အေမစုနဲ႔ အနီးကပ္ ဆုံေတြ႕ခြင့္ ရတဲ့အတြက္ အတိုင္းမသိ ဝမ္းသာေနတဲ့ အက္စ္တာ
- By : Phoe Linn
- Category : Entertainment
- Tags: cele news

အေမစုနဲ႔ အနီးကပ္ ဆုံေတြ႕ခြင့္ ရတဲ့အတြက္ အတိုင္းမသိ ဝမ္းသာေနတဲ့ အက္စ္တာ
ခ်င္းျပည္နယ္၊ ထန္းတလန္ၿမိဳ႕နယ္မွာ က်င္းပတဲ့ ၇၂ ႏွစ္ေျမာက္ ခ်င္းျပည္နယ္ေန႔ ( Chin national day) မွာ ခ်င္းတိုင္းရင္းသူ Myanmar Idol Season (4) ၿပိဳင္ပြဲႀကီးရဲ႕ Winner ဆုရွင္ အက္စတာ ေဒါ့သ္ခ်င္းဆုန္က နိဳင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္အတြက္ ေဖ်ာ္ေျဖခြင့္ ရခဲ့ေၾကာင္း သိရပါတယ္။
ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔မွာ က်ေရာက္တဲ့ ခ်င္းအမ်ိဳးသားေနမွာ အက္စတာက လြတ္လပ္ေရး ဖခင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းအေၾကာင္း ေရးစပ္ သီကုံးထားတဲ့ “ငါတို႔ရဲ႕ General” သီခ်င္းကို သီဆို ေဖ်ာ္ေျဖခဲ့ေၾကာင္း သိရပါတယ္။
အဆိုေတာ္ အက္စတာက သူမရဲ႕ အသက္ ၂၂ ႏွစ္ျပည့္ ေမြးေန႔နဲ႔ ျပည္နယ္အမ်ိဳးသားေန႔ ထပ္တူ က်ေနတဲ့အျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လက္ဆြဲႏႈတ္ဆက္ခြင့္ရလို႔ ဝမ္းသာ ေပ်ာ္႐ြင္ေနေၾကာင္း ဆိုပါတယ္။
“အခုလို အေမစုနဲ႔ အနီးကပ္ ဆုံေတြ႕ခြင့္ ရတဲ့အတြက္ အတိုင္းမသိ ဝမ္းသာမိပါတယ္ရွင့္” လို႔ သူမရဲ႕ ေဖ့ဘြတ္ေပ့ခ္်မွာ ေရးသား ေဖာ္ျပထားပါတယ္။
ထန္တလန္းၿမိဳ႕မွာ က်င္းပတဲ့ ခ်င္းအမ်ိဳးသားေန႔ကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ခ်င္း႐ိုးရာဝတ္စုံ ဝတ္ဆင္ကာ တတ္ေရာက္ခဲ့တာျဖစ္ၿပီး အဆိုေတာ္ အက္စတာနဲ႔ လက္ဆြဲႏႈတ္ဆက္ေနတဲ့ပုံက ဒီေန႔ရဲ႕ လူႀကိဳက္ အမ်ားဆုံး ဓါတ္ပုံ ျဖစ္ေနပါတယ္။
အေမစုအား ဗိုလ္ခ်ဳပ္သီခ်င္းျဖင့္ေဖ်ာ္ေျဖခဲ့ခြင့္ရခဲ့တဲ့အက္စတာ သီခ်င္းဆိုေကာင္းေၾကာင္းခ်ီးက်ဴးခံခဲ့ရပါတယ္ ။အရမ္းနားေထာင္လို့ေကာင္း
Posted by EsterDawd Chin Sung on Wednesday, February 19, 2020
Happy Birthday ပါ အက္စ္တာ။
သတင္း – ျဖဴျဖဴေလး
Photo and source – esterdawd chin sung
Unicode
အမေစုနဲ့ အနီးကပ် ဆုံတွေ့ခွင့် ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာနေတဲ့ အက်စ်တာ
ချင်းပြည်နယ်၊ ထန်းတလန်မြို့နယ်မှာ ကျင်းပတဲ့ ၇၂ နှစ်မြောက် ချင်းပြည်နယ်နေ့ ( Chin national day) မှာ ချင်းတိုင်းရင်းသူ Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာ ဒေါ့သ်ချင်းဆုန်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖျော်ဖြေခွင့် ရခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေမှာ အက်စတာက လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရေးစပ် သီကုံးထားတဲ့ “ငါတို့ရဲ့ General” သီချင်းကို သီဆို ဖျော်ဖြေခဲ့ကြောင်း သိရပါတယ်။
အဆိုတော် အက်စတာက သူမရဲ့ အသက် ၂၂ နှစ်ပြည့် မွေးနေ့နဲ့ ပြည်နယ်အမျိုးသားနေ့ ထပ်တူ ကျနေတဲ့အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရလို့ ဝမ်းသာ ပျော်ရွင်နေကြောင်း ဆိုပါတယ်။
“အခုလို အမေစုနဲ့ အနီးကပ် ဆုံတွေ့ခွင့် ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်ရှင့်” လို့ သူမရဲ့ ဖေ့ဘွတ်ပေ့ခ်ျမှာ ရေးသား ဖော်ပြထားပါတယ်။
ထန်တလန်းမြို့မှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ချင်းရိုးရာဝတ်စုံ ဝတ်ဆင်ကာ တတ်ရောက်ခဲ့တာဖြစ်ပြီး အဆိုတော် အက်စတာနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံက ဒီနေ့ရဲ့ လူကြိုက် အများဆုံး ဓါတ်ပုံ ဖြစ်နေပါတယ်။
Happy Birthday ပါ အက်စ်တာ။
သတင်း – ဖြူဖြူလေး
Photo and source – esterdawd chin sung
No Comments