖ်က္မယ္လို႔ေတာင္ကိုရီးယား သမၼတဆို

ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းက ျပည္တြင္းက အင္တာနက္ ကြန္ရက္ေတြကို သုံးၿပီး ေလာင္းကစား လုပ္ေနတဲ့ သူေတြရဲ႕ ဖုန္းေခၚဆိုမႈေတြ စာတို ေပးပို႔မႈေတြကို ေျခရာခံၿပီး လိုက္လံ ဖမ္းဆီး ေတာ့မွာ ျဖစ္ေၾကာင္းနဲ႔ေလာင္းကစားလုပ္ၿပီး စီးပြားရွာေနသူေတြ အေပၚ တင္းက်ပ္မႈေတြ လုပ္မယ္လို႔ တနလၤာေန႔က ဆိုလိုက္ပါတယ္ ။

မြန္ေဂ်အင္းက သမၼတ အိမ္ျပာေတာ္မွာ ျပဳလုပ္တဲ့ အက်င့္ပ်က္ ျခစားမႈ တိုက္ဖ်က္ေရး အစည္းအေဝးမွာ အခုလို တင္းက်ပ္တဲ့ အတိုင္းအတာေတြကို ေၾကျငာခဲ့ပါတယ္ ။ ေငြေၾကးဝန္ေဆာင္မႈ ေကာ္မရွင္ ဥကၠ႒ အြန္ေဆာင္ဆိုးက အဲ့ဒိ အြန္လိုင္းေလာင္းကစားမႈကို ေခ်ဖ်က္ဖို႔အတြက္ အထူးတပ္ဖြဲ႕ တစ္ဖြဲ႕ ကိုဖြဲ႕စည္းၿပီး ဖမ္းဆီး အေရးယူမႈ ေတြကို လုပ္မယ္လို႔ ဆိုပါတယ္ ။ အဲ့ဒိ အဖြဲ႕ ကို voice phishing လို႔ အမည္ေပးထား ပါတယ္ ။

သမၼတရဲ႕အြန္လိုင္း ေလာင္းကစားမႈ တိုက္ဖ်က္ေရး ကိစၥ အတြက္ မိန႔္ခြန္း အၿပီးမွာ ေတာင္ကိုရီးယား ရဲမင္းႀကီးက ဒီႏွစ္ အကုန္မွာ အြန္လိုင္း ေလာင္းကစားကို အၿပီးတိုင္ေခ်မႈန္းေပးပါမယ္ လို႔ ကတိျပဳခဲ့ပါတယ္ ။ ဒစ္ဂ်စ္တယ္ ပလက္ေဖာင္းေတြကို သုံးၿပီး ေလာင္းကစားလုပ္မႈ ေတြက အလြန္ေခာတ္မီတဲ့အတြက္ ဗြိဳက္ဖစ္ရွင္း အဖြဲ႕ေတြ အေနနဲ႔ ေလာင္းကစားသမားေတြကို လိုက္ဖို႔က အခက္အခဲ ရွိေနေပမဲ့ ပထမအဆင့္အေနနဲ႔ ဖုန္းဆက္ၿပီး ေလာင္းကစား လုပ္တာကို အရင္ ဖမ္းဆီးဖို႔ လုပ္မွာပါ ။

အဲ့ဒိေနာက္မွာ စာတို(မက္ေဆ့) ေပးပို႔တာေတြကို စစ္ၿပီး ဖမ္းဆီးမႈ လုပ္မွာပါ ။ အဲ့ဒိကိစ္ စေတြၿပီးရင္ေတာ့ အြန္လိုင္းေပၚက ပလက္ေဖာင္း ေတြကို တစ္ခုခ်င္း ရွင္းမွာပါ ။ အြန္လိုင္း ေလာင္းကစားေတြ ေတာင္ကိုရီးယားမွာ ႀကီးထြားလာျခင္း အေၾကာင္းက အစိုးရက ျပည္သူေတြကို ကိုဗစ္-၁၉ ေၾကာင့္ စားေရးေသာက္ေရး အခက္အခဲျဖစ္မွာ စိုးလို႔ အစားအေသာက္ေတြ ဝယ္ဖို႔ တစ္အိမ္ေထာင္ ကန္ေဒၚလာ ၁၀၀၀ဖိုးနီးပါး ရန္ပုံေငြ ေပးျခင္းက အစျဖစ္တယ္လို႔ ဆိုတယ္ ။

ဖုန္းေခၚဆိုမႈကို စစ္ေဆး တဲ့ ကိစၥက ေတာင္ကိုရီးယားမွာ အထိအခိုက္ မခံတဲ့ကိစၥ ျဖစ္ၿပီး ဖုန္းလိုင္းေပၚကေန ေငြေၾကး ေတာင္းခံတဲ့ ကိစၥေတြကလည္း အမ်ားအျပားျဖစ္ေနတဲ့အတြက္ေၾကာင့္ ရဲေတြကလည္း ဖုန္းလိုင္းေျခရာခံတာကို အလြန္လုပ္ျခင္ေနၾကပါတယ္ ။ အခုလို သမၼတက ခြင့္ျပဳလိုက္ၿပီျဖစ္လို႔ ဥပေဒ ဝန္ထမ္းေတြအတြက္ အလုပ္လုပ္ရတာ ပိုမို အဆင္ေျပလာႏိုင္စရာ အေၾကာင္းရွိပါတယ္ ။ သမၼတမြန္ေဂ်အင္းေကေတာ့ အက်င့္ပ်က္ ျခစားမႈတိုက္ဖ်က္ေရးနဲ႔ လက္ေဆာင္ေပးတဲ့ အက်င့္ေတြကို ေပ်ာက္ကြယ္ေအာင္ လုပ္ရမယ္လို႔ ဆိုေနပါတယ္ ။

ေမာင္ယႆ

REF: upi Photo; Upi

Unicode

အွန်လိုင်းလောင်းကစားတွေကို ဒီနှစ် အကုန်မှာ အပြီးသက် တိုက်ဖျက်မယ်လို့တောင်ကိုရီးယား သမ္မတဆို

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြည်တွင်းက အင်တာနက် ကွန်ရက်တွေကို သုံးပြီး လောင်းကစား လုပ်နေတဲ့ သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ စာတို ပေးပို့မှုတွေကို ခြေရာခံပြီး လိုက်လံ ဖမ်းဆီး တော့မှာ ဖြစ်ကြောင်းနဲ့လောင်းကစားလုပ်ပြီး စီးပွားရှာနေသူတွေ အပေါ် တင်းကျပ်မှုတွေ လုပ်မယ်လို့ တနင်္လာနေ့က ဆိုလိုက်ပါတယ် ။

မွန်ဂျေအင်းက သမ္မတ အိမ်ပြာတော်မှာ ပြုလုပ်တဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အစည်းအဝေးမှာ အခုလို တင်းကျပ်တဲ့ အတိုင်းအတာတွေကို ကြေငြာခဲ့ပါတယ် ။ ငွေကြေးဝန်ဆောင်မှု ကော်မရှင် ဥက္ကဋ္ဌ အွန်ဆောင်ဆိုးက အဲ့ဒိ အွန်လိုင်းလောင်းကစားမှုကို ချေဖျက်ဖို့အတွက် အထူးတပ်ဖွဲ့ တစ်ဖွဲ့ ကိုဖွဲ့စည်းပြီး ဖမ်းဆီး အရေးယူမှု တွေကို လုပ်မယ်လို့ ဆိုပါတယ် ။ အဲ့ဒိ အဖွဲ့ ကို voice phishing လို့ အမည်ပေးထား ပါတယ် ။

သမ္မတရဲ့အွန်လိုင်း လောင်းကစားမှု တိုက်ဖျက်ရေး ကိစ္စ အတွက် မိန့်ခွန်း အပြီးမှာ တောင်ကိုရီးယား ရဲမင်းကြီးက ဒီနှစ် အကုန်မှာ အွန်လိုင်း လောင်းကစားကို အပြီးတိုင်ချေမှုန်းပေးပါမယ် လို့ ကတိပြုခဲ့ပါတယ် ။ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကို သုံးပြီး လောင်းကစားလုပ်မှု တွေက အလွန်ခောတ်မီတဲ့အတွက် ဗွိုက်ဖစ်ရှင်း အဖွဲ့တွေ အနေနဲ့ လောင်းကစားသမားတွေကို လိုက်ဖို့က အခက်အခဲ ရှိနေပေမဲ့ ပထမအဆင့်အနေနဲ့ ဖုန်းဆက်ပြီး လောင်းကစား လုပ်တာကို အရင် ဖမ်းဆီးဖို့ လုပ်မှာပါ ။

အဲ့ဒိနောက်မှာ စာတို(မက်ဆေ့) ပေးပို့တာတွေကို စစ်ပြီး ဖမ်းဆီးမှု လုပ်မှာပါ ။ အဲ့ဒိကိစ် စတွေပြီးရင်တော့ အွန်လိုင်းပေါ်က ပလက်ဖောင်း တွေကို တစ်ခုချင်း ရှင်းမှာပါ ။ အွန်လိုင်း လောင်းကစားတွေ တောင်ကိုရီးယားမှာ ကြီးထွားလာခြင်း အကြောင်းက အစိုးရက ပြည်သူတွေကို ကိုဗစ်-၁၉ ကြောင့် စားရေးသောက်ရေး အခက်အခဲဖြစ်မှာ စိုးလို့ အစားအသောက်တွေ ဝယ်ဖို့ တစ်အိမ်ထောင် ကန်ဒေါ်လာ ၁၀၀၀ဖိုးနီးပါး ရန်ပုံငွေ ပေးခြင်းက အစဖြစ်တယ်လို့ ဆိုတယ် ။

ဖုန်းခေါ်ဆိုမှုကို စစ်ဆေး တဲ့ ကိစ္စက တောင်ကိုရီးယားမှာ အထိအခိုက် မခံတဲ့ကိစ္စ ဖြစ်ပြီး ဖုန်းလိုင်းပေါ်ကနေ ငွေကြေး တောင်းခံတဲ့ ကိစ္စတွေကလည်း အများအပြားဖြစ်နေတဲ့အတွက်ကြောင့် ရဲတွေကလည်း ဖုန်းလိုင်းခြေရာခံတာကို အလွန်လုပ်ခြင်နေကြပါတယ် ။ အခုလို သမ္မတက ခွင့်ပြုလိုက်ပြီဖြစ်လို့ ဥပဒေ ဝန်ထမ်းတွေအတွက် အလုပ်လုပ်ရတာ ပိုမို အဆင်ပြေလာနိုင်စရာ အကြောင်းရှိပါတယ် ။ သမ္မတမွန်ဂျေအင်းကေတော့ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးနဲ့ လက်ဆောင်ပေးတဲ့ အကျင့်တွေကို ပျောက်ကွယ်အောင် လုပ်ရမယ်လို့ ဆိုနေပါတယ် ။

မောင်ယဿ

REF: upi Photo; Upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …