အေစ့ အဆန္စားပါ

အေစ့ အဆန္စားပါ
Knowledge

အေစ့ အဆန္စားပါ

အေစ့အဆန္ေတြ စားျခင္းဟာ သင့္ကို ဘယ္လို ေကာင္းက်ိဳးေတြ ရႏိုင္ မလည္း ဆိုတာ သင္သိၿပီးၿပီလား ။ သင္နဲ႔ အျခားေသာ လူ အမ်ားစုဟာ အဆာေျပ မုန႔္ပဲ သေရစာ စားတဲ့ အခါ က်န္းမာေရးနဲ႔ မညီၫြတ္ တဲ့ အခ်ိဳစာ ေတြ အဆီ အအိမ့္ ေတြကိုသာ မက္မက္ ေမာေမာ စားေလ့ရွိၾကပါတယ္ ။

အမွန္မွာ မုန႔္ပဲ သေရစာ အျဖစ္ အေစ့ အဆန္မ်ားကိုသာ စားၾကမယ္ ဆိုရင္ အစာလည္း ေျပ က်န္းမာေရး အက်ိဳး ေက်းဇူး ေတြကိုလည္း ရႏိုင္မွာ ျဖစ္ပါတယ္ ။ အိုမီဂါ ၃ အဆီကို ရရွိဖို႔…. သင့္ ခႏၶာကိုယ္အတြင္းမွာ အမွန္တကယ္ လိုအပ္ေနတဲ့ အဆီ အိုမီဂါ ၃ ကို အေစ့အဆန္ ေတြကေန
ရရွိ ႏိုင္တယ္ဆိုတာကို အရင္ဆုံး ေျပာခ်င္ ပါတယ္ ။

အိုမီဂါ ၃ အဆီဟာ ခႏၶာကိုယ္တြင္း ေရာင္ရမ္းမႈကို မျဖစ္ေအာင္ ကာကြယ္ ပါတယ္ ။ နာတာရွည္ေရာင္ရမ္းမႈ ေတြေၾကာင့္ အျခားေသာ ခႏၶာကိုယ္တြင္း ေရာဂါ မ်ားကို ျဖစ္ပြား ေစတာမို႔ အေစ့အဆန္ကို စားသုံးၿပီး ေရာင္ရမ္းမႈ ကို ေလွ်ာ့နည္းေအာင္ ျပဳလုပ္ ႏိုင္ပါတယ္ ။

ေန႔စဥ္ သေရစာအျဖစ္ စားသုံး ေပးပါက ေသြးတြင္း မေကာင္းတဲ့ ကိုလက္စထေရာ အဆီကို ေလွ်ာ့နည္း ေစပါတယ္ ။

အင္တီေအာက္ဆီးဒင့္

အေစ့ အဆန္မ်ားစားသုံးျခင္းျဖင့္ အင္တီေအာက္ဆီးဒင့္ မ်ားစြာ ရရွိေစပါတယ္ ။ ဓာတ္တိုးပစၥည္းေတြဟာ ခႏၶာကိုယ္ အတြင္းအျပင္ကို ထိခိုက္ေစပါတယ္ ။

ဓာတ္တိုး ပစၥည္းေတြကို ဆန႔္က်င္ ေပးတဲ့ အင္တီေအာက္ဆီးဒ င့္သာမရွိခဲ့ရင္ လူ႔ခႏၶာကိုယ္ဟာ အိုမင္း ရင့္ေရာ္မႈ ျမန္ဆန္ေစၿပီး ခႏၶာကိုယ္တြင္း ဝင္ေရာက္လာတဲ့ ပိုးမႊားေတြ ကိုလည္း တိုက္ထုတ္ ႏိုင္မွာ မဟုတ္ပါ ။

ဒါေၾကာင့္မို႔ အင္တီ ေအာက္ဆီးဒင့္မ်ားစြာ ပါဝင္တဲ့ အေစ့ အဆန္ေတြကို ေန႔စဥ္စ ားသုံးဖို႔လိုအပ္တယ္လို႔ ပညာရွင္ေတြက ဆိုထားပါတယ္ ။

ေသြးတြင္းမေကာင္းတဲ့အဆီ

ေသြးတြင္းမေကာင္းတဲ့အဆီကို ေလ်ာ့နည္းေစရန္အေစ့အဆန္မ်ားကို စားဖို႔လိုအပ္ပါတယ္။တခ်ိဳ႕အေစ့အဆန္ေတြက ေသြးတြင္းမေကာင္းတဲ့အဆီ ေတြကို သိသိသာသာ ေလွ်ာ့နည္းေစၿပီး ႏွလုံးနဲ႔ေသြးေၾကာေရာဂါေတြ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

Pecans အခြံမာသီးကို စားသုံး ေပးရင္ ေသြးတြင္းမေကာင္းတဲ့အဆီကို ေလ်ာ့နည္းေစၿပီး ဓာတ္တိုးပစၥည္းေတြကိုလည္း တိုက္ထုတ္ေပးႏိုင္ပါတယ္။ အခုဆိုရင္ pecans အခြံမာအသီးကို ျမန္မာႏိုင္ငံမွာဝယ္ယူလို ရႏိုင္ေနပါၿပီ ။

ပ႐ိုတင္းဓာတ္

အေစ့အဆန္ေတြဟာ ပ႐ိုတင္းဓာတ္ကို ေပးစြမ္းႏိုင္ပါတယ္ ။ သစ္ၾကားသီးကို စားသုံးရင္ ပ႐ိုတင္း ဓာတ္ျပည့္ဝစြာ ရရွိႏိုင္ပါတယ္ ။ ပ႐ိုတင္းဓာတ္ေၾကာင့္ ဗိုက္ကိုျပည့္တင္းေစတဲ့ အျပင္ ႂကြက္သားေတြတည္ေဆာက္ရာ မွာလည္း လိုအပ္တာေၾကာင့္ ကိုယ္အေလးခ်ိန္ ခ်ခ်င္သူေတြနဲ႔ အသင့္ေတာ္ဆုံးပါလို႔ ေျပာခ်င္ပါတယ္ ။

အမွ်င္ဓာတ္

အေစ့အဆန္မ်ားမွာ အမွ်င္ဓာတ္ လုံေလာက္စြာ ပါဝင္ပါတယ္ ။ အေစ့အဆန္ေတြ စားသုံးပါက အမွ်င္ဓာတ္ေၾကာင့္ အစာေခ်ဖ်က္ျခင္းကို အေထာက္အကူ ျပဳေစပါတယ္ ။ အစာေခ် စနစ္မွာအစားအစာေတြကို ေခ်ဖ်က္ စုပ္ယူဖို႔နဲ႔ စြန႔္ပစ္ဖို႔အတြက္ အမွ်င္ဓာတ္ဟာ မရွိမျဖစ္ လိုအပ္ပါတယ္ ။

ဆီလီနီယမ္ဓာတ္

အေစ့အဆန္ စားသုံးျခင္းဟာ က်န္းမာေရး အတြက္ေကာင္းက်ိဳးေတြ မ်ားစြာ ရရွိေစပါတယ္ ။ အေစ့အဆန္ ေတြမွာ ဆီလီနီယမ္ ဓာတ္ႂကြယ္ဝတာေၾကာင့္ ဆဲလ္ေတြကို ပ်က္စီးေစတဲ့ ဓာတ္တိုးပစၥည္း ေတြကို ဆန႔္က်င္တိုက္ထုတ္ေပးႏိုင္ပါတယ္ ။ ဒီလိုနည္းေတြဟာကင္ဆာ မျဖစ္ႏိုင္ေအာင္ကာကြယ္ ေပးႏိုင္မွာျဖစ္ပါတယ္ ။

ဒီေန႔ကစလို႔ အေစ့အဆန္စားသုံးျခင္းျဖင့္ မိမိကိုယ္ကိုယ္ဂ႐ုစိုက္ၾကပါစို႔……။

စႏၵီျမင့္မိုရ္

Unicode

အစေ့ အဆန်စားပါ

အစေ့အဆန်တွေ စားခြင်းဟာ သင့်ကို ဘယ်လို ကောင်းကျိုးတွေ ရနိုင် မလည်း ဆိုတာ သင်သိပြီးပြီလား ။ သင်နဲ့ အခြားသော လူ အများစုဟာ အဆာပြေ မုန့်ပဲ သရေစာ စားတဲ့ အခါ ကျန်းမာရေးနဲ့ မညီညွတ် တဲ့ အချိုစာ တွေ အဆီ အအိမ့် တွေကိုသာ မက်မက် မောမော စားလေ့ရှိကြပါတယ် ။

အမှန်မှာ မုန့်ပဲ သရေစာ အဖြစ် အစေ့ အဆန်များကိုသာ စားကြမယ် ဆိုရင် အစာလည်း ပြေ ကျန်းမာရေး အကျိုး ကျေးဇူး တွေကိုလည်း ရနိုင်မှာ ဖြစ်ပါတယ် ။ အိုမီဂါ ၃ အဆီကို ရရှိဖို့…. သင့် ခန္ဓာကိုယ်အတွင်းမှာ အမှန်တကယ် လိုအပ်နေတဲ့ အဆီ အိုမီဂါ ၃ ကို အစေ့အဆန် တွေကနေ ရရှိ နိုင်တယ်ဆိုတာကို အရင်ဆုံး ပြောချင် ပါတယ် ။

အိုမီဂါ ၃ အဆီဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို မဖြစ်အောင် ကာကွယ် ပါတယ် ။ နာတာရှည်ရောင်ရမ်းမှု တွေကြောင့် အခြားသော ခန္ဓာကိုယ်တွင်း ရောဂါ များကို ဖြစ်ပွား စေတာမို့ အစေ့အဆန်ကို စားသုံးပြီး ရောင်ရမ်းမှု ကို လျှော့နည်းအောင် ပြုလုပ် နိုင်ပါတယ် ။

နေ့စဉ် သရေစာအဖြစ် စားသုံး ပေးပါက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆီကို လျှော့နည်း စေပါတယ် ။

အင်တီအောက်ဆီးဒင့်

အစေ့ အဆန်များစားသုံးခြင်းဖြင့် အင်တီအောက်ဆီးဒင့် များစွာ ရရှိစေပါတယ် ။ ဓာတ်တိုးပစ္စည်းတွေဟာ ခန္ဓာကိုယ် အတွင်းအပြင်ကို ထိခိုက်စေပါတယ် ။

ဓာတ်တိုး ပစ္စည်းတွေကို ဆန့်ကျင် ပေးတဲ့ အင်တီအောက်ဆီးဒ င့်သာမရှိခဲ့ရင် လူ့ခန္ဓာကိုယ်ဟာ အိုမင်း ရင့်ရော်မှု မြန်ဆန်စေပြီး ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ ပိုးမွှားတွေ ကိုလည်း တိုက်ထုတ် နိုင်မှာ မဟုတ်ပါ ။

ဒါကြောင့်မို့ အင်တီ အောက်ဆီးဒင့်များစွာ ပါဝင်တဲ့ အစေ့ အဆန်တွေကို နေ့စဉ်စ ားသုံးဖို့လိုအပ်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ် ။

သွေးတွင်းမကောင်းတဲ့အဆီ

သွေးတွင်းမကောင်းတဲ့အဆီကို လျော့နည်းစေရန်အစေ့အဆန်များကို စားဖို့လိုအပ်ပါတယ်။တချို့အစေ့အဆန်တွေက သွေးတွင်းမကောင်းတဲ့အဆီ တွေကို သိသိသာသာ လျှော့နည်းစေပြီး နှလုံးနဲ့သွေးကြောရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

Pecans အခွံမာသီးကို စားသုံး ပေးရင် သွေးတွင်းမကောင်းတဲ့အဆီကို လျော့နည်းစေပြီး ဓာတ်တိုးပစ္စည်းတွေကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ အခုဆိုရင် pecans အခွံမာအသီးကို မြန်မာနိုင်ငံမှာဝယ်ယူလို ရနိုင်နေပါပြီ ။

ပရိုတင်းဓာတ်

အစေ့အဆန်တွေဟာ ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်ပါတယ် ။ သစ်ကြားသီးကို စားသုံးရင် ပရိုတင်း ဓာတ်ပြည့်ဝစွာ ရရှိနိုင်ပါတယ် ။ ပရိုတင်းဓာတ်ကြောင့် ဗိုက်ကိုပြည့်တင်းစေတဲ့ အပြင် ကြွက်သားတွေတည်ဆောက်ရာ မှာလည်း လိုအပ်တာကြောင့် ကိုယ်အလေးချိန် ချချင်သူတွေနဲ့ အသင့်တော်ဆုံးပါလို့ ပြောချင်ပါတယ် ။

အမျှင်ဓာတ်

အစေ့အဆန်များမှာ အမျှင်ဓာတ် လုံလောက်စွာ ပါဝင်ပါတယ် ။ အစေ့အဆန်တွေ စားသုံးပါက အမျှင်ဓာတ်ကြောင့် အစာချေဖျက်ခြင်းကို အထောက်အကူ ပြုစေပါတယ် ။ အစာချေ စနစ်မှာအစားအစာတွေကို ချေဖျက် စုပ်ယူဖို့နဲ့ စွန့်ပစ်ဖို့အတွက် အမျှင်ဓာတ်ဟာ မရှိမဖြစ် လိုအပ်ပါတယ် ။

ဆီလီနီယမ်ဓာတ်

အစေ့အဆန် စားသုံးခြင်းဟာ ကျန်းမာရေး အတွက်ကောင်းကျိုးတွေ များစွာ ရရှိစေပါတယ် ။ အစေ့အဆန် တွေမှာ ဆီလီနီယမ် ဓာတ်ကြွယ်ဝတာကြောင့် ဆဲလ်တွေကို ပျက်စီးစေတဲ့ ဓာတ်တိုးပစ္စည်း တွေကို ဆန့်ကျင်တိုက်ထုတ်ပေးနိုင်ပါတယ် ။ ဒီလိုနည်းတွေဟာကင်ဆာ မဖြစ်နိုင်အောင်ကာကွယ် ပေးနိုင်မှာဖြစ်ပါတယ် ။

ဒီနေ့ကစလို့ အစေ့အဆန်စားသုံးခြင်းဖြင့် မိမိကိုယ်ကိုယ်ဂရုစိုက်ကြပါစို့……။

စန္ဒီမြင့်မိုရ်

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ......''''
Knowledge
”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.”

”ခ်စ္သူႏွစ္ဦးၾကား အနမ္းအေၾကာင္း သိေကာင္းစရာ.” ခ်စ္သူေတြၾကားမွာ နမ္းျခင္းဟာ မထူးဆန္းတဲ့ ကိစၥတစ္ခုဆိုတာ လူတိုင္း သိၾကပါတယ္။သို႔ေသာ္ အနမ္းနဲ႔ ပါတ္သက္ၿပီး ေကာင္းျခင္း ဆိုးျခင္းကိုေတာ့ သိေကာင္းမွသိမွာမို႔ အခ်စ္နဲ႔ပတ္သက္ၿပီး သုေတသန ျပဳရာမွာ ကမာၻေက်ာ္တဲ့ ေဒါက္တာဝီလ်ံစတိုင္းဘတ္ရဲ႕ ေလ့လာခ်က္ တစ္ခ်ိဳ႕ကို ေျပာျပခ်င္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုး နမ္းတာဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အခ်က္ဟာ ၇ ခ်က္ရွိၿပီး ဆိုးက်ိဳးဟာ ၄ မ်ိဳးရွိပါတယ္တဲ့။ အနမ္းရဲ႕ေကာင္းျခင္း မ်ား…. ၁…ခ်စ္သူတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ နမ္းေနတဲ့အခ်ိန္မွာ မိန္းမေရာ ေယာက်္ားပါ ႏွစ္ဦးစလုံးရဲ႕ မ်က္ႏွာျပင္ေပၚက ႂကြက္သားမွ်င္ေတြကို လူွပ္ရွားလာေအာင္ ဦးေႏွာက္က လူွံေဆာ္ေပးလိုက္တဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာရွိတဲ့ ေသြးလြတ္ေၾကာေတြ စီးဆင္းမူွ …