International-news
မောင်ယဿ
Unicode
အပြင်မထွက်ရအမိန့် အသက်မဝင်သေးတဲ့ ပီနန်ဈေး
မလေးရှားမှာ ကိုဗစ်-၁၉ ရောဂါ ပြန့်နှံ့မှုက တစ်နေ့တစ်ခြား ဆိုးလာတဲ့အပြင် အရှေ့တောင်အာရှမှာ အဆိုးဆုံး အခြေအနေ ဖြစ်လာလို့ အစိုးရက အိမ်ပြင်မထွက်ရ အမိန့်ကို ထုတ်ထားပါတယ် ။ ဒါပေမဲ့ အမိန့်ထုတ်ပြီး ၆ ရက်ကြာတာတောင်မှ ပီနန်က ရာဂျာအူဒါဈေးကတော့ အစိုးရအမိန့် မရောက်တဲ့ အတိုင်း အသွားအလာမပျက် စည်ကားတုန်းပါပဲ ။ အသားစိုဈေးဖြစ်လို့ စားချင်တဲ့ အသားကို လတ်လတ် ဆတ်ဆတ် ဝယ်စားနိုင်တုန်းပါပဲ ။
ကုန်စိမ်းသည်တွေ အသားသည်တွေနဲ့ စည်ကားပြီး တိုးကြိတ် ဝယ်နေကြတုန်းပါပဲ ။ သူတို့တွေအတွက် အစိုးရက ထုတ်ပြန်ထားတဲ့ movement control order (အသွားအလာထိန်ချုပ်ရေးအမိန့်) နဲ့ social distance (သီးခြားခွဲနေရေး) ကို နားမလည် လို့လားမသိ ပုံမှန်အတိုင်း အသွားအလာ မပျက်သေးပါဘူး ။
လက်ရှိ မလေးရှား အခြေအနေက ကိုဗစ်-၁၉ပြန့်နှံ့မှု ကို အရင်ဆုံး ထိန်းချုပ်ဖို့ လိုတဲ့အတွက်ကြောင့် ပထမအဆင့်ဖြစ်တဲ့ လူတွေ အပြင်မထွက်ရအမိန့်ကို ထုတ်ပြန် ထားပါတယ်။ အစိုးရ အမိန့်က အသက်မဝင်လို့ ရဲအင်အားနဲ့တင်မရ ဘဲ စစ်တပ်အင်အားကိုပါ ခေါ်ယူ အားဖြည့်ထားရပါတယ်။ စက်ရုံတွေ အလုပ်ရုံတွေ ရုံးတွေ ပိတ်ထားလို့ အချို့က အားလပ်ရတယ်ထင်ပြီး ဟိုသွားဒီသွား ဆွေမျိုးတွေဆီကို လည်လို့ ပတ်လို့ ကောင်းတုန်းပင်ရှိပါသေးတယ်။ အခုလည်း ရာဂျာအူဒါဈေးက အရောင်းအဝယ်ကောင်းတုန်းဖြစ်နေလို့ ရဲတွေရဲ့ အင်အားမနိုင်လို့ စစ်တပ်ကိုပါ ခေါ်ထားရပါတယ် ။
အဲ့ဒိလူအုပ်ကြီးကို ထိန်းချုပ်ဖို့ အာဏါပိုင်တွေ တစ်ယောက်မှရှိပါဘူး။ လူတွေလုံးထွေးမနေဖို့ ပြောမယ့်ဆိုမယ့် လူလည်းမရှိပါဘူး။ သူတို့တွေက မက်စ်တွေတော့ တပ်ထားပါတယ်။လူဘယ်လောက်စည်လည်းဆိုရင် ဈေးထိပ်က မီးပွိုင့်မှာ ကားတွေတောင် ပိတ်နေ ပါသေးတယ်။ အဲ့လောက်လူတွေ ကျပ်နေတာတောင် ဈေးသည်တွေက အရင်လောက်မစည်တော့ဘူး။
ဒေသခံ ဈေးဝယ်တွေပဲ ရှိတယ်လို့ ညည်းနေကြပါတယ် ။ ရဲတွေကတော့ ကျနော်တို့ အကြိမ်ရေ များစွာ ပြောပြီးပါပြီ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာလေး နေပေးဖို့ ကိုပါ ။ မရပါဘူးဗျာ။ပြောတုန်းခဏပဲ။ပြီးရင် လူတွေ ထပ်ပြီး ဈေးဝယ်နေတော့တာပါပဲ ။ အဲ့ဒိဈေးမှာ ဆိုင်ခန်း ၃၅၀ ရှိတယ် ။ ၂၅၀ ကိုပိတ်ခိုင်းထားလိုက်ပါပြီ။ ဆိုင်ခန်း၁၀၀ နဲ့ ဈေးပြင်က ယာယီဆိုင်ခန်းတွေက ကြိတ်ကြိတ် တိုးနေတာက ခက်နေတာလို့ ရဲတွေကပြောပါတယ်။
မောင်ယဿ
REF:world of buzz / Photo; the star
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …