အီတလီ ျပင္သစ္ စပိန္မွာ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးမႈ က်ဆင္းလာ

အီတလီ ျပင္သစ္ စပိန္မွာ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးမႈ က်ဆင္းလာ
International-news

အီတလီ ျပင္သစ္ စပိန္မွာ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးမႈ က်ဆင္းလာ

ကိုဗစ္-၁၉ ကူးစက္မႈက ကမာၻတစ္ဝွန္းမွာ ကူးစက္မႈမ်ားျပားလာေပမဲ့ အီတလီ ျပင္သစ္ နဲ႔ စပိန္တို႔မွာ ယခင္ကထက္ ေသဆုံးမႈ ဦးေရမွာ တျဖည္းျဖည္း နည္းပါးလာေၾကာင္းသိရပါတယ္။ world meter.com ရဲ႕ တိုင္းတာခ်က္အရ ကိုဗစ္-၁၉ေၾကာင့္ ေသဆုံးသူ ဦးေရ စုစုေပါင္း ၆၉၃၄၆ ဦးရွိရာ အီတလီက ၁၅၈၈၇ ဦး ေသဆုံးခဲ့ၿပီး ေသဆုံးသူအမ်ားဆုံး ျဖစ္ေနၿပီး စပိန္က ၁၂၄၁၈ ဦးေသဆုံးကာ ဒုတိယအမ်ားဆုံး ျဖစ္ေနပါတယ္။ ျပင္သစ္ကေတာ့ ၈၀၇၈ဦး ေသဆုံးခဲ့ၿပီး ကမာၻ႔ စတုတၳအမ်ားဆုံး ေသဆုံးေသာႏိုင္ငံျဖစ္ေနပါတယ္။ အေမရိကားက ေသဆုံးသူ ဦးေရ ၉၀၀၀ေက်ာ္ေနပါတယ္။ ဒါ့အျပင္ ဥေရာပႏိုင္ငံအခ်ိဳ႕မွာ ေသဆုံးမႈတိုးတက္ ေနၿပီး အဂၤလန္ မွာေတာင္ ၅၀၀၀နားကို ကပ္လာေနပါၿပီ။

တစ္ကမာၻလုံးအတိုင္းအတာအေနနဲ႔ ေရာဂါ ကူးစက္ခံရသူ အေရအတြက္က ၁၂၆၉၂၈၄ ဦးရွိေနၿပီး ေရာဂါမွ ျပန္လည္ ေနေကာင္းလာတဲ့သူက ၂၆၁၂၀၀ ရွိေနပါတယ္။ တစ္ရက္ကို လူ၇ေယာက္ေက်ာ္ ေသဆုံးေနပါ တယ္။ ဒီတစ္ပတ္ တနဂၤေႏြ ေန႔ကစၿပီး ေရာဂါျဖစ္သူနဲ႔ ေနျပန္ေကာင္းသူ အေရအတြက္ ႏႈိင္းယွဥ္ရာမွာ အီတလီက ၃.၄ % ျပင္သစ္က ၄.၆% နဲ႔ စပိန္က ၄.၃% တိုးတက္လာေနပါတယ္။

အီတလီမွာမတ္လ ၂၇ရက္ေန႔က တစ္ရက္တည္းကို ၉၀၉ ေယာက္ေသဆုံးခဲ့ၿပီး အျမင့္ဆုံးျဖစ္ခဲ့ပါတယ္။ ဧၿပီလ ၄ရက္ေန႔ကေတာ့ ၆၀၈ ေယာက္ပဲေသဆုံးခဲ့တဲ့အတြက္ ေသဆုံးသူဦးေရ က်ဆင္းလာတယ္လို႔ ဆိုရမွာပါ။ စစျဖစ္ခ်င္းတုန္းက မတ္လ ၁၉ရက္ေန႔ကဆိုရင္ တစ္ရက္တည္းကို ၄၂၇ ဦးေတာင္ေသဆုံးခဲ့ပါတယ္။ သူတို႔က သူတို႔ႏိုင္ငံကို ပိတ္ဆို႔မႈ မလုပ္ခ်င္လို႔ ျဖစ္ခဲ့တာပါ။ ေရာဂါျပန႔္ႏွံ႔ ကတည္းက ပိတ္ဆို႔မႈျပဳခဲ့ရင္ အဲ့ေလာက္ အေသအေပ်ာက္ ရွိခ်င္မွ ရွိမွပါ။ အီတလီေျမာက္ပိုင္းမွာ ေရာဂါျပန႔္ႏွံ႔မႈ အႀကီးအက်ယ္ျဖစ္ေတာ့ မတ္လ ၉ရက္ေန႔မွာ ပိတ္ဆို႔မႈေတြကို စလုပ္တယ္။ တစ္ႏိုင္ငံလုံး အတိုင္းအတာကို ေနာက္တစ္ပတ္ၾကာမွလုပ္ လို႔ တစ္ပတ္ေလာက္ ေနာက္က်သြားခ်ိန္မွာ အခုလို ေသဆုံးမႈ ျမင့္တက္ခဲ့တာပါ။

စပိန္ကေတာ့ ဧၿပီ ၄ရက္ေန႔မွာ ေသဆုံးသူဦးေရ ၁၃ေယာက္ပဲ ရွိပါေတာ့တယ္။ စပိန္မွာအျမင့္ဆုံး တရက္တည္း ေသဆုံးမႈ ၉၆၁ ေယာက္ရွိခဲ့ပါတယ္။ ဧၿပီလ၅ရက္ေန႔ သတင္းအရ ျပင္သစ္မွာ တစ္ရက္တည္း ၃၇၅ ေယာက္ ေသဆုံး ခဲ့ပါတယ္။ ျပင္သစ္ရဲ႕ အျမင့္ဆုံး ရက္က တစ္ရက္တည္းမွာပင္ ၁၀၅၃ ေယာက္ ေသဆုံးခဲ့ ပါတယ္။ ဂ်ာမဏီကေတာ့ ေသဆုံးသူ ၁၄၇၈ဦးရွိရာ ဧၿပီ၅ ရက္ေန႔က ၃၄ေယာက္ေသဆုံးခဲ့ပါတယ္။ ဂ်ာမဏီ တရက္အတြင္း အျမင့္ဆုံးေသဆုံးသူ အေရအတြက္က ၁၇၆ ေယာက္ပဲျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေသဆုံးမႈေတြရွိေနတာ စိတ္မေကာင္းစရာျဖစ္ေပမဲ့ ေသဆုံးသူဦးေရ က်ဆင္းလာတာက ဝမ္းသာစရာပါ။

ေမာင္ယႆ

ကိုးကား- UPI / ဓာတ္ပုံ-the straight times

Unicode

အီတလီ ပြင်သစ် စပိန်မှာ ကိုဗစ်-၁၉ကြောင့် သေဆုံးမှု ကျဆင်းလာ

ကိုဗစ်-၁၉ ကူးစက်မှုက ကမ္ဘာတစ်ဝှန်းမှာ ကူးစက်မှုများပြားလာပေမဲ့ အီတလီ ပြင်သစ် နဲ့ စပိန်တို့မှာ ယခင်ကထက် သေဆုံးမှု ဦးရေမှာ တဖြည်းဖြည်း နည်းပါးလာကြောင်းသိရပါတယ်။ world meter.com ရဲ့ တိုင်းတာချက်အရ ကိုဗစ်-၁၉ကြောင့် သေဆုံးသူ ဦးရေ စုစုပေါင်း ၆၉၃၄၆ ဦးရှိရာ အီတလီက ၁၅၈၈၇ ဦး သေဆုံးခဲ့ပြီး သေဆုံးသူအများဆုံး ဖြစ်နေပြီး စပိန်က ၁၂၄၁၈ ဦးသေဆုံးကာ ဒုတိယအများဆုံး ဖြစ်နေပါတယ်။ ပြင်သစ်ကတော့ ၈၀၇၈ဦး သေဆုံးခဲ့ပြီး ကမ္ဘာ့ စတုတ္ထအများဆုံး သေဆုံးသောနိုင်ငံဖြစ်နေပါတယ်။ အမေရိကားက သေဆုံးသူ ဦးရေ ၉၀၀၀ကျော်နေပါတယ်။ ဒါ့အပြင် ဥရောပနိုင်ငံအချို့မှာ သေဆုံးမှုတိုးတက် နေပြီး အင်္ဂလန် မှာတောင် ၅၀၀၀နားကို ကပ်လာနေပါပြီ။

တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ရောဂါ ကူးစက်ခံရသူ အရေအတွက်က ၁၂၆၉၂၈၄ ဦးရှိနေပြီး ရောဂါမှ ပြန်လည် နေကောင်းလာတဲ့သူက ၂၆၁၂၀၀ ရှိနေပါတယ်။ တစ်ရက်ကို လူ၇ယောက်ကျော် သေဆုံးနေပါ တယ်။ ဒီတစ်ပတ် တနင်္ဂနွေ နေ့ကစပြီး ရောဂါဖြစ်သူနဲ့ နေပြန်ကောင်းသူ အရေအတွက် နှိုင်းယှဉ်ရာမှာ အီတလီက ၃.၄ % ပြင်သစ်က ၄.၆% နဲ့ စပိန်က ၄.၃% တိုးတက်လာနေပါတယ်။

အီတလီမှာမတ်လ ၂၇ရက်နေ့က တစ်ရက်တည်းကို ၉၀၉ ယောက်သေဆုံးခဲ့ပြီး အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဧပြီလ ၄ရက်နေ့ကတော့ ၆၀၈ ယောက်ပဲသေဆုံးခဲ့တဲ့အတွက် သေဆုံးသူဦးရေ ကျဆင်းလာတယ်လို့ ဆိုရမှာပါ။ စစဖြစ်ချင်းတုန်းက မတ်လ ၁၉ရက်နေ့ကဆိုရင် တစ်ရက်တည်းကို ၄၂၇ ဦးတောင်သေဆုံးခဲ့ပါတယ်။ သူတို့က သူတို့နိုင်ငံကို ပိတ်ဆို့မှု မလုပ်ချင်လို့ ဖြစ်ခဲ့တာပါ။ ရောဂါပြန့်နှံ့ ကတည်းက ပိတ်ဆို့မှုပြုခဲ့ရင် အဲ့လောက် အသေအပျောက် ရှိချင်မှ ရှိမှပါ။ အီတလီမြောက်ပိုင်းမှာ ရောဂါပြန့်နှံ့မှု အကြီးအကျယ်ဖြစ်တော့ မတ်လ ၉ရက်နေ့မှာ ပိတ်ဆို့မှုတွေကို စလုပ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာကို နောက်တစ်ပတ်ကြာမှလုပ် လို့ တစ်ပတ်လောက် နောက်ကျသွားချိန်မှာ အခုလို သေဆုံးမှု မြင့်တက်ခဲ့တာပါ။

စပိန်ကတော့ ဧပြီ ၄ရက်နေ့မှာ သေဆုံးသူဦးရေ ၁၃ယောက်ပဲ ရှိပါတော့တယ်။ စပိန်မှာအမြင့်ဆုံး တရက်တည်း သေဆုံးမှု ၉၆၁ ယောက်ရှိခဲ့ပါတယ်။ ဧပြီလ၅ရက်နေ့ သတင်းအရ ပြင်သစ်မှာ တစ်ရက်တည်း ၃၇၅ ယောက် သေဆုံး ခဲ့ပါတယ်။ ပြင်သစ်ရဲ့ အမြင့်ဆုံး ရက်က တစ်ရက်တည်းမှာပင် ၁၀၅၃ ယောက် သေဆုံးခဲ့ ပါတယ်။ ဂျာမဏီကတော့ သေဆုံးသူ ၁၄၇၈ဦးရှိရာ ဧပြီ၅ ရက်နေ့က ၃၄ယောက်သေဆုံးခဲ့ပါတယ်။ ဂျာမဏီ တရက်အတွင်း အမြင့်ဆုံးသေဆုံးသူ အရေအတွက်က ၁၇၆ ယောက်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေဆုံးမှုတွေရှိနေတာ စိတ်မကောင်းစရာဖြစ်ပေမဲ့ သေဆုံးသူဦးရေ ကျဆင်းလာတာက ဝမ်းသာစရာပါ။

မောင်ယဿ

ကိုးကား- UPI / ဓာတ်ပုံ-the straight times

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့
International-news
ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့

ကိုဗစ္ သုေတသနလုပ္ငန္းကိုေတာင္ ဟက္ကာေတြခ်မ္းသာ မေပးေတာ့ ၂၀၁၉ ဒီဇင္ဘာ လေလာက္က စၿပီး ကမာၻ႔ ကပ္ေရာဂါျဖစ္တဲ့ ကိုဗစ္-၁၉ က ျပန႔္ႏွံ႔မႈ ေတြ စတင္ ခဲ့ပါတယ္ ။ ဗိုင္းရက္ရဲ႕ သဘာဝက ထူးျခားလြန္းလို႔ ႏိုင္ငံတိုင္းမွာ ေရာဂါ ျပန္ႏွံ႔မႈကို ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ ေနခဲ့ရပါတယ္ ။ ၂၀၂၀ ႏွစ္ဦးပိုင္းကေနစၿပီး ေရာဂါျပန္ႏွံ႔ ေနတာက ဒီေန႔အထိ ျဖစ္ေနတုန္းပါပဲ ။ တိုင္းျပည္ေတြ စီးပြားေရး က်ပ္တည္းမႈေတြ ျဖစ္ေန ခ်ိန္မွာ ႐ုပ္ရွင္မင္းသမီးေတြ အဆိုေတာ္ေတြရဲ႕ အြန္လိုင္း အေကာင့္ေတြ ေဖာက္ထြင္းခံ ေနရပါတယ္ ။ အခုဆိုရင္ က်န္းမာေရး ဆိုင္ရာအခ်က္အလက္ေတြကိုပါ ေဖာက္ထြင္း …