အီလွန်မက်စ်က ဇူကာဘာဂ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး စာရင်းဝင်

အီလွန်မက်စ်က ဇူကာဘာဂ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး စာရင်းဝင်
International-news

အီလွန်မက်စ်က ဇူကာဘာဂ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး စာရင်းဝင်

ဘလွန်းဘာဂ် သတင်းဌာနရဲ့အဆိုအရ သြစတေးလျှသား အီလွန်မက်စ်က ဖေ့စ်ဘုတ် ပိုင်ရှင် ဇူကာဘာဂ်ကို ကျော်ပြီး ကမ္ဘာ့တတိယ အချမ်းသာဆုံး သူဌေးအဖြစ် စာရင်းဝင်သွားပြီ လို့ ဆိုပါတယ်။ လက်ရှိ သူ့ရဲ့ အသားတင် ပိုင်ဆိုင်မှုက ကန်ဒေါ်လာ ၁၁၅ ဘီလီယံကျော် လာပြီ ဖြစ်ပါတယ်။

မက်စ်ပိုင်တဲ့ တက်စလာကုမ္ပဏီက ဒီတနင်္လာနေ့ စတော့ဈေးကွက်မှာ ၁၂% တက်လာတဲ့အတွက် သူ့ကို ကမ္ဘာ့ တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သွားစေပါတယ်။ သူရဲ့ အထက်မှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်နဲ့ အမေဇုံ ကုမ္ပဏီပိုင်ရှင် ဂျက်ဖ်ဘီးဇော့ ပဲရှိပါတော့တယ်။

အီလွန်မက်စ်က ဇူကာဘာဂ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး စာရင်းဝင်1

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၅ဦးကို အစီအစဉ်အတိုင်း စီတဲ့အခါမှာတော့ ဂျက်ဘီးဇော့ ၊ ဘီလ်ဂိတ် ၊အိလွန်မက်စ် ၊ မက်စ်ဇူကာဘာဂ် နဲ့ ပြင်သစ် LVMH ကုမ္ပဏိပိုင်ရှင် ဘားနတ်အာနော့ တို့ပဲဖြစ်ပါတယ်။

မက်စ်က တက်စလာကုမ္ပဏီအပြင် အခြားပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ စပေ့အိတ်စ် ၊ ဘိုးအင်း ကုမ္ပဏီ၊ ဟိုက်ပါလု နဲ့ အိုပင်းအေအယ်လ် တို့ပဲဖြစ်ပါတယ်။ ၂၀၁၈ က တက်စလာကုမ္ပဏီရဲ့ ရှယ်ယာပိုင်ရှင်တွေက အီလွန်မက်စ်အတွက် သတ်မှတ်ပေးထားတဲ့ လစာနဲ့ အခြားခံစားမှု တွေကို သူ လုံးဝ မယူခဲ့ပါဘူး။

အီလွန်မက်စ်က ဇူကာဘာဂ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး စာရင်းဝင်2

သူက ရှယ်ာပိုင်ရှင်အဖြစ်နဲ့ သူ့ရဲ့ အကျိုးအမြတ်တွေကိုသာ ခံစားတာပါ။ တက်စလာရဲ့ ဝန်ထမ်းလစာတွေကတော့ ဘီလီယံပေါင်း များစွာ ရှိပါတယ်။ ဒါတောင် တက်စလာမှာ သူပိုင်တဲ့ ရှယ်ယာက ၁၈% ပဲ ရှိပါတယ်။ သူ့ရဲ့ ပိုင်ဆိုင်မှုက တက်စလာမှာ အများဆုံးပါပဲ။ သူက တက်စလာရဲ့အများဆုံး ရှယ်ယာရှင်တွေထက် ၃ဆ ပိုပါတယ်။

အီလွန်မက်စ်က ဇူကာဘာဂ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး စာရင်းဝင်3

ဒီနှစ်ထဲမှာ တက်စလာရဲ့စတော့က ရုတ်ချည်း တက်သွားပြီးတော့ ဒီနှစ်ထဲမှာ တက်လာတဲ့ အသားတင် ငွေက ဘီလီယံ ၉၀ ကျော်သွားပါတယ်။ အဲ့ဒိအချက်က သူ့ကို ကမ္ဘာ့အချမ်းသာဆုံး စာရင်းထဲကို အမြောက်နဲ့ ပစ်တင်ပေးလိုက်သလို ရောက်သွားစေပါတယ်။ ၂၀၂၀ ဇန်နဝါရီလတုန်းကတောင် သူ့ရဲ့အသားတင် ပိုင်ဆိုင်မှုက ၃၂ ဘီလီယံပဲ ရှိပါသေးတယ်။

အီလွန်မက်စ်က ဇူကာဘာဂ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ အချမ်းသာဆုံး စာရင်းဝင်4

အဲ့ဒိ အသားတင် ပိုင်ဆိုင်မှု ရဲ့ တစ်ဝက်က တက်စလာကုမ္ပဏီ ထဲမှာပါလို့ ဖိုဘီနဲ့ ဘလွန်းဘာဂ် တို့ရဲ့ စစ်တမ်း အရ သိခဲ့ရပါတယ်။ ၂၀၂၀ ဇူလိုင် အကျော်မှာတော့ တက်စလာရဲ့ စတော့တွေ ခိုင်မာမှု ရှိလာလို့ သူ့ရဲ့ ပိုင်ဆိုင်မှု တွေကလည်း မြင့်တက်လာတာပါ။

မောင်ယဿ, REF: CNN, Photo: CNN

Zawgyi

 










No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ
International-news
အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ

အောက်စဖို့ဒ် ကာကွယ်ဆေး ကို ပြန်စမ်းသပ် ထိုးပေးနေပြီ လွန်ခဲ့ တဲ့ ၆ရက်က အက်စထရာဇန်နီကာ ဆေးကုမ္ပဏီက စေတနာ့ဝန်ထမ်း ကာကွယ်ဆေး စမ်းသပ်ခံ ၅ သောင်းကို ဆေးထိုးပေးနေရာ တစ်ယောက် ဖျားသွားတဲ့အတွက် သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ရပ်တန့်လိုက်ပြီး ကာကွယ်ဆေးကို ပြန်လည် စစ်ဆေးမှု လုပ်ပြီးနောက်မှာတော့ ဒီကနေ့ မှာ သူတို့ရဲ့ စမ်းသပ်ဆေး ထိုးမှုကို ပြန်လည် စတင်လိုက်ပြီလို့ သိရပါတယ်။ အင်္ဂလန် အောက်စဖို့ဒ် တက္ကသိုလ် ဆေးကျောင်းနဲ့ ဆွီဒင်ဆေးထုတ်လုပ်ရေး ကုမ္ပဏီ အက်စထရာဇန်နီကာ တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ နေရာမှာ နောက်ဆုံး အဆင့်ဖြစ်တဲ့ လူအစုအဖွဲ့ …

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်
International-news
ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ်

ဂျော်ဒန် စစ်ပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီးဖြစ် ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံ ဘေရွတ် ဆိပ်ကမ်းမှာ ဓာတုဗေဒ ဂိုထောင်တစ်လုံးရဲ့ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲ မှုကြီးကြောင့် လူရာနဲ့ချီပြီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကြောင့် တစ်ကမ္ဘာ့ လုံး ထိတ်လန့် တုန်လှုပ်ခဲ့ ရပါတယ်။ ပေါက်ကွဲမှု ဗီဒီယိုဖိုင် ကို ကြည့်ရတာကလည်း တကယ်တုန်လှုပ်စရာ ကောင်းပါတယ်။ နျူကလိယ ဗုံး မှားပေါက်ကွဲ သလားအောက်မေ့ ရပါတယ်။ အခုလည်း ဂျော်ဒန်နိုင်ငံက စစ်လက်နက်တိုက် တစ်ခုပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ သောကြာနေ့ကပါ။ အဲ့ဒိ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ မီးလုံးကြီးက မိုင်ပေါင်း များစွာကတောင် မြင်တွေ့ ရပါတယ်။ သောကြာနေ့ မနက်စောစောပိုင်း အချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲသံကြီး က …