အီတလီမြောက်ပိုင်းက လူ ၁၇ သန်းကို ကိုဗစ် -၁၉ မပြန့်နှံ့အောင် ပိတ်ထားလိုက်ပြီ

အီတလီမြောက်ပိုင်းက လူ ၁၇ သန်းကို ကိုဗစ် -၁၉ မပြန့်နှံ့အောင် ပိတ်ထားလိုက်ပြီ
International-news

အီတလီမြောက်ပိုင်းက လူ ၁၇ သန်းကို ကိုဗစ် -၁၉ မပြန့်နှံ့အောင် ပိတ်ထားလိုက်ပြီ










မောင်ယဿ

REF: world of buzz
Photo; Ap

Unicode

အီတလီမြောက်ပိုင်းက လူ ၁၇ သန်းကို ကိုဗစ် -၁၉ မပြန့်နံှ့အောင် ပိတ်ထားလိုက်ပြီ

အီတလီဝန်ကြီးချုပ်က လူ ၁၇ သန်းရှိတဲ့ ပြည်နယ် ၁၄ ခုပါသော မြောက်ပိုင်းဒေသ တစ်ခုလုံး ကိုဗစ် -၁၉ ရောဂါ ပြန့်နှံမှု မရှိအောင် ပိတ်ဆို့ ထားလိုက်ပြီလို့ ကြေညာချက် တစ်ခုကို (မတ်လ၈ ရက်နေ့ မနက် ) မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒိ ပိတ်ဆို့ထားတဲ့ နယ်မြေတွေ မှာ မီလန်နဲ့ ဗင်းနစ်လို မြို့ ကြီးတွေ ပါဝင်ပါတယ်။ ဘီဘီစီ သတင်းဌာန အဆိုအရ အဲ့ဒိပိတ်ဆို့ထားမှုက အနည်းဆုံး ဧပြီလ အစောပိုင်းထိ ကြာနိုင်တယ်လို့ သိရပါတယ်။

လူတွေကို ဖြစ်နိုင်သမျှ အိမ်ထဲမှာပဲ နေရမည်လို့ ညွှန်ကြားထားပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိဘဲ အိမ်ပြင်ထွက် လမ်းပေါ်တွင် သွားလာမည် ဆိုပါက ဖမ်းဆီး ထောင်ချမယ်လို့လည်း ဆိုထားပါတယ်။

လူစု လူဝေး ရှိနိုင်တဲ့ ဖျော်ဖြေရေးနေရာ အများစုဖြစ်တဲ့ နိုက်ကလပ် အားကစားရုံ ရေကူးကန် အပန်းဖြေစကိတ်ကွင်း အစရှိတဲ့ နေရာ တွေအားလုံး ကို ပိတ်ခိုင်း ထားသော်လည်း စားသောက်တဲ့ နေရာတွေ စားသောက်ဆိုင်တွေကိုမူ ပိတ်ခိုင်းထားခြင်းမရှိပါ။

ဒါပေမဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ အားလုံးကို တစ်စားပွဲနဲ့ တစ်စားပွဲ အနည်းဆုံး ၃ပေ ခြားထားရမယ်လို့ ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

ဝေါစထရိဂျာနယ်ရဲ့ အဆိုအရ ရဲ အရေးပေါ် ဝန်ဆောင်မှု လုပ်ငန်းအဖွဲ့ အားလုံးအပြင် စစ်တပ်တွေကိုလည်း သီးခြားခွဲထာတဲ့ နယ်မြေ တွေမှာ အချိန်ပြည့် ကင်းလှည့်နေပြီး အရေးပေါ် ထုတ်ပြန်ထားတဲ့ အိမ်အပြင်မထွက်ရ ဥပဒေကို ချိုးဖောက်တဲ့ မည်သူကိုမဆို ဒဏ်ငွေနဲ့ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ တစ်ကမ္ဘာလုံး အရေအတွက်အရ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားနေသူ ၁ သိန်းကျော်နေပြီး သေဆုံးသူ ၃၅၀၀ ရှိနေပါပြီ။ အာရှတိုက် ပြီးလျှင် အီတလီက ရောဂါပြန့်နှံ့မှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

အဓိက ဖြစ်ပွားနေတဲ့ နေရာကတော့ လွန်ဗာဒီဒေသမှာ ဖြစ်ပါတယ်။ အစပထမပိုင်းက အီတလီကျန်းမာရေး ဝန်ကြီးဌာနက အီတလီမှာ ရောဂါကူးစပ်သူ တစ်ယောက်မှ မရှိဘူးလို့ ထုတ်ပြန်ထားခဲ့လို့ ကျန်းမာရေးဝန်ကြီးဌာနကို မီဒီယာတွေက ပေါက်ကွဲပြီး ပြစ်တင်ပြောဆိုမှုတွေ ရှိ ခဲ့ပါတယ်။

အခုလို အခြေအနေတွေ မထိန်းနိုင် မသိမ်းနိုင် ဖြစ်ခဲ့ရတာတွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်မှု အားနည်းခြင်းကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။ အီတလီမှာ ရောဂါကူး စပ်ခံနေရသူ ၆၀၀၀ကျော်ရှိနေပြီး သေဆုံးသူ ၂၃၀ ကျော်ရှိနေပါတယ်။

မောင်ယဿ

REF: world of buzz
Photo; Ap

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ
International-news
ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ

ထိုင်းမှာ ကြက်ဥအတု ပြဿနာတက်နေ သန်ဆွန်နီယွန် ဆိုတဲ့ ထိုင်းနိုင်ငံသားက အောက်ဈေးနဲ့ ရတယ်ဆိုပြီး ကြက်ဥကတ်တွေ အများကြီးအား ကားကြီးတွေနဲ့ လာရောင်းတာကို ဝယ်ခဲ့ ပါတယ် ။ သူ့တော့ ကြက်ဥ တွေကို စားလည်း စားမယ် ဈေးတင်ပြီး တော့လည်း ရောင်းမယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေပါတယ် ။ သူ့လိုပဲ လူတော်တော်များများ ကလည်း အဲ့ဒိကားနဲ့ လာရောင်းတဲ့ ကြက်ဥ တွေကို များများစားစား ဝယ်ယူ ခဲ့ပါတယ် ။ အခုတော့ ဒေသခံ သတင်းစာ ဆရာတွေကို သူကြက်ဥ အတုတွေ ဝယ်မိတယ်ဆိုပြီး ပြောလာ ပါတယ် ။ ပြီးခဲ့တဲ့ တနလာင်္နေ့က သူ …

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ
International-news
အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ

အရှေ့ အာရှအွန်လိုင်းပေါ်မှာ ကော်ရိုနာဗိုင်းရက် နဲ့ ပတ်သက်တဲ့ သတင်းအမှား ပြန့်နေ အရှေ့ အာရှက အွန်လိုင်း အသုံးပြုသူတွေ ရဲ့ ဖုန်းတွေထဲမှာ ပြန့်နှံ့ နေတဲ့ ကော်ရိုနာ ဗိုင်းရက် စစ်ဆေးရေး ဂိတ်တစ်ခုမှာ ရဲတွေက လူတစ်ယောက်ကို ပစ်သတ် လိုက်တာတွေ ၊ စူပါမားကတ်တစ်ခုမှာ လူတွေ တိုးကြိတ် ဝယ်ယူပြီး လုယက် သွားနေတာတွေ နဲ့ ရဲတပ်ဖွဲ့ ဝင်တွေက လူတွေကိုရိုက်နှက် နေတဲ့ ဗီဒီယို ဖိုင်တွေက ၂၀၁၅ ခုနှစ်လောက်က တင်ထားတဲ့ ဖိုင်အဟောင်းတွေကို ပြန်တင်ပြီး သတင်းအမှားတွေ ဖြန့်နေတာပါ ။ လော့ဒေါင်း အမိန့်ကို ချိုးဖောက် သူတွေကို ထောင်ဒဏ်နဲ့ …

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို
International-news
တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို

တရုတ်လုံခြုံရေး ဥပဒေကြမ်း မဖျက်သိမ်းရင် ဟောင်ကောင်သား တွေကို ဗီဇာအခွင့်အရေး တိုးပေးမယ်လို့ ဗြိတိန်ဆို လက်ရှိ ဟောင်ကောင်မှာ အဓိကရုဏ်း ဖြစ်ပွားရတဲ့ အထိ ဖြစ်နေတဲ့ တရုတ်ဗဟို အစိုးရရဲ့ အမျိုးသား လုံခြုံရေး ဥပဒေ ကြမ်းကို မဖျက်သိမ်းဘူး ဆိုရင် ဗြိတိန်က ဟောင်ကောင်သား ၃သိန်း အထိ ဗီဇာ လျှောက်ပိုင်ခွင့် ပြု မယ် လို့ ဆိုတယ် ။ အဲ့ဒိ ကြေညာချက်ကို အမေရိကန် ကနေဒါနဲ့ သြစတေးလျှ တို့ကလည်း ပူးတွဲ ထုတ်ခဲ့ပါတယ် ။ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါ်မနစ်ရာအက် က တရုတ်တို့ရဲ့ အမျိုးသားလုံခြုံရေး …