International-news
မောင်ယဿ
Unicode
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး စစ်ဆေးခိုင်း ရာမှ ဌာနက နာဒီယာလို့ခေါ်တဲ့ ၄ နှစ်အရွယ် ကျားမလေးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ အတည်ပြု ပြောကြား လိုက်ပါတယ် ။
“ကျနော်တို့ အခုလို ကြေညာလိုက်တာက အားလုံး သိအောင်လို့ပါ ။ တောရိုင်း တိရစ္ဆာန်တွေမှာ လည်း ဒီရောဂါပိုး ကူးစက်နိုင်တယ်လို့ ပြောတာပါ ။ နာဒီယာမှာ ကော်ရိုနာ ဗိုင်းရပ်တွေ့လို့ အခြားအကောင်းတွေကိုလည်း စစ်ဆေး ကြည့်ပါသေးတယ်။ မတွေ့သေးပါဘူး။ နာဒီယာနဲ့ သူ့ညီမ အေမာ တို့က မလေးမျိုးတွေပါ ။ အာဖရိကားမျိုး တွေနဲ့ တောင်ပေါ်မျိုးတွေ မှာတော့ ရောဂါပိုးကူးစက်တာ မတွေ့သေးပါဘူး ။
ဒါပေမဲ့ ကြောင်ရိုင်းလေးကောင်က အစားမစား ဖြစ်ပြီး အပူချိန်တွေ တက်နေလို့ စစ်ဆေးမှု တွေ လုပ်ထားပါတယ် ။ သူတို့ကို ထိန်းသိမ်းတဲ့ ဝန်ထမ်း တွေကိုလည်း ဂရုစိုက်ဖို့ မှာထားပါတယ် ” လို့ အုပ်ချုပ်ရေးမှူးက ဆိုတယ် ။ လက်ရှိမှာက တိရစ္ဆာန်ရုံ ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား ခဲ့ပါတယ် ။ ဝန်ထမ်းက ဆေးရုံ တက်ရောက် ကုသပြီး ပျောက်ကင်းလုနီးပါး အခြေအနေ ဖြစ်နေပါပြီ ။
“ကျနော်တို့က ဝန်ထမ်းတွေကို သင့်တော်တဲ့ အကာအကွယ်တွေ စီစဉ် ပေးထားပါတယ် ။ ပြဿနာက ကြောင်လေးကောင်ရဲ့ ပြဿနာပါပဲ ။ အဲ့ကောင်တွေကို ရုံထဲမှာ ထားတာတောင် အပေါက် ရှာပြီး ထွက် ကြတာပါပဲ ။ အခုတော့ အဲ့ကောင်တွေရဲ့လှောင်အိမ်ကို သံဇကာ ၂ထပ်နဲ့ ထပ်ထား ရပါတယ်”လို့ ဆိုတယ် ။
တိရစ္ဆာန် တွေကနေ လူတွေကို ကူးစက်တာလား ၊ လူတွေကနေ တိရိစ္ဆာန်တွေ ကို ကူးစက်တာလားဆိုတဲ့ အဖြေ ကိုတော့ မရသေးပေမဲ့ ကျန်းမာရေး အာဏါပိုင်တွေက ဘယ်လို အနေထားပဲ ဖြစ်ဖြစ် သီးခြား ခွဲနေကြဖို့အတွက် ညွှန်ကြားချက်တွေ ပေးထားပါတယ် ။
မောင်ယဿ
ကိုးကား- U P I / ဓာတ်ပုံ- sky news
No Comments
Leave a Reply
Your email address will not be published. Required fields are marked *
တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို
International-news
တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို
တရုတ်က ကော်ရိုနာဗိုင်းရက်ကို အယောင်ပြပြီး တောင်တရုတ်ပင်လယ်ကို ကျူးကျော်နေဟုဆို မနေ့က ဂျပန်နိုင်ငံ အမေရိကန်စစ်တပ်ဦးစီးမှူးက တောင်တရုတ် ပင်လယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှု တွေကို ဖိအားပေးရန်အတွက် ကော်ရိုနာဗိုင်းရက်ပြန်နှံ့မှုကို အယောင်ပြ လှုပ်ရှားမှုတွေကို လုပ်နေတယ်လို့ ဆိုတယ် ။ သူက လက်ရှိ တောင်တရုတ်ပင်လယ် အတွင်းမှာ တရုတ်တို့ရဲ့ စစ်အင်အားတိုးမြှင့် နေခြင်းနဲ့ ပတ် သက်ပြီး အခုလို ဆိုလိုက်ခြင်း ဖြစ်ပါတယ် ။ ရိုက်တာသတင်းဌာနနဲ့ ဖုန်းအင်တာဗျူးမှာ သူက “ခင်ဗျားတို့ တွေးကြည့်လို့ ရပါတယ် ။ တရုတ်နိုင်ငံတင် မကဘူး ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကော်ရိုနာဗိုင်းရက် ကိစ္စနဲ့ အခက်အခဲတွေ ဖြစ်နေပါတယ် ။ ဒါပေမဲ့ …
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
International-news
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို
လူငယ်တွေ သွေးလှူပြီးရင် သံဓာတ် အားဖြည့်ဆေးသောက်ရန်လို လေ့လာမှု အသစ်တစ်ခုက သွေးလှူတဲ့ လူငယ်တွေမှာ နှစ်ရှည်လများ သံဓာတ်ချို့တဲ့ခြင်းတွေ ဖြစ်ပေါ်တတ်လို့ သွေးလှူပြီးတဲ့နောက်မှာ သံဓာတ် အားဖြည့်ဆေးတွေ သောက်သုံးရန်လိုတယ်လို့ သတိပေးထားပါတယ် ။ အမေရိကားမှာ ဆိုရင် ၁၆ နှစ်က ၁၈နှစ် အတွင်း လူငယ်တွေက သွေးလှူတဲ့ သူအများဆုံး အုပ်စုတွေ ဖြစ်ပါတယ် ။ ၂၀၁၆ ကနေ ၂၀၁၈ အထိ သွေး ပထမဆုံးလှူတဲ့ လူငယ် ၃၁၀၀၀ ကျော်ကို လေ့လာမှု ပြုခဲ့ရာ ၁၀ ယောက်မှာ ၁ ယောက် သံဓာတ်ချို့တဲ့ မှု လက္ခဏါ တွေကို ခံစား နေရတယ်လို့ …
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
International-news
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်
ပီနန် ကမ်းခြေတစ်လျှောက် ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ် မေလ နောက်ဆုံးပတ် အတွင်း မလေးရှားနိုင်ငံ ပီနန် ကမ်းခြေ တစ်လျှောက်မှာ ငါးတွေ အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်နေခဲ့ပြီး ဘာကြောင့်သေဆုံးမှု ဖြစ်ပေါ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့ရတယ်လို့ ဒေသခံအာဏါပိုင် တွေက ဆိုပါတယ် ။ သည်စတား သတင်းစာ အဆိုအရ ဒေသခံ ငါးလုပ်ငန်း ဦးစီးဌာနက တော့ အဲ့ဒိ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခြင်းက တစ်စုံတရာသော ဘေးအန္တရာယ် ကျရောက်တော့မယ် ဆိုတဲ့ အရိပ် လက္ခဏါမဟုတ်ပါဘူလို့ ဆိုတယ် ။ အဲ့လို သေဆုံးနေခြင်းက ငါးတွေမှာ ဖြစ်တတ်တဲ့ သဘာဝ …