
International-news






 


မောင်ယဿ


Unicode

အံစာတုံးပုံ ဖရဲသီးတွေကို ဂျပန်တစ်နိုင်ငံလုံးကိုဖြန့်

ဂျပန်နိုင်ငံ တောင်ပိုင်းက ဇန်စူဂျီမြို့က အံစာတုံးပုံ ဖရဲသီးတွေကို လုပ်ပြီးတော့ တစ်နိုင်ငံလုံးကို တင်ပို့ပေးတဲ့မြို့ ပါပဲ ။ ဒီနှစ်တော့ ယန်း တစ်သောင်းတန် ဖရဲသီးမှည့်တွေကို တစ်နိုင်ငံလုံးကိုဖြန့်ဖို့အတွက် အဆင်သင့်ဖြစ် နေပါပြီ ။ သူတို့က သင်္ဘောကို တင်နိုင်ဖို့အတွက် ထုတ်ပိုးပြင်ဆင်မှုတွေ လုပ်နေပါတယ် ။

ဇန်စူဂျီမြို့မှာက ဂျပန်တစ်နိုင်ငံ လုံးကို အံစာတုံး ဖရဲသီးတွေကို ဖြန့်ဖို့ စိုက်ပျိုးနေတဲ့သူက ၇ဦးပဲရှိပါတယ် ။ သူတို့က ၁ပေခွဲ ပတ်လည် ဖရဲသီး တွေကို ၄၀၀ ကုဗလက်မ ဖြစ်အောင် ပြုလုပ်စီမံထားပါတယ် ။ လာမယ့် ဇူလိုင်လ လယ်ထဲ ရောက်ပြီဆိုရင် တိုကျို ၊အိုဆာကာ အစရှိတဲ့ မြို့တွေရဲ့ လက်ကားဆိုင်တွေမှာ အံစာတုံး ဖရဲသီးတွေက ခန့်ခန့် ထည်ထည်ရောက်နေမှာပါ ။

အံစာတုံးဖရဲသီး စိုက်ပျိုးရောင်းချသူ တစ်ဦးဖြစ်တဲ့ အသက်၇၂နှစ်အရွယ် တိုရှိယူကီယာမာရှီတာက “ကျနော်တို့ အံစာတုံး ဖရဲသီးတွေစိုက်ပျိုးထုတ်လုပ်တယ်ဆိုတာက လူတွေကို ပျော်ရွှင်မှု သက်သက် ပေးချင်လို့ပါဘဲ ။ အရင်ကတည်းက အခုလိုဘဲ အံစာတုံး ဖရဲသီးတွေကို ထုတ်လုပ်နေတာပါ ။ အခုလို ကော်ရိုနာဗိုင်းရက်ပြန့်နှံ့ နေတဲ့ ကာလမှာ လူတွေက အိမ်တွင်းအောင်းနေရလို့ စိတ်ဓာတ်တွေ ညစ်ငြူးမှုတွေ ရှိနေမှာပါ ။

ဘာပဲဖြစ်ဖြစ် အံစာတုံး ဖရဲသီးတွေက သူတို့ကို အခိုက်အတန့်တော့ ပျော်ရွှင်မှုပေးနိုင်မှာပါ ။ အံစာတုံး ဖရဲသီးတွေက ဘယ်လို အရသာမျိုး ရှိမလဲဆိုတဲ့ စူးစမ်းစိတ်နဲ့ ဝယ်ယူပြီး စားသောက်ကြမှာပါ အမှန်တော့ ပုံမှန်ဖရဲသီးတွေနဲ့ အရသာက အတူတူပါပဲ ။ ကျနော်တို့က လူတွေရဲ့စိတ်ကို တစ်မျိုး ဖြစ်အောင် ပုံမှန်လမ်းကြောင်းတစ်ခု ကနေ ခွဲထွက်ပြီး လုပ်ပြတာပဲ ရှိပါတယ် ။ မျိုးရိုး ဗီဇ ပြောင်းလဲထားတာမျိုးမရှိ ပါဘူး ။ အံစာတုံးဖရဲသီးစေ့တွေကို စိုက်ရင် ပုံမှန် ဖရဲသီးတွေပဲထွက်လာ မှာပါ”လို့ ဆိုတယ် ။

အံစာတုံးပုံ ဖရဲသီးတွေရဖို့ ဖရဲသီးမရင့်ခင်မှာ ပလက်စတစ်ပုံး တွေထဲကို အသီးနု တွေကို ထည့်ထားတာပါ ။ အဲ့လို့ထည့်ထားပြီး အသီးကို အံစာတုံးပုံ လုပ်တာ ၈၀% နှုန်းလောက်အသီးတင်ပါတယ်လို့ စိုက်ပျိုးတဲ့သူ တွေက ပြောပါတယ် ။ အဲ့လို အံစာတုံးပုံ ဖရဲသီးတွေကို စိုက်ပြီး မြို့ တွေကို တင်ပို့နေတာ နှစ် ၅၀ ကျော်နေပါပြီ ။ သူတို့က အခြားပုံစံတွေကိုလည်း ဖရဲသီးတွေကို ပုံထွက်လာအောင် ကြိုးစားနေကြပါတယ် ။ သူတို့လိုချင်တဲ့ပုံ တွေရပေမဲ့ စီးပွားရေးအရ တွက်ခြေကိုက်အောင် အသီးမတင် သေးတဲ့အတွက် လောလောဆယ် အံစာတုံးပုံ တွေကိုပဲ လုပ်ရောင်းနေတာပါလို့ ဆိုတယ် ။

မောင်ယဿ

REF: japan times /Photo; japan times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …