အီသီယိုပီးယားမွာ ထူးထူးဆန္းဆန္းေရာဂါနဲ႔ လူေတြေသဆုံးေနလို႔ တ႐ုတ္ကုမၸဏီကို အျပစ္တင္

အီသီယိုပီးယားမွာ ထူးထူးဆန္းဆန္းေရာဂါနဲ႔ လူေတြေသဆုံးေနလို႔ တ႐ုတ္ကုမၸဏီကို အျပစ္တင္
International-news

အီသီယိုပီးယားမွာ ထူးထူးဆန္းဆန္းေရာဂါနဲ႔ လူေတြေသဆုံးေနလို႔ တ႐ုတ္ကုမၸဏီကို အျပစ္တင္

ဆိုးဆိုးဝါးဝါး ေရာဂါလကၡဏါေတြကို ခံစားရၿပီးေနာက္ အမည္တပ္လို႔မရတဲ့ ဘာမွန္းမသိတဲ့ေရာဂါနဲ႔ အီသီယိုပီးယားက ႐ြာသားေတြ တစ္ဦးၿပီးတစ္ဦး ေသဆုံးေနၾကပါတယ္။

ဂါဒီးယန္း သတင္းစာအဆိုအရ ေသဆုံးသြားသူေတြက မေသဆုံးခင္မွာ မ်က္လုံး နဲ႔ ေျခဖဝါး လက္ဖဝါးေတြ အဝါေရာင္ေျပာင္းၿပီး ေနာက္ ႏွာေခါင္းနဲ႔ ပါးစပ္ေတြကေန ေသြးေတြထြက္လာပါတယ္။ ၿပီးေတာ့ တစ္ကိုယ္လုံး ေဖာေယာင္လာၿပီး အဖ်ားတက္လာပါတယ္။ ေနာက္ဆုံး မစားႏိုင္ မအိပ္ႏိုင္ျဖစ္ၿပီး ေသ ဆုံး သြား ပါ တယ္။

အဲ့ဒိေရာဂါရဲ႕ ရင္းျမစ္က ဘယ္ကလာတယ္ဆိုတာ မသိၾကပါဘူး။ အိသီယိုပီးယား -ဆိုမာလီးယား ေဒသအတြင္းက တ႐ုတ္သဘာဝဓာတ္ေငြ႕ စီမံကိန္းကေန ထြက္လာတဲ့ အဆိပ္ရည္ေတြေၾကာင့္လို႔ အမ်ားစုကေတာ့ ေျပာ ပါ တယ္။

ဓာတုစြန႔္ပစ္မႈေတြေၾကာင့္ ပတ္ဝန္းက်င္က ေရေတြ အဆိပ္သင့္ႏိုင္တယ္ဆိုတာကို သိေပမယ့္လည္း အက္ဒစ္အဘာဘာ ကုမၸဏီက အရာရွိေတြက ေဒသတြင္း သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈနဲ႔ က်န္းမာေရး ထိခိုက္မႈေတြက သူတို႔ နဲ႔ မဆိုင္ ပါ ဘူး လို႔ ျငင္း ဆိုထားပါတယ္။

“သဘာဝဓာတ္ေငြ႕ လုပ္ငန္းခြင္ေတြ မွာအသုံးျပဳတဲ့ အက္ဆစ္ေတြက မိုးေရနဲ႔ အတူ စီးဆင္လာၾကပါတယ္။ အဲ့ဒါေတြက အဆိပ္ေတြျဖစ္သြားတာေနမယ္။ အခုလိုျဖစ္တာက အဲ့ဒါေၾကာင့္ေနမယ္”လို႔ေဒသခံ လူမမာတစ္ဦးက ဆိုပါတယ္။ သူက ဂ်စ္ဂ်ီဂ်ာၿမိဳ႕ မွာေနထိုင္သူျဖစ္ၿပီး ေရာဂါလကၡဏါကို ခံစားရတဲ့အခ်ိန္မွာ ေဆး႐ုံကိုသြားျပပါတယ္။ ေဆး႐ုံက ဆရာဝန္ေတြကလည္း သူတို႔လည္း ဘာမွမလုပ္တတ္လို႔ သူ႔ကို ေဆး႐ုံကေန ျပန္ဆင္းခိုင္းလိုက္ပါတယ္။ ေနာက္ဆုံးေတာ့ သူေသသြားပါတယ္။

ဆိုမားလီးယား က်န္းမာေရးဝန္ႀကီးဌာနကေတာ့ အဲ့ဒိထူးဆန္းတဲ့ ေရာဂါကို ေဒသတြင္း တစ္ခါမွမျဖစ္ဖူးတဲ့ အသစ္ျဖစ္ေပၚတဲ့ ေရာဂါလို႔ အမည္တပ္ထားပါတယ္။ သူတို႔က တ႐ုတ္ POLY-GCL ကထြက္လာတဲ့ ဓာတုပစၥည္းေတြေၾကာင့္ လူေတြရဲ႕ က်န္းမာေရးကို ထိခိုက္လာတာလို႔ ဆိုၾကပါတယ္။

အဲ့ဒိတ႐ုတ္ကမၸဏီက ၇၆၇ ကိလိုမီတာရွည္တဲ့ ဓာတ္ေငြ႕ ပိုက္လိုင္းတစ္ခုကို အီသီယိုပီးယား ကေန ပင္လယ္နီအစပ္မွာရွိတဲ့ ဂ်ီဘူတီ ၿမိဳ႕ကို မႏွစ္ကတည္းက သြယ္တန္းေနပါတယ္။ တ႐ုတ္ကုမၸဏီမွာအလုပ္လုပ္ခဲ့ဖူးတဲ့ အင္ဂ်င္နီယာ တစ္ေယာက္ကေတာ့ သူအလုပ္လုပ္ခဲ့တဲ့ လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္ကေတာ့ ဆာလျဖဴရစ္ အက္ဆစ္ေတြ ကို သုံးခဲ့တယ္လို႔ ဆိုတယ္။ အဲ့ဒိအက္ဆစ္ေတြက ေျမဆီကေနတစ္ဆင့္ အဆိပ္သင့္ႏိုင္တယ္လို႔ေတာ့ဆိုပါတယ္။

ေမာင္ယႆ REF: world of buzz
Photo;nst and Xinhua

Unicode

အီသီယိုပီးယားမှာ ထူးထူးဆန်းဆန်းရောဂါနဲ့ လူတွေသေဆုံးနေလို့ တရုတ်ကုမ္ပဏီကို အပြစ်တင်

ဆိုးဆိုးဝါးဝါး ရောဂါလက္ခဏါတွေကို ခံစားရပြီးနောက် အမည်တပ်လို့မရတဲ့ ဘာမှန်းမသိတဲ့ရောဂါနဲ့ အီသီယိုပီးယားက ရွာသားတွေ တစ်ဦးပြီးတစ်ဦး သေဆုံးနေကြပါတယ်။

ဂါဒီးယန်း သတင်းစာအဆိုအရ သေဆုံးသွားသူတွေက မသေဆုံးခင်မှာ မျက်လုံး နဲ့ ခြေဖဝါး လက်ဖဝါးတွေ အဝါရောင်ပြောင်းပြီး နောက် နှာခေါင်းနဲ့ ပါးစပ်တွေကနေ သွေးတွေထွက်လာပါတယ်။ ပြီးတော့ တစ်ကိုယ်လုံး ဖောယောင်လာပြီး အဖျားတက်လာပါတယ်။ နောက်ဆုံး မစားနိုင် မအိပ်နိုင်ဖြစ်ပြီး သေ ဆုံး သွား ပါ တယ်။

အဲ့ဒိရောဂါရဲ့ ရင်းမြစ်က ဘယ်ကလာတယ်ဆိုတာ မသိကြပါဘူး။ အိသီယိုပီးယား -ဆိုမာလီးယား ဒေသအတွင်းက တရုတ်သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ထွက်လာတဲ့ အဆိပ်ရည်တွေကြောင့်လို့ အများစုကတော့ ပြော ပါ တယ်။

ဓာတုစွန့်ပစ်မှုတွေကြောင့် ပတ်ဝန်းကျင်က ရေတွေ အဆိပ်သင့်နိုင်တယ်ဆိုတာကို သိပေမယ့်လည်း အက်ဒစ်အဘာဘာ ကုမ္ပဏီက အရာရှိတွေက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ကျန်းမာရေး ထိခိုက်မှုတွေက သူတို့ နဲ့ မဆိုင် ပါ ဘူး လို့ ငြင်း ဆိုထားပါတယ်။

“သဘာဝဓာတ်ငွေ့ လုပ်ငန်းခွင်တွေ မှာအသုံးပြုတဲ့ အက်ဆစ်တွေက မိုးရေနဲ့ အတူ စီးဆင်လာကြပါတယ်။ အဲ့ဒါတွေက အဆိပ်တွေဖြစ်သွားတာနေမယ်။ အခုလိုဖြစ်တာက အဲ့ဒါကြောင့်နေမယ်”လို့ဒေသခံ လူမမာတစ်ဦးက ဆိုပါတယ်။ သူက ဂျစ်ဂျီဂျာမြို့ မှာနေထိုင်သူဖြစ်ပြီး ရောဂါလက္ခဏါကို ခံစားရတဲ့အချိန်မှာ ဆေးရုံကိုသွားပြပါတယ်။ ဆေးရုံက ဆရာဝန်တွေကလည်း သူတို့လည်း ဘာမှမလုပ်တတ်လို့ သူ့ကို ဆေးရုံကနေ ပြန်ဆင်းခိုင်းလိုက်ပါတယ်။ နောက်ဆုံးတော့ သူသေသွားပါတယ်။

ဆိုမားလီးယား ကျန်းမာရေးဝန်ကြီးဌာနကတော့ အဲ့ဒိထူးဆန်းတဲ့ ရောဂါကို ဒေသတွင်း တစ်ခါမှမဖြစ်ဖူးတဲ့ အသစ်ဖြစ်ပေါ်တဲ့ ရောဂါလို့ အမည်တပ်ထားပါတယ်။ သူတို့က တရုတ် POLY-GCL ကထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာတာလို့ ဆိုကြပါတယ်။

အဲ့ဒိတရုတ်ကမ္ပဏီက ၇၆၇ ကိလိုမီတာရှည်တဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုကို အီသီယိုပီးယား ကနေ ပင်လယ်နီအစပ်မှာရှိတဲ့ ဂျီဘူတီ မြို့ကို မနှစ်ကတည်းက သွယ်တန်းနေပါတယ်။ တရုတ်ကုမ္ပဏီမှာအလုပ်လုပ်ခဲ့ဖူးတဲ့ အင်ဂျင်နီယာ တစ်ယောက်ကတော့ သူအလုပ်လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတော့ ဆာလဖြူရစ် အက်ဆစ်တွေ ကို သုံးခဲ့တယ်လို့ ဆိုတယ်။ အဲ့ဒိအက်ဆစ်တွေက မြေဆီကနေတစ်ဆင့် အဆိပ်သင့်နိုင်တယ်လို့တော့ဆိုပါတယ်။

မောင်ယဿ REF: world of buzz
Photo;nst and Xinhua

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …