
International-news








Unicode

အပြာကား စာတမ်းမထိုးလို့ နားမကြားသူက တရားစွဲ

ဘာသာစကား မတူတဲ့ မီဒီယာ အများစုက သူတို့ တင်ပြလိုတဲ့ အရာတွေကို အများ ပြည်သူ ခံစားနားလည်လို့ ရအောင် စာတမ်းထိုး ရပါတယ် ။ ဒါက အထူးအဆန်းလည်း မဟုတ်တော့ပါဘူး ။ အလွယ်တကူ နားလည်လို့ ရအောင် လုပ်ပေးမှ အလွယ်တကူ ခံစားလို့ ရမှာ ဒီလိုမှ မဟုတ်ရင် ပျင်းရိငြီးငွေ့သွားနိုင်ပါတယ် ။ ဘာသာ စကားကို နားလည်နေတဲ့ သူတွေ အတွက်က စာတန်းထိုး တာက မထူးပေမဲ့ ဘာသာစကားကို နားမလည် သူတွေ အထူးသဖြင့် နားပင်းနေသူတွေ အတွက်က စာတန်းထိုးတာက အရမ်းကို အရေးကြီး ပါတယ် ။

အခုတော့ နားမကြားသူ တစ်ယောက်က အပြာကားေ တွေမှာ စာတန်းမထိုးလို့ ဆိုပြီးတော့ အပြာရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီတွေကို တရားစွဲလိုက် ပါတယ် ။ ၁၉၉၀ အမေရိကန် မသန်မစွမ်းနိုင်ငံသား ဥပဒေကို ချိုးဖောက်တယ် ဆိုပြီးတော့ ဘရွတ်ကလင်း ပြည်နယ် တရားရုံးမှာ အပြားကား ဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ PornHub ၊ Redtube နဲ့ YouPorn တို့ကို တရားစွဲတဲ့ အပြင် အဲ့ဒိ ဝက်ဘ်ဆိုက် တွေရဲ့ မိခင်ကုမ္ပဏီ MindGeek ကိုပါ တရားစွဲလိုက် ပါတယ် ။

အဲ့ဒိ တရားစွဲတဲ့ နားမကြားသူက အရင်ကလည်း ဖောက်စ်နယူး သတင်းဌာနကို သတင်းကြေညာတဲ့အခါမှာ စာတန်း မထိုးလို့ တရားစွဲဖူးသူ လည်းဖြစ်ပါတယ် ။ အဲ့ဒိလူက “ ခင်ဗျားတို့ စဉ်းစားကြည့် ပါဗျာ ။ ခင်ဗျားတို့ တတွေက ရီမော ပျော်ရွင် နေချိန်မှာ ကျနော်တို့က ငုတ်တုတ်ကြီး ဖြစ်နေတယ် ။ အဲ့လိုပဲ အပြာကားတွေမှာ ခင်ဗျားတို့က အာရုံ အပြည့်ရနေချိန်မှာ ကျနော်တို့က နာကျင် နေတာလား နှစ်ခြိုက် နေတာလားကို မသိဘူး ဖြစ်နေတယ် ။

နားမကြားရ သူတွေနဲ့ အကြား အာရုံချွတ်ယွင်း နေသူတွေ အတွက်က ဗီဒီယိုကနေပေးတဲ့ ရသတွေကို အပြည့်အ၀ မရပါဘူးဗျာ”လို့ဆိုတယ်။ ဒါအပြင်သူက အပြာကားဗီဒီယို ထုတ်လုပ်သူ နဲ့ အခြားရုပ်ရှင်ထုတ်လုပ်သူအားလုံအား နာမကြားသူတွေကို ငဲ့ညှာထောက်ထားတဲ့ အနေနဲ့ ရုပ်ရှင်တွေမှာ စာတမ်းထိုးပေးပါလို့ တောင်းဆိုမှုတစ်ခု လုပ်ခဲ့ပါတယ်။ PornHub ဒုဥက္ကဌကတော့ သူတို့ အပြာကားတွေမှာ စာတန်း ထိုးဖို့အတွက် ပြင်ဆင်ထားပါတယ် ဆိုပြီးကာကွယ်ပြောဆိုထားပါတယ်။

လောလောဆယ်မှာတော့ အချို့ကားတွေကို စတင်ပြီးစာတန်းထိုးနေပါပြီ လို့လည်းပြောပါတယ်။ တရားစွဲထာတာက ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ ။

မောင်ယဿ REF: word of buzz

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
International-news
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ သန်ဆွန်နီယွန် ဆိုတဲ့ ထိုင်းနိုင်ငံသားက အောက်ဈေးနဲ့ ရတယ်ဆိုပြီး ကြက်ဥကတ်တွေ အများကြီးအား ကားကြီးတွေနဲ့ လာရောင်းတာကို ဝယ်ခဲ့ ပါတယ် ။ သူ့တော့ ကြက်ဥ တွေကို စားလည်း စားမယ် ဈေးတင်ပြီး တော့လည်း ရောင်းမယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေပါတယ် ။ သူ့လိုပဲ လူတော်တော်များများ ကလည်း အဲ့ဒိကားနဲ့ လာရောင်းတဲ့ ကြက်ဥ တွေကို များများစားစား ဝယ်ယူ ခဲ့ပါတယ် ။ အခုတော့ ဒေသခံ သတင်းစာ ဆရာတွေကို သူကြက်ဥ အတုတွေ ဝယ်မိတယ်ဆိုပြီး ပြောလာ ပါတယ် ။ ပြီးခဲ့တဲ့ တနလာင်္နေ့က သူ …

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
International-news
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ အရှေ့ အာရှက အွန်လိုင်း အသုံးပြုသူတွေ ရဲ့ ဖုန်းတွေထဲမှာ ပြန့်နှံ့ နေတဲ့ ကော်ရိုနာ ဗိုင်းရက် စစ်ဆေးရေး ဂိတ်တစ်ခုမှာ ရဲတွေက လူတစ်ယောက်ကို ပစ်သတ် လိုက်တာတွေ ၊ စူပါမားကတ်တစ်ခုမှာ လူတွေ တိုးကြိတ် ဝယ်ယူပြီး လုယက် သွားနေတာတွေ နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက လူတွေကိုရိုက်နှက် နေတဲ့ ဗီဒီယို ဖိုင်တွေက ၂၀၁၅ ခုနှစ်လောက်က တင်ထားတဲ့ ဖိုင်အဟောင်းတွေကို ပြန်တင်ပြီး သတင်းအမှားတွေ ဖြန့်နေတာပါ ။ လော့ဒေါင်း အမိန့်ကို ချိုးဖောက် သူတွေကို ထောင်ဒဏ်နဲ့ …

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
International-news
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို လက်ရှိ ဟောင်ကောင်မှာ အဓိကရုဏ်း ဖြစ်ပွားရတဲ့ အထိ ဖြစ်နေတဲ့ တရုတ်ဗဟို အစိုးရရဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ကြမ်းကို မဖျက်သိမ်းဘူး ဆိုရင် ဗြိတိန်က ဟောင်ကောင်သား ၃သိန်း အထိ ဗီဇာ လျှောက်ပိုင်ခွင့် ပြု မယ် လို့ ဆိုတယ် ။ အဲ့ဒိ ကြေညာချက်ကို အမေရိကန် ကနေဒါနဲ့ သြစတေးလျှ တို့ကလည်း ပူးတွဲ ထုတ်ခဲ့ပါတယ် ။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါ်မနစ်ရာအက် က တရုတ်တို့ရဲ့ အမျိုးသားလုံခြုံရေး …