
အေရျပားအတြက္လိုအပ္တဲ့ဗီတာမင္””
အမ်ိဳးသမီးမ်ား အတြက္သာမက အမ်ိဳးသားမ်ားပါ မိမိတို႔ရဲ႕ မ်က္ႏွာျပင္ အေရျပားကို ေကာင္းမြန္ သန႔္စင္လိုၾကတာက သဘာဝပါပဲ။ အေရျပားအတြက္ ဆိုရင္ ဗီတာမင္အခ်ိဳ႕ဟာ မရွိမျဖစ္ လိုအပ္ပါတယ္။အဓိက အေရျပားအတြက္ လိုအပ္ေနတဲ့ ဗီတာမင္ေတြကေတာ့ ဗီတာမင္ ေအဗီတာမင္ စီ ၊ ဗီတာမင္ အီး တို႔ပဲ ျဖစ္ပါတယ္။ အေရျပားဆိုင္ရာ ကြၽမ္းက်င္သူ အထူးကု အေတာ္မ်ားမ်ားရဲ႕ အဆိုကေတာ့ အင္ဒီေအာက္ဆီးဒင့္ (Antioxidants) ေတြဟာ ဖရီးရယ္ဒီကယ္ ေတြကိုထုတ္ေပးႏိုင္ၿပီး အေရျပားမွာ အေရးအေၾကာင္းျဖစ္တာ ေရာင္ရမ္းတာေတြကို မျဖစ္ေအာင္ ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္တယ္လို႔ ဆိုတာပါပဲ။ အင္ဒီေအာက္ဆီးဒင့္ေတြျဖစ္တဲ့ ဗီတာမင္ ေအ၊ စီ ၊ အီး တို႔ကို အလွကုန္မ်ားမွာ ထည့္သြင္းျပဳလုပ္လာၿပီျဖစ္ပါတယ္။ ဒါဆို ဒီဗီတာမင္ေတြဟာ အေရျပားအတြက္ ဘယ္ေလာက္ထိ အေထာက္အကူ ျပဳႏိုင္မလည္း ဆိုတာ သိေစခ်င္လို႔ ေျပာျပခ်င္ပါတယ္။
ဗီတာမင္ ေအ….
(Anti aging) ဗီတာမင္ေအဟာ ရက္တီေနာနဲ႔ အတူတူလို႔ ဆိုထားပါတယ္။အေရျပားေပၚကအေရးအေၾကာင္းေတြ အဖုအပိန႔္ေတြ အေရျပား မညီမညာမူွေတြ၊ အမာ႐ြတ္ေတြ ၊ ဝက္ၿခံေတြကို သက္သာေပ်ာက္ကင္း ေစပါတယ္။ရက္တီေနာကို တစ္ပတ္လွ်င္ တစ္ႀကိမ္မွ်သာလိမ္းေပးပါ။ ရက္တီေနာကို ဗီတာမင္စီနဲ႔တြဲမလိမ္း့ရပါ။ အသားအေရကို ပိုၿပီးေျခာက္ေသြ႕ေစတာမို႔ပါ။
ဗီတာမင္ ေအ ရႏိုင္မဲ့ အစားအစာမ်ား”’
အမဲအသည္း ၊ ကန္စြန္းဥ၊ သရက္သီးဘ႐ိုကိုလီ ၊ ဟင္းႏုႏြယ္ ၊ ကိုက္လန္ဖရဲသီး ၊ မုန္လာဥနီ စတဲ့အစားအစာေတြပဲဖစ္ပါတယ္။
ဗီတာမင္စီ”’
(Brightening)ဗီတာမင္စီဟာ သင့္ရဲ႕ ႏြမ္းနယ္ပင္ပန္းၿပီး မြဲေျခာက္ေနတဲ့ အသားအေရအတြက္ လြန္စြာ အက်ိဳးျပဳေစပါတယ္။ ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာက္ျခည္ေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရကို ျပန္လည္ေကာင္းမြန္လာရန္ အေထာက္အကူျပဳပါတယ္။အေရျပားကိုတင္းရင္းေစတဲ့အတြက္ ႏုပ်ိဳမူွကိုရရွိေစပါတယ္။ အသားအေရာင္မညီတာေတြကိုလည္းညီ မွ် ေအာင္ညႇိေပးပါတယ္။
ဗီတာမင္စီရႏိုင္မဲ့အစားအစာေတြကေတာ့……
ဘ႐ိုကိုလီ လီမြန္ လိုင္ခ်ီး စေတာ္ဘယ္ရီ သေဘၤာသီး ခရမ္းခ်ဥ္သီး င႐ုပ္ေကာင္း ကန္စြန္းဥ ဟင္းႏုႏြယ္ ေဂည္ဖီထုတ္ ပန္းေဂၚဖီ အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္စတာေတြပဲျဖစ္ပါတယ္။
ဗီတာမင္ အီး””’
(Moisturizing) ဗီတာမင္အီးဟာ အရမ္းအားမျပင္းတဲ့ အင္တီေအာက္ဆီးဒင့္တစ္မ်ိဳးျဖစ္ၿပီးရက္တီေနာနဲ႔ မတည့္တဲ့ အသားအေရဒါမွမဟုတ္ Sensitive အသားအေရအတြက္အလြန္ပင္ သင္ေတာ္လွပါတယ္။ အေရျပားကိုဖရီးရယ္ဒီကယ္ ေတြက ကာကြယ္ေပးၿပီး အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။ အေရျပားကို အစိုဓာတ္ေပးၿပီး အမာ႐ြတ္မျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ ဗီတာမင္ အီးကိုဗီတာမင္စီနဲ႔တြဲပီးလိမ္းေပးႏိုင္ပါတယ္။
ဗီတာမင္အီးရႏိုင္မဲ့အစားအစာမ်ား….
ဗီတာမင္အီးေကာင္းမြန္စြာ ရရွိဖို႔ဆိုရင္ အေစ့အဆန္ အမ်ိဳးမ်ိဳးကို စားေပးရမွာျဖစ္ပါတယ္။ အယ္လ္မြန္ေစ့ ေနၾကာေစ့ ေျမပဲ သစ္အယ္သီးတို႔ျဖစ္ၿပီးဟင္းသီးဟင္း႐ြက္ဆီ နဲ႔အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္ တို႔ကလည္း ဗီတာမင္အီး ႂကြယ္ဝလွတာမို႔ စားသုံးေပးပါ။
ကဲ အေရျပားအတြက္ အာဟာရေတြကို သိရၿပီဆိုရင္ မိမိတိုအေရျပား အလွကိုမိမိတို႔ကိုယ္တိုင္ ထိန္းသိမ္းႏိုင္ၾကၿပီေပါ့……
စႏၵီျမင့္မိုရ္#
Unicode
အရေပြားအတွက်လိုအပ်တဲ့ဗီတာမင်””
အမျိုးသမီးများ အတွက်သာမက အမျိုးသားများပါ မိမိတို့ရဲ့ မျက်နှာပြင် အရေပြားကို ကောင်းမွန် သန့်စင်လိုကြတာက သဘာဝပါပဲ။ အရေပြားအတွက် ဆိုရင် ဗီတာမင်အချို့ဟာ မရှိမဖြစ် လိုအပ်ပါတယ်။အဓိက အရေပြားအတွက် လိုအပ်နေတဲ့ ဗီတာမင်တွေကတော့ ဗီတာမင် အေဗီတာမင် စီ ၊ ဗီတာမင် အီး တို့ပဲ ဖြစ်ပါတယ်။ အရေပြားဆိုင်ရာ ကျွမ်းကျင်သူ အထူးကု အတော်များများရဲ့ အဆိုကတော့ အင်ဒီအောက်ဆီးဒင့် (Antioxidants) တွေဟာ ဖရီးရယ်ဒီကယ် တွေကိုထုတ်ပေးနိုင်ပြီး အရေပြားမှာ အရေးအကြောင်းဖြစ်တာ ရောင်ရမ်းတာတွေကို မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်နိုင်တယ်လို့ ဆိုတာပါပဲ။ အင်ဒီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် အေ၊ စီ ၊ အီး တို့ကို အလှကုန်များမှာ ထည့်သွင်းပြုလုပ်လာပြီဖြစ်ပါတယ်။ ဒါဆို ဒီဗီတာမင်တွေဟာ အရေပြားအတွက် ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်မလည်း ဆိုတာ သိစေချင်လို့ ပြောပြချင်ပါတယ်။
ဗီတာမင် အေ….
(Anti aging) ဗီတာမင်အေဟာ ရက်တီနောနဲ့ အတူတူလို့ ဆိုထားပါတယ်။အရေပြားပေါ်ကအရေးအကြောင်းတွေ အဖုအပိန့်တွေ အရေပြား မညီမညာမူှတွေ၊ အမာရွတ်တွေ ၊ ဝက်ခြံတွေကို သက်သာပျောက်ကင်း စေပါတယ်။ရက်တီနောကို တစ်ပတ်လျှင် တစ်ကြိမ်မျှသာလိမ်းပေးပါ။ ရက်တီနောကို ဗီတာမင်စီနဲ့တွဲမလိမ်း့ရပါ။ အသားအရေကို ပိုပြီးခြောက်သွေ့စေတာမို့ပါ။
ဗီတာမင် အေ ရနိုင်မဲ့ အစားအစာများ”’
အမဲအသည်း ၊ ကန်စွန်းဥ၊ သရက်သီးဘရိုကိုလီ ၊ ဟင်းနုနွယ် ၊ ကိုက်လန်ဖရဲသီး ၊ မုန်လာဥနီ စတဲ့အစားအစာတွေပဲဖစ်ပါတယ်။
ဗီတာမင်စီ”’
(Brightening)ဗီတာမင်စီဟာ သင့်ရဲ့ နွမ်းနယ်ပင်ပန်းပြီး မွဲခြောက်နေတဲ့ အသားအရေအတွက် လွန်စွာ အကျိုးပြုစေပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောက်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်လာရန် အထောက်အကူပြုပါတယ်။အရေပြားကိုတင်းရင်းစေတဲ့အတွက် နုပျိုမူှကိုရရှိစေပါတယ်။ အသားအရောင်မညီတာတွေကိုလည်းညီ မျှ အောင်ညှိပေးပါတယ်။
ဗီတာမင်စီရနိုင်မဲ့အစားအစာတွေကတော့……
ဘရိုကိုလီ လီမွန် လိုင်ချီး စတော်ဘယ်ရီ သင်္ဘောသီး ခရမ်းချဉ်သီး ငရုပ်ကောင်း ကန်စွန်းဥ ဟင်းနုနွယ် ဂေည်ဖီထုတ် ပန်းဂေါ်ဖီ အစိမ်းရောင်ဟင်းသီးဟင်းရွက်စတာတွေပဲဖြစ်ပါတယ်။
ဗီတာမင် အီး””’
(Moisturizing) ဗီတာမင်အီးဟာ အရမ်းအားမပြင်းတဲ့ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီးရက်တီနောနဲ့ မတည့်တဲ့ အသားအရေဒါမှမဟုတ် Sensitive အသားအရေအတွက်အလွန်ပင် သင်တော်လှပါတယ်။ အရေပြားကိုဖရီးရယ်ဒီကယ် တွေက ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပါတယ်။ အရေပြားကို အစိုဓာတ်ပေးပြီး အမာရွတ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် အီးကိုဗီတာမင်စီနဲ့တွဲပီးလိမ်းပေးနိုင်ပါတယ်။
ဗီတာမင်အီးရနိုင်မဲ့အစားအစာများ….
ဗီတာမင်အီးကောင်းမွန်စွာ ရရှိဖို့ဆိုရင် အစေ့အဆန် အမျိုးမျိုးကို စားပေးရမှာဖြစ်ပါတယ်။ အယ်လ်မွန်စေ့ နေကြာစေ့ မြေပဲ သစ်အယ်သီးတို့ဖြစ်ပြီးဟင်းသီးဟင်းရွက်ဆီ နဲ့အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် တို့ကလည်း ဗီတာမင်အီး ကြွယ်ဝလှတာမို့ စားသုံးပေးပါ။
ကဲ အရေပြားအတွက် အာဟာရတွေကို သိရပြီဆိုရင် မိမိတိုအရေပြား အလှကိုမိမိတို့ကိုယ်တိုင် ထိန်းသိမ်းနိုင်ကြပြီပေါ့……
စန္ဒီမြင့်မိုရ်#
No Comments