
International-news










Unicode

အမေရိကန် ရဲ ပြုပြင်ပြောင်းလဲရေး အတွက် လွှတ်တော်ပေါ်မှာ အချေအတင် ပြောကြပြီ

မနေ့(ဗုဒ္ဓဟူးနေ့)က အမေရိကန် အောက်လွှတ်တော်က ဒီမိုကရက်တစ် အမတ်တွေနဲ့ အထက်လွှတ်တော် ရီပါပလင်ကင် အမတ်တွေ လွှတ်တော်ထဲမှာ အမေရိကန် ရဲတွေကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် အဆိုပေါ်မှာ အချေတင် စကားပြောခဲ့ကြပါတယ် ။

အမေရိကန်မှာ ၃ပတ်ဆက်တိုက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ ကိစ္စအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ရဲတွေက ပြည်သူအပေါ် ဆက်ဆံမှု မှားယွင်း နေတာကို ထောက်ပြ ဆွေးနွေးတဲ့ အဆိုအပေါ်ကို ဆီနိတ်တာ ( အထက်လွှတ်တော်အမတ် ) တွေ က ဖိအားသုံးပြီး ကန့်ကွက် ခဲ့ကြပါတယ် ။ အမေရိကန်ပြည်သူတွေက လူဖြူရဲ တွေရဲ့ ရက်စက်မှုကြောင့် သေဆုံးခဲ့သူ ဂျော့ဖလွိုက်အပါအဝင် လူမဲ ( အာဖရိကန်နွယ်ဖွား အမေရိကန်သား တွေ ) အပေါ် ဖိနှိပ်မှုကို ဆန္ဒပြခဲ့ကြတာပါ ။

ရဲတွေရဲ့ ကျင့်ထုံးပါ တရားမျှတမှု ဆိုတဲ့ စကားလုံးအပေါ် ၂ ဖက် အချေအတင် စကားများ ခဲ့ကြရာက လွှတ်တော် ခုံရုံး အဖွဲ့က အဆို ခိုင်မာခဲ့ရင် မဲခွဲ ဆုံးဖြတ်မယ်လို့ ကြေညာခဲ့ပါတယ် ။ အောက်လွှတ်တော် ဒိမိုကရက်တစ် အမတ်တွေ နိုင်ခဲ့ရင် လက်ရှိ ရဲကျင့်ထုံး ကို ပြန်လည်ပြင်ဆင်မယ့် ဥပဒေတစ်ရပ် ပေါ်ထွက်လာမှာ ဖြစ်ပါတယ် ။

ပြုပြင်ပြောင်းလဲရေးမှာ မူးယစ်ဆေးဝါး ကိစ္စမှာ ဝရမ်းမလို အသိပေးစရာ မလိုဘဲ ဝင်ရောက်ဖမ်းဆီးမှု နဲ့ စစ်တပ်သုံး အဆင့် လက်နက် ကိုင်ဆောင်မှု ကန့်သတ်ဖို့ ကိစ္စတွေ ပါဝင်လာပါတယ် ။ နောက်ပြီး အရပ်ဖက် တရားရုံး ဆောင်ရွက်မှုနဲ့ ရဲကျင့်ထုံးဆိုင်ရာ ကိစ္စအချို့ကို အလွယ်တကူ ထိန်းချုပ်နိုင်ဖို့ ကိစ္စတွေလည်း ပါပါတယ် ။

အောက်လွှတ်တော်အမတ် ဂျာရီ နာဒယ်က “ရဲတွေ နှိပ်စက်လို့ သေခဲ့ရတဲ့ ဂျော့ဖလွိုက် ၊ ဗီရိုနာတေလာ၊ အဲ့ရစ်ဂန်နာ ၊ အမာဒူ ဒီယာလို၊ တေမာရိုက်စ် ၊ ဝေါ်တာစကော့ ၊ လာကွမ်မက်ဒေါ်နယ် နဲ့ ရေးရှားဘရုခ် ကိစ္စတွေကို ပြန်လေ့လာကြည့်ပါ ။ ဒိထက်မက ကိစ္စတွေ အများကြီး ပဲ ရဲတွေရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေ ကြည့်ပေးကြပါဦး ၊ ပြည်သူတွေမှာ တရား မျှတတဲ့ အဖြေတစ်ခု မရခဲ့ဘူး ။ အဲ့ဒိကိစ္စတွေမှာလည်း လွှတ်တော်က ဆွံ့ အ နားမကြားကြီး လိုနေနေခဲ့တယ် ။ ပြုပြင်ပြောင်းလဲမှုကို ဒီကနေ့ စမယ် ။ ကျနော်တို့တွေ အအကြီးတွေ မဟုတ်ဘူးဆိုတာ ပြည်သူတွေကို ပြဖို့ကောင်းပြီ”လို့ ဆိုတယ် ။

ရဲကျင့်ထုံး ပြုပြင် ပြောင်းလဲဖို့ ဥပဒေကြမ်းကို ကော်မတီက ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင် နေချိန်မှာ ရီပါပလင်ကင် အမတ်တွေက ဥပဒေကြမ်းထဲက ပြောင်းလဲဖို့မလိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေ ထပ်တင်လာတဲ့အတွက် အချေတင် စကားပြောစရာဖြစ်လာခဲ့ပါတယ်။ ရီပါပလင်ကင် ဆီနိတ်တာ ဂျင်မ်ဂျော်ဒန်က “ ရဲအများစုက တကယ်တော့ လုပ်ငန်းကြီးတွေ လုပ်နေရတဲ့ တစ်ကိုယ်တော် သမားတွေဖြစ်ပါတယ် ။

ယူနီဖောင်း ဝတ်ပြီး အသက်စွန့်ရတဲ့ လုပ်ငန်းတွေ လုပ်နေရတဲ့သူတွေပါ ။ ကျနော်က သူတို့ကို ချုပ်ထားလေ သူတို့ကို ပိုပြီး အသက်စွန့် ခိုင်းရလေဖြစ်နေပါတယ် ။ အဲ့ဒိ အတွက် မလိုအပ်ဘဲ သူတို့ကို ဥပဒေနဲ့ မချုပ် ထားတာက ပိုကောင်းပါတယ် ။ နောင်ဆိုရင် ရဲလုပ်မယ့် သူတစ်ယောက်မှ မရှိဘဲ ဖြစ်သွားပါလိမ့်မယ်”လို့ ဆိုတယ် ။

မောင်ယဿ REF: UPI photo ; UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …