
International-news









Unicode

အမေရိကန်တွေက V-day အတွက် ကုဋေ ၂၇၀၀ သုံးခဲ့တယ်တဲ့

အမေရိကန် လက်လီရောင်းဝယ်ရေး ဖက်ဒရေးရှင်း NRF က ပြုလုပ်တဲ့ စစ်တမ်းတစ်ရပ်အရ ဗယ်လင်းတိုင်းဒေးမှာ အမေရိကန် သားတွေ က စံချိန်တင် သုံစွဲမှု ပြုခဲ့တယ်လို့ သိရတယ်။ မနှစ်က တိုင်းတာချက်မှာ လူတစ်ဦးကို ပျမ်းမျှ ၁၆၁ ဒေါ်လာလောက် သုံးခဲ့ပေမဲ့ ဒီနှစ်တော့ ၁၉၆ ဒေါ်လာအထိ တိုးတက်သုံးစွဲ ခဲ့ကြပြီး ၂၁%တိုးတက်လာခဲ့ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ဗယ်လင်းတိုင်းဒေးအတွက် လက်ဆောင်ပစ္စည်း အရောင်းအဝယ်ပမာဏ က ကန်ဒေါ်လာ ကုဋေ ၂၇၀၀ အထိရှိခဲ့တယ်။ အဲ့ဒိအတိုင်းအတာကိုကြည့်ပြီး NRFက ကျွမ်းကျင်သူတွေက အမေရိကန်စီပွားရေး တိုးတက်မှု ရှိတယ်ဆိုတာ သေချာသလောက် ဖြစ်နေပါတယ်လို့ ဆိုတယ်။

“ ဈေးဝယ်သူတွေက သူတို့ရဲ့ ဝင်ငွေတွေကို တိုးပြီးသုံးစွဲဖို့အတွက် ဆန္ဒရှိနေတယ်ဆို ကတည်းက သူတို့မှာ နောက်ထပ်ဝင်ငွေ ရစရာအကြောင်းရှိနေလို့ပါပဲ။ နောက်ထပ်ဝင်ငွေ ရရှိမယ်ဆိုတာက လက်ရှိလုပ်နေတဲ့ အလုပ်က အာမခံချက်ရှိမှ ဖြစ်မှာပါ။ဈေးကွက်ထဲမှာ လက်ဆောင်တွေ ကတ်တွေ ဖယောင်းတိုင်တွေ ပန်းစည်းတွေ အချစ်တော် အကောင်လေး တွေ တော်တော်အရောင်းဖြစ်ပါတယ်။

မနှစ်က အခြေအနေကို မှန်ပြီး လုပ်ထားတော့ ပစ္စည်းတော်တော်များများ ပြတ်သွားတာပေါ့။ ပန်းတွေဆိုအဆိုးဆုံးပဲ။ ဝယ်မလောက်ဖြစ်လို့ ညနေပိုင်းဈေးကွက်အတွက် စိုက်ခင်းတွေကတောင် တိုက်ရိုက်မှာရတဲ့ အထိဖြစ်ခဲ့ရ တယ်။ လွန်ခဲ့တဲ့နှစ် တွေနဲ့ စာရင် အများကြီးတိုးတက်လာတာကိုတွေ့ရပါတယ်။

တိုင်းတာမှုမှာ စုံတွဲတွေ အချင်းချင်းပေးတဲ့ လက်ဆောင်မှာ တစ်တွဲချင်းအတွက် ပျမ်းမျှ သုံးစွဲမှုက ၁၀၁ ဒေါ်လာဖြစ်ပြီး၊ မိသားစု တစ်စုချင်းသုံးစွဲမှုက ဒေါ်လာ၃၀ ဖြစ်ပါတယ်။ ဆရာတွေ အတန်းဖော်တွေ သူငယ်ချင်းတွေအတွက် က ၁၄ဒေါ်လာ ၊လုပ်ငန်းဖော် အတွက် တစ်ဦးချင်းစီသုံးငွေ ပျမ်းမျှ ၁၃ဒေါ်လာ။ အချစ်တော်အကောင်လေးတွေအတွက်က ၁၂ဒေါ်လာနဲ့ အခြားသုံးစွဲမှုက ၁၀ဒေါ်လာဖြစ်ပါတယ်လို့ တွက်ချက်ပြပါတယ်။

အမေရိကန် ဈေးရောင်းသူအသင်းက ထုတ်ပြန်ချက်မှာတော့ ရတနာပစ္စည်း ဒေါ်လာ ကုဋေ ၆၀၀ ဖိုးရောင်းချခဲ့ရတယ်လို့ဆိုတယ်။ ညနေအပြင်ထွက်ပြီး စားသောက်ကြတာ ကုဋေ ၄၃၀ကျော်၊ အဝတ်အစား က ကုဋေ၂၄၀ကျော် ၊သကြားလုံးချော်ကလက်က ကုဋေ ၂၃၀ကျော်၊ ပန်းက ကုဋေ၂၀၀ကျော် နဲ့ လက်ဆောင်ကတ်တွေက ကုဋေ ၁၃၀ကျော်ဖိုးရောင်းခဲ့ရတယ်လို့ ဆိုတယ်။

မောင်ယဿ REF: UPI photo :upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း
International-news
နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း

နေ့စား အလုပ်သမားမိသားစု တစ်သိန်းအတွက် နေ့စဉ် စားရေးသောက်ရေး ဖြေရှင်းပေမဲ့ အမီတာဘချန်း အိန္ဒိယမှာ ကော်ရိုနာ ဗိုင်းရက် ပြန့်ပွားနေလို့ တစ်နိုင်ငံလုံး အပြင်မထွက်ရ ကာဖြူး အမိန့်ထုတ်ထားလို့ စားရေး သောက်ရေး ဒုက္ခ ရောက်နေတဲ့ နေ့စား အလုပ်သမား မိသားစု တစ်သိန်းကို တစ်လစာ ရိက္ခာ ထောက်ပံ့ ပေးမယ် လို့ ဘောလီးဝုဒ်က မဟာစတားကြီး အမီတာဘချန်းက ဆိုပါတယ် ။ သူက အိန္ဒိယ တစ်နိုင်ငံလုံးက ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ နေ့စားတွေအားလုံးကို ရည်ရွယ်ပြီး လှူဒါန်းမှာဖြစ်ပါတယ် ။ အဲ့ဒိအလှူကို အိန္ဒိယနိုင်ငံ ဆိုနီရုပ်ရှင်လုပ်ငန်းနဲ့ ရတနာ ကုမ္ပဏီ တစ်ခုက ပူးတွဲ စပွန်ဆာပေးထားပါတယ် …

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ
International-news
အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ

အမေရိကန် တိရစ္ဆာန်ရုံတစ်ခုက ကျားမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိနေ ဧပြီလ ၅ ရက်နေ့က အမေရိကန်က ဘရွန့်ဇ် တိရစ္ဆာန်ရုံ အုပ်ချုပ်ရေးမှူးရဲ့ သတင်း ထုတ်ပြန်ချက်အရ သူတို့ဆီ က ကျားတစ်ကောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ သိရပါတယ် ။ ဘရွန့်ဇ် တိရစ္ဆာန်ရုံမှာ ထားရှိတဲ့ မလေးရှားက ကျား ၂ ကောင်နဲ့ အာဖရိက ခြင်္သေ့ ၃ကောင်တို့က ချောင်း ခြောက်တွေ ဆိုးနေလို့ အုပ်ချုပ်ရေးမှူးက မသကာ င်္ဖြစ်ကာ အဲ့ဒိ အကောင်တွေရဲ့ သလိပ်ကို ရယူကာ အမေရိ ကန် စိုက်ပျိုးရေး ဝန်ကြီးဌာန လက်အောက်ခံ တိရစ္ဆာန် ရောဂါကုဌာနသို့ ပို့ပြီး …

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ
International-news
အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ …