အေမရိကန္ စစ္တပ္အတြင္းက မုဒိမ္းမႈမ်ား

အေမရိကန္ စစ္တပ္အတြင္းက မုဒိမ္းမႈမ်ား
International-news

အေမရိကန္ စစ္တပ္အတြင္းက မုဒိမ္းမႈမ်ား

လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက မီဒီယာေတြမွာ ေဖာ္ျပခြင့္ မရတာက အေမရိကန္ စစ္တပ္ထဲက စစ္သမီးေတြကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရျခင္းပါပဲ ။ အနည္းဆုံး စစ္တပ္ထဲက စစ္သမီး ၃၂ % က အလိုမတူဘဲ လိင္ဆက္ဆံတာကို ခံခဲ့ရၿပီး ၈၀ % က သားေျပာ မယားေျပာ ထိကပါး ရိကပါး အလုပ္ခံေနရပါတယ္ ။ ၂၀၁၁ အစီရင္ခံစာတစ္ခုမွာ အေမရိကန္ စစ္တပ္အတြင္းက အမ်ိဳးသမီး စစ္သည္ေတြက တိုက္ပြဲမွာ က်ဆုံးတာထက္ တပ္အတြင္းမွာ စစ္သားေတြနဲ႔ အရာရွိေတြရဲ႕ မုဒိမ္းက်င့္ခံ ရတာက ပိုမ်ားပါတယ္လို႔ ဆိုတယ္ ။

၂၀၁၂ ပင္တာဂြန္ စစ္ဌာခ်ဳပ္ရဲ႕ တိုင္းတာမႈ အရ အဲ့ဒိႏွစ္ တစ္ႏွစ္အတြင္းမွာပဲ မုဒိမ္းက်င့္ခံရတဲ့ စစ္သားနဲ႔ စစ္သမီး ၂၆၀၀၀ အထိရွိတယ္လို႔ သိရပါတယ္ ။ အဲ့ဒိထဲမွာ မုဒိမ္းက်င့္ခံရလို႔ အထက္ဌာနကို တိုင္ၾကားတာက ၃၃၇၄ မႈပဲ ရွိပါတယ္ ။ ၂၀၁၃ မွာလည္းပဲ ပင္တာဂြန္က သူတို႔ရဲ႕ စုံစမ္းမႈေတြကို ဆက္လုပ္ေတာ့ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ ၅၀၆၁ မႈ ျဖစ္တာကို ေတြ႕ခဲ့ ရပါတယ္ ။ ပင္တာဂြန္ စစ္ေဆးေရးမႉးကေတာ့ အေမရိကန္စစ္တပ္ ထဲမွာ အဲ့လို ေျပာင္းလဲမႈေတြ ျဖစ္လာတာက အျပဳသေဘာ ေဆာင္တဲ့ ေျပာင္းလဲမႈ ပါပဲလို႔ဆိုပါတယ္ ။

အဲ့ဒိတိုင္တန္း မႈေတြကို စစ္ခုံ႐ုံးကေန ၄၈၄ မႈကိုတရား႐ုံး တင္ႏိုင္ခဲ့ၿပီး ၃၇၆ ဦးကိုပဲ အျပစ္ေပးႏိုင္ခဲ့ပါတယ္ ။ အခုဆိုရင္ စစ္တပ္ထဲမွာမွ မဟုတ္ဘဲ ေလေၾကာင္းလိုင္းေတြ အတြက္ ေလယာဥ္မႉး ေလ့က်င့္ေပးတဲ့ သင္တန္းမွာလည္း ေလယာဥ္စက္ျပင္ ဝန္ထမ္း အမႈထမ္း ၅ ဦး ေလယာဥ္မႉးေတြနဲ႔ ေလေၾကာင္းလိုင္း အရာရွိေတြရဲ႕ လိင္ပိုင္း ဆိုင္ရာ ေစာ္ကားမႈ ကိုခံခဲ့ရတယ္လို႔ တိုင္တန္းမႈ လက္ခံရရွိခဲ့ပါတယ္ ။

၂၀၁၅ ခုႏွစ္က ကာကြယ္ေရး ဝန္ႀကီးဌာနရဲ႕ စုံးစမ္းစစ္ေဆးမႈအရ ၅၂ % ေသာ စစ္မႈထမ္း အမ်ိဳးသမီးေတြက အထက္အရာရွိေတြရဲ႕ လိုအင္ဆႏၵကို မျဖည့္ေပးႏိုင္ဘူးဆိုရင္ လုပ္ငန္းပိုင္း လူမႈေရးပိုင္း အုပ္ခ်ဳပ္ေရး ပိုင္းဆိုင္ရာမွာ ထိခိုက္မႈေတြရွိ တဲ့အျပင္ကို အျပစ္ေပးခံရမႈ အထိရွိေနပါတယ္ ။ အခ်ိဳ႕ဆိုရင္ တာဝန္က ရပ္ဆိုင္းမႈ ေပးခံရတဲ့အထိ ျဖစ္ခဲ့ရပါတယ္ ။ သူတို႔ကို တာဝန္ရပ္ဆိုင္းခဲ့တာနဲ႔ ပတ္သက္ၿပီး အထက္အရာရွိ ေတြကို တင္ျပတဲ့ အစီရင္ခံစာမွာ ပုဂၢိဳလ္ေရးဆိုင္ရာ အမိန႔္မနာခံမႈနဲ႔ အလုပ္ထုတ္တာလို႔ တင္ခဲ့ၾကပါတယ္ ။ အဲ့ဒိထဲမွာ ျပန္မေျပာနဲ႔ ျပန္မေမးနဲ႔ ဆိုၿပီး လိင္တူခ်င္း ေစာ္ကားမႈေတြေတာင္ ရွိခဲ့ပါတယ္ ။

ကာကြယ္ေရးဝန္ႀကီးဌာန လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ တုံ႔ျပန္ေရး ေပၚလစီရဲ႕ စာတမ္းအရ ၁၉၉၁ ၊၁၉၉၆ ၊၂၀၀၃ နဲ႔ ၂၀၀၉မွ ၂၀၁၃ အထိ စစ္တပ္ထဲမွာ ျဖစ္ေပၚခဲ့တဲ့ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြကို အမ်ားျပည္သူေတြကိုသိရွိေအာင္ ခ်ျပႏိုင္ခဲ့ပါတယ္ ။ ၂၀၀၄ မွာ အမ်ိဳးသားကာကြယ္ေရး အာဏါပိုင္ ဥပေဒကို ျပဌာန္း ႏိုင္ခဲ့ၿပီး စစ္တပ္ထဲမွာေရာ စစ္သင္တန္းေတြ မွာပါ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြကို စုံစမ္းစစ္ေဆးေဖာ္ထုတ္ ခဲ့ၾကပါတယ္ ။

၂၀၀၇ ခုႏွစ္မွာ နယူးေယာက္ခ္တိုင္းမဂၢဇင္းမွာ အီရတ္မွာ တာဝန္ထမ္းေနတဲ့ စစ္သမီးတစ္ေယာက္က သူမရဲ႕ ရန္သူေတြရဲ႕အႏၲရာယ္ကိုရင္ဆိုင္ေတြရတဲ့အျပင္ တပ္တြင္းက လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြ အတြက္ သူမမွာစိတ္ပိုင္းဆိုင္ရာဖိအားေတြမ်ားခဲ့ရတဲ့ အေၾကာင္းကို အင္တာဗ်ဴးအျဖစ္ ေဖာ္ျပခဲ့ပါတယ္ ။

ေမာင္ယႆ REF: wiki photo; getty image

Unicode

အမေရိကန် စစ်တပ်အတွင်းက မုဒိမ်းမှုများ

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မီဒီယာတွေမှာ ဖော်ပြခွင့် မရတာက အမေရိကန် စစ်တပ်ထဲက စစ်သမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရခြင်းပါပဲ ။ အနည်းဆုံး စစ်တပ်ထဲက စစ်သမီး ၃၂ % က အလိုမတူဘဲ လိင်ဆက်ဆံတာကို ခံခဲ့ရပြီး ၈၀ % က သားပြော မယားပြော ထိကပါး ရိကပါး အလုပ်ခံနေရပါတယ် ။ ၂၀၁၁ အစီရင်ခံစာတစ်ခုမှာ အမေရိကန် စစ်တပ်အတွင်းက အမျိုးသမီး စစ်သည်တွေက တိုက်ပွဲမှာ ကျဆုံးတာထက် တပ်အတွင်းမှာ စစ်သားတွေနဲ့ အရာရှိတွေရဲ့ မုဒိမ်းကျင့်ခံ ရတာက ပိုများပါတယ်လို့ ဆိုတယ် ။

၂၀၁၂ ပင်တာဂွန် စစ်ဌာချုပ်ရဲ့ တိုင်းတာမှု အရ အဲ့ဒိနှစ် တစ်နှစ်အတွင်းမှာပဲ မုဒိမ်းကျင့်ခံရတဲ့ စစ်သားနဲ့ စစ်သမီး ၂၆၀၀၀ အထိရှိတယ်လို့ သိရပါတယ် ။ အဲ့ဒိထဲမှာ မုဒိမ်းကျင့်ခံရလို့ အထက်ဌာနကို တိုင်ကြားတာက ၃၃၇၄ မှုပဲ ရှိပါတယ် ။ ၂၀၁၃ မှာလည်းပဲ ပင်တာဂွန်က သူတို့ရဲ့ စုံစမ်းမှုတွေကို ဆက်လုပ်တော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၅၀၆၁ မှု ဖြစ်တာကို တွေ့ခဲ့ ရပါတယ် ။ ပင်တာဂွန် စစ်ဆေးရေးမှူးကတော့ အမေရိကန်စစ်တပ် ထဲမှာ အဲ့လို ပြောင်းလဲမှုတွေ ဖြစ်လာတာက အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှု ပါပဲလို့ဆိုပါတယ် ။

အဲ့ဒိတိုင်တန်း မှုတွေကို စစ်ခုံရုံးကနေ ၄၈၄ မှုကိုတရားရုံး တင်နိုင်ခဲ့ပြီး ၃၇၆ ဦးကိုပဲ အပြစ်ပေးနိုင်ခဲ့ပါတယ် ။ အခုဆိုရင် စစ်တပ်ထဲမှာမှ မဟုတ်ဘဲ လေကြောင်းလိုင်းတွေ အတွက် လေယာဉ်မှူး လေ့ကျင့်ပေးတဲ့ သင်တန်းမှာလည်း လေယာဉ်စက်ပြင် ဝန်ထမ်း အမှုထမ်း ၅ ဦး လေယာဉ်မှူးတွေနဲ့ လေကြောင်းလိုင်း အရာရှိတွေရဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကားမှု ကိုခံခဲ့ရတယ်လို့ တိုင်တန်းမှု လက်ခံရရှိခဲ့ပါတယ် ။

၂၀၁၅ ခုနှစ်က ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံးစမ်းစစ်ဆေးမှုအရ ၅၂ % သော စစ်မှုထမ်း အမျိုးသမီးတွေက အထက်အရာရှိတွေရဲ့ လိုအင်ဆန္ဒကို မဖြည့်ပေးနိုင်ဘူးဆိုရင် လုပ်ငန်းပိုင်း လူမှုရေးပိုင်း အုပ်ချုပ်ရေး ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေရှိ တဲ့အပြင်ကို အပြစ်ပေးခံရမှု အထိရှိနေပါတယ် ။ အချို့ဆိုရင် တာဝန်က ရပ်ဆိုင်းမှု ပေးခံရတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။ သူတို့ကို တာဝန်ရပ်ဆိုင်းခဲ့တာနဲ့ ပတ်သက်ပြီး အထက်အရာရှိ တွေကို တင်ပြတဲ့ အစီရင်ခံစာမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမိန့်မနာခံမှုနဲ့ အလုပ်ထုတ်တာလို့ တင်ခဲ့ကြပါတယ် ။ အဲ့ဒိထဲမှာ ပြန်မပြောနဲ့ ပြန်မမေးနဲ့ ဆိုပြီး လိင်တူချင်း စော်ကားမှုတွေတောင် ရှိခဲ့ပါတယ် ။

ကာကွယ်ရေးဝန်ကြီးဌာန လိင်ပိုင်းဆိုင်ရာ စော်ကားမှု တုံ့ပြန်ရေး ပေါ်လစီရဲ့ စာတမ်းအရ ၁၉၉၁ ၊၁၉၉၆ ၊၂၀၀၃ နဲ့ ၂၀၀၉မှ ၂၀၁၃ အထိ စစ်တပ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို အများပြည်သူတွေကိုသိရှိအောင် ချပြနိုင်ခဲ့ပါတယ် ။ ၂၀၀၄ မှာ အမျိုးသားကာကွယ်ရေး အာဏါပိုင် ဥပဒေကို ပြဌာန်း နိုင်ခဲ့ပြီး စစ်တပ်ထဲမှာရော စစ်သင်တန်းတွေ မှာပါ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို စုံစမ်းစစ်ဆေးဖော်ထုတ် ခဲ့ကြပါတယ် ။

၂၀၀၇ ခုနှစ်မှာ နယူးယောက်ခ်တိုင်းမဂ္ဂဇင်းမှာ အီရတ်မှာ တာဝန်ထမ်းနေတဲ့ စစ်သမီးတစ်ယောက်က သူမရဲ့ ရန်သူတွေရဲ့အန္တရာယ်ကိုရင်ဆိုင်တွေရတဲ့အပြင် တပ်တွင်းက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ အတွက် သူမမှာစိတ်ပိုင်းဆိုင်ရာဖိအားတွေများခဲ့ရတဲ့ အကြောင်းကို အင်တာဗျူးအဖြစ် ဖော်ပြခဲ့ပါတယ် ။

မောင်ယဿ REF: wiki photo; getty image

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန
International-news
မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန မေလးရွားႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္းကေန စၿပီးေတာ့ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသား အခ်င္းခ်င္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မႈေတြက တျဖည္းျဖည္း တိုးတက္လာပါတယ္ ။ အရင္က ကေလးအခ်င္ခ်င္းပဲဆို တဲ့စိတ္ နဲ႔ ေျဖသာၾကေပမဲ့ ေနာက္ပိုင္းမွာ ႏွိပ္စက္ခံရတဲ့ကေလးေတြက ေက်ာင္းသြားဖို႔ အတြက္ ျငင္းဆန္ လာၾကတဲ့ အခါမွာေတာ့ ေက်ာင္းသားမိဘေတြက အဲ့ဒိကိစၥေပၚကို အာ႐ုံစိုက္လာၾကပါတယ္ ။ ေက်ာင္းသားအခ်င္းခ်င္း ညႇင္းပန္းႏွိပ္စက္မႈေတြက အမ်ိဳးမ်ိဳးရွိပါတယ္ ။ အခ်ိဳ႕ ေသသြားတဲ့ဖခင္ရဲ႕ နာမည္နဲ႔ နာမည္ေျပာင္ကို လူၾကားထဲမွာ ဝိုင္းေအာ္ေခၚၿပီး အရွက္ခြဲ တဲ့ ကိစၥမ်ိဳးကစၿပီး အတန္းထဲမွာ ကိုယ္ထိ …

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား
International-news
႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား အေျခခံ ဥပေဒကို အေျပာင္းအလဲ လုပ္မယ္ဆိုၿပီး ႐ုရွားသမၼတ ပူတင္က မဲဆႏၵ ခံယူပြဲလုပ္တဲ့အေပၚကို အတိုက္အခံ သမားေတြက ဟာသတစ္ခု လုပ္ေနတာလို႔ ဝိုင္းၿပီး ရႈံ႕ ခ်ေနၾကပါတယ္ ။ ေမာ္စကို စာအုပ္ဆိုင္ေတြ စာအုပ္ေရာင္းေကာင္းေအာင္လို႔ မူရင္း ဥပေဒစာအုပ္ကို ဟိုနားနည္းျပင္ ဒီနားနည္းနည္းျပင္လုပ္ အေျခခံ ဥပေဒျပင္ပါတယ္ဆိုၿပီး လူၾကားေကာင္းေအာင္ လုပ္ေနပါတယ္လို႔ ဆိုၾကတယ္ ။ ကြန္ျမဴနစ္လစ္ဘရာယ္ ျပဳျပင္ေျပာင္းလဲေရး သမားေတြက ကရင္းမလင္း အစိုးရက အသက္ ၆၇ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ပူတင္ကို သမၼတ သက္တမ္းရွည္ေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာပါလို႔လည္း ေဝဖန္ ေနၾကပါတယ္ ။ …

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ
International-news
ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ ဂ်ပန္ႏိုင္ငံ က ေဂ်လိဂ္ တတိယတန္းမွာ ကစားေနတဲ့ ဖူကူရွီမား ေဘာလုံး အသင္းက ေကာ္႐ိုနာဗိုင္ဗိုင္းရက္ ျပန႔္ႏွံ႔စဥ္ ကာလအတြင္းမွာ ကလပ္အသင္း ပိုင္ရွင္အေနနဲ႔ သူတို႔ကို ေငြေၾကး မေပး ႏိုင္ေတာ့လို႔ အသင္းသားေတြက အသင္း ဆက္လက္ တည္ၿမဲေအာင္ သီးပင္စားပင္ေတြ စိုက္ပ်ိဳးၿပီး ဝင္ေငြရွာခဲ့ၾကပါတယ္ ။ ဂ်ပန္မွာ ေကာ္႐ိုနာဗိုင္းရက္ေတြ စျပန႔္လို႔ ေဖေဖာ္ဝါရီလမွာ ကလပ္အသင္း ၿပိဳင္ပြဲ ေတြ ရပ္လိုက္ ကတည္းက သူတို႔က နယ္ဖက္က သူတိုရဲ႕ ေလ့က်င့္ေရး ကြင္းတစ္ဝိုက္မွာ သီးပင္စားပင္ေတြနဲ႔ အဓိကကေတာ့ ဟင္းသီးဟင္း႐ြက္ ေတြကို …