အေၾကာ္စက္ထဲ ထည့္ေၾကာ္တာက ကင္ဆာျဖစ္ပြားႏိုင္ေျခ ပိုျမႇင့္လို႔ဆို
- By : Phoe Linn
- Category : International-news, Knowledge

အေၾကာ္စက္ထဲ ထည့္ေၾကာ္တာက ကင္ဆာျဖစ္ပြားႏိုင္ေျခ ပိုျမႇင့္လို႔ဆို
Air fryer လို႔ေခၚတဲ့ အေၾကာ္စက္ ထဲကို စားခ်င္တဲ့ အရာေတြ ထည့္ေၾကာ္ စားတာက ပုံမွန္ေၾကာ္တာထက္ ကင္ဆာေရာဂါ ျဖစ္ႏိုင္ေျခ ၄၀ % ပိုတယ္လို႔ ကိုးရီးယား သုေတသန အဖြဲ႕ တစ္ခုက ဆိုပါတယ္ ။ ေခာတ္မီတဲ့ သူေတြက သူတို႔ အိမ္က မီးဖိုေခ်ာင္မွာ ေခာတ္မီတဲ့ ကရိယာေတြကိုပဲ သုံးပါတယ္ ။
ေၾကာ္စားဖို႔ အတြက္ ဒယ္အိုးကို သုံးရင္ ေညာ္တာရယ္ ဆီေပါက္တာရယ္ ေဆးေက်ာ သုတ္သင္ ရတာ ခက္တာရယ္ နဲ႔ အခက္အခဲေတြ အမ်ားႀကီး ရွိေနတယ္ ။ အ့ဒါေတြကို ေက်ာ္ျဖတ္ဖို႔ အတြက္ Air fryer ကို သုံးၾကတယ္ ။ သုံးရတာ လြယ္တယ္ ။ တူးသြားမွာ အတြက္ စိုးရိမ္ၿပီး ေစာင့္ေနစရာ မလိုဘူး ။ ဆီနည္းနည္း ထည့္႐ုံပဲ ဆိုေတာ့ ေခြၽတာရာလည္း ေရာက္ ပါတယ္ ။
ဒါောကာင့္ air fryer ေတြက ေမာ္ဒန္ လူတန္းစားေတြ အတြက္ ေမာ္ဒန္ လူေနမႈစနစ္ ထဲမွာ ပါတဲ့အရာတစ္ခု ျဖစ္ေန ပါတယ္ ။ ဆင္ခ်ဴး ေန႔စဥ္ သတင္းစာထဲမွာ ပါတဲ့ အေၾကာင္းအရာ ေတြေၾကာင့္ ဒီေလာက္အသုံးလြယ္တဲ့ air fryer ကို ဝယ္သုံးဖို႔လက္တြန႔္သြားပါတယ္။ ကိုရီးယား စားသုံးသူမ်ား သမဂၢ ကေနျပဳလုပ္တဲ့ သုေတသန စစ္တမ္းအရ အေၾကာ္စက္ကိုသုံးၿပီး ေၾကာ္တဲ့ အစားအစာေတြမွာ ကင္ဆာကို ျဖစ္ေစတတ္တဲ့ ကာဆီႏိုဂ်င္ လို႔ေခၚတဲ့ ဓာတ္ေတြ ပါဝင္မႈ အရမ္းျမင့္ တယ္လို႔ဆိုပါတယ္ ။
သုေတသီေတြက အေၾကာ္စက္အမ်ိဳးအစား ၁၀မ်ိဳးကို စမ္းသက္ပါတယ္။ စက္ထဲမွာ ဒီကရီ ၂၀၀ ထားၿပီး အသီးအ႐ြက္ေတြနဲ႔ အသားေတြကို ထည့္ေၾကာ္ပါတယ္။ အဲ့ဒိထဲက အေၾကာ္ေတြကို ကာဆီႏိုဂ်င္ပါဝင္မႈ တိုင္းတာတဲ့အခါ အီးယူက သတ္မွတ္ထားတဲ့ စံႏႈန္းထက္ အမ်ားႀကီး ပိုေနတာကို ေတြ႕ရပါတယ္။ သူတို႔က သူတို႔စမ္းသက္တဲ့ အေၾကာ္စက္နာမည္ေတြကို မေဖာ္ျပေပမဲ့ အေၾကာ္စက္အား လုံးနီးပါမွာ ျဖစ္တတ္တဲ့ အေၾကာ္ေတြမွာ ကာဆီႏိုဂ်င္ ပါဝင္မႈျမႇင့္တက္လာတာကိုပဲ ရည္႐ြယ္ေျပာဆိုခဲ့ပါတယ္။
မေနႏိုင္လို႔ အေၾကာ္စက္ကေလးဝယ္ၿပီး ေၾကာ္စားမယ္ဆိုရင္ေတာ့ တစ္၂ခါ ၃ခါေလာက္ပဲေၾကာ္စားပါ၊ အပူခ်ိန္ကို ၁၈၀ထက္မေက်ာ္မိေစနဲ႔ ေက်ာ္သြားရင္ ကာဆီႏိုဂ်င္ေတြ ထြက္လာတတ္လို႔ ကင္ဆာျဖစ္သြားႏိုင္တယ္။ စက္ထဲမွာအၾကာႀကီးမထားနဲ႔။ တူးေအာင္မေၾကာ္နဲ႔။ ၿပီးေတာ့ေျပာခ်င္တာက ဟင္းသီးဟင္း႐ြက္ကို အေၾကာ္စက္နဲ႔ လုံးဝမေၾကာ္နဲ႔ဆိုတာပါပဲ ။
ေမာင္ယႆ REF: world of buzz
Unicode
အကြော်စက်ထဲ ထည့်ကြော်တာက ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုမြှင့်လို့ဆို
Air fryer လို့ခေါ်တဲ့ အကြော်စက် ထဲကို စားချင်တဲ့ အရာတွေ ထည့်ကြော် စားတာက ပုံမှန်ကြော်တာထက် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၄၀ % ပိုတယ်လို့ ကိုးရီးယား သုတေသန အဖွဲ့ တစ်ခုက ဆိုပါတယ် ။ ခောတ်မီတဲ့ သူတွေက သူတို့ အိမ်က မီးဖိုချောင်မှာ ခောတ်မီတဲ့ ကရိယာတွေကိုပဲ သုံးပါတယ် ။
ကြော်စားဖို့ အတွက် ဒယ်အိုးကို သုံးရင် ညော်တာရယ် ဆီပေါက်တာရယ် ဆေးကျော သုတ်သင် ရတာ ခက်တာရယ် နဲ့ အခက်အခဲတွေ အများကြီး ရှိနေတယ် ။ အ့ဒါတွေကို ကျော်ဖြတ်ဖို့ အတွက် Air fryer ကို သုံးကြတယ် ။ သုံးရတာ လွယ်တယ် ။ တူးသွားမှာ အတွက် စိုးရိမ်ပြီး စောင့်နေစရာ မလိုဘူး ။ ဆီနည်းနည်း ထည့်ရုံပဲ ဆိုတော့ ချွေတာရာလည်း ရောက် ပါတယ် ။
ဒါောကာင့် air fryer တွေက မော်ဒန် လူတန်းစားတွေ အတွက် မော်ဒန် လူနေမှုစနစ် ထဲမှာ ပါတဲ့အရာတစ်ခု ဖြစ်နေ ပါတယ် ။ ဆင်ချူး နေ့စဉ် သတင်းစာထဲမှာ ပါတဲ့ အကြောင်းအရာ တွေကြောင့် ဒီလောက်အသုံးလွယ်တဲ့ air fryer ကို ဝယ်သုံးဖို့လက်တွန့်သွားပါတယ်။ ကိုရီးယား စားသုံးသူများ သမဂ္ဂ ကနေပြုလုပ်တဲ့ သုတေသန စစ်တမ်းအရ အကြော်စက်ကိုသုံးပြီး ကြော်တဲ့ အစားအစာတွေမှာ ကင်ဆာကို ဖြစ်စေတတ်တဲ့ ကာဆီနိုဂျင် လို့ခေါ်တဲ့ ဓာတ်တွေ ပါဝင်မှု အရမ်းမြင့် တယ်လို့ဆိုပါတယ် ။
သုတေသီတွေက အကြော်စက်အမျိုးအစား ၁၀မျိုးကို စမ်းသက်ပါတယ်။ စက်ထဲမှာ ဒီကရီ ၂၀၀ ထားပြီး အသီးအရွက်တွေနဲ့ အသားတွေကို ထည့်ကြော်ပါတယ်။ အဲ့ဒိထဲက အကြော်တွေကို ကာဆီနိုဂျင်ပါဝင်မှု တိုင်းတာတဲ့အခါ အီးယူက သတ်မှတ်ထားတဲ့ စံနှုန်းထက် အများကြီး ပိုနေတာကို တွေ့ရပါတယ်။ သူတို့က သူတို့စမ်းသက်တဲ့ အကြော်စက်နာမည်တွေကို မဖော်ပြပေမဲ့ အကြော်စက်အား လုံးနီးပါမှာ ဖြစ်တတ်တဲ့ အကြော်တွေမှာ ကာဆီနိုဂျင် ပါဝင်မှုမြှင့်တက်လာတာကိုပဲ ရည်ရွယ်ပြောဆိုခဲ့ပါတယ်။
မနေနိုင်လို့ အကြော်စက်ကလေးဝယ်ပြီး ကြော်စားမယ်ဆိုရင်တော့ တစ်၂ခါ ၃ခါလောက်ပဲကြော်စားပါ၊ အပူချိန်ကို ၁၈၀ထက်မကျော်မိစေနဲ့ ကျော်သွားရင် ကာဆီနိုဂျင်တွေ ထွက်လာတတ်လို့ ကင်ဆာဖြစ်သွားနိုင်တယ်။ စက်ထဲမှာအကြာကြီးမထားနဲ့။ တူးအောင်မကြော်နဲ့။ ပြီးတော့ပြောချင်တာက ဟင်းသီးဟင်းရွက်ကို အကြော်စက်နဲ့ လုံးဝမကြော်နဲ့ဆိုတာပါပဲ ။
မောင်ယဿ REF: world of buzz
No Comments