
International-news







မောင်ယဿ


Unicode

အီတလီက ကိုဗစ်-၁၉ရောဂါပိုးကို ထိန်းဖို့ခက်ခဲနေ

လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးပြန့်နှံ့မှုက တရုတ်ပြီးရင် အီတလီက အများဆုံးဖြစ်နေပါတယ်။ ရောဂါဖြစ်ပွားသူ ၁၀၀၀၀ နားကပ်လာပြီး သေဆုံးသူ ၆၃၀ ကျော်လာပါပြီ။ အစိုးရအနေနဲ့ ရောဂါပြန့်နှံ့မှုကို ထိန်းချုပ်ဖို့အတွက် အချို့ဒေသတွေကို ပိတ်ဆို့လိုက်ပေမဲ့ သူတို့ဆီက လူ့အခွင့်အရေးဆိုတဲ့ ကိစ္စကြီးက အုပ်ချုပ်သူလူတန်းစားရဲ့ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို လာရောက်ထိခိုက်နေပါတယ်။

ကိုဗစ်-၁၉ ပြန့်နှံ့မှုက တရုတ်ပြီးရင် တောင်ကိုရီးယားက အများဆုံးပါ။ ဒါပေမဲ့ မနေ့က အီတလီမှာ တစ်ရက်တည်းနဲ့ ဆေးရုံတင်ရတဲ့ ဦးရေက ၁၃၀ကျော်သွားလို့ အီတလီက တောင်ကိုရီးယားထက် ရောဂါဖြစ်ပွားသူ ပိုများသွားပါတယ်။ မနေ့ကလည်း ၂၄နာရီအတွင်း သေဆုံးသူ ၁၆၈ ယောက်ရှိခဲ့တယ်လို့ အီတလီကျန်းမာရေးဝန်ကြီးဌာန က ကြေညာခဲ့ပါတယ်။ ရောဂါကူးစပ်မှု စဖြစ်ပြီးကတည်းက မနေ့က (အင်္ဂါနေ့) မှာအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

ဥရောပမှာ အဆိုးဝါးဆုံးကူးစက်မှုနဲ့ အသေအပျောက်အများဆုံး ဖြစ်နေပါတယ်။ အခုတစ်နိုင်ငံလုံးကို သီးခြားခွဲနေဖို့ အမိန့်ထုတ်ထားပေမဲ့ ကျေးလပ်ပိုင်းကိုထိန်းချုပ်နိုင်ပေမဲ့ မြို့ပြတွေမှာက ထိန်းချုပ်ရခက်နေပါတယ်။ လူဦးရေ သန်း၆၀ ရှိတဲ့ အီတလီမှာက မြို့ ကြီးတွေမှာ အခြေချသူတွေက စားသောက်ဆိုင်တွေကိုပဲ အမှီပြု စားရေးသောက်ရေးကို ဖြေရှင်းကြလို့ စားသောက်ဆိုင်တွေကို မနက်၆ နာရီကနေ ည ၆နာရီအထိပဲ ရောင်းချခွင့်ပဲရောင်းချခွင့်ပြုခြင်း ၊ စားသောက်ဆိုင်တွေမှာ တစ်စားပွဲနဲ့တစ်စားပွဲ အနည်းဆုံး ၃ပေ ခြားရဲ့လားဆိုတာကို ရဲတွေက လိုက်လံ စစ်ဆေးရတဲ့လုပ်ငန်းတွေ အပိုလုပ်နေရပါတယ်။

ဝန်ကြီးချုပ်ကတော့ စားသောက်ဆိုင်တွေ ကျောင်းတွေကို အနည်းဆုံး ဧပြီ ၃ရက်နေ့အထိ ပိတ်ထားဖို့အမိန့်ပေးထားပေမဲ့ မြေပြင် အခြေအနေမှာ က အမိန့်အတိုင်းလုပ်မရဘူးဖြစ်နေတယ်။ အမှုဆောင်ရဲအရာရှိတစ်ဦးက ကျနော်တို့က အမိန့်နဲ့ မြေပြင် အခြေအနေကို အဆင်ပြေသလို လုပ်နေရပါတယ်လို့ဆိုတယ်။ ခရီးသွားလာခွင့်ကို ကားဂိတ်တွေ ရထားဘူတာတွေ လေယာဉ်ကွင်းတွေ စစ်ဆေးရေးဂိတ်တွေကနေ ပိတ်ထားလို့ရပေမဲ့ မြို့တွင်းမှာ ဈေးဝယ်ထွက်တာ လူမှုရေးကိစ္စတွေကို ဘယ်လို့တားရမလဲ လို့ ဆိုပါတယ်။

လူအချို့က အကြမ်းဖက်သမားတွေ ကျနေတာပဲ။ သူတို့ အခွင့်အရေးကို အထိမခံဘူး။ ရဲလုပ်ငန်းကို ကျော်မလုပ်နဲ့လို့ပြောတဲ့သူက ပြောသွားသေးတယ်။ စူပါမားကတ်ထဲကို ပြေးဝင်သွားတဲ့ကောင်လေးကို တားပြီး ဖမ်းဖို့လုပ်တော့ သူ့ကိုမထိဖို့ ရောဂါကူးမယ်လို့ ပြောတော့ သူကို ကျနော်တို့က ဝိုင်းထားပြီး တော့ စက်နဲ့စစ်တယ် ရောဂါလက္ခဏါ မတွေ့ ရဘူး ဈေးဝယ်တာကို အနှောက်အယှက် မပေးဖို့ကို သူကပြောသွားတယ်။ သူ့မှာဘာအကာအကွယ်မှ မရှိဘူး။လုံးဝမကြောက်တဲ့ပုံပဲဗျာလို့အဲ့ဒိရဲအရာရှိက ဆိုတယ်။ ဒီလိုမြေပြင်အခြေအနေနဲ့ အီတလီက ကိုဗစ်-၁၉ ပြန့်နှံ့မှုကို ဘယ်လိုထိန်းချုပ်မလဲ ဆိုတာ ကတော့ စိတ်ဝင်စားစရာပါ။

မောင်ယဿ

REF: world of buzz / Photo; newsweek

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်
International-news
အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ်

အမေရိကန် သေနတ်ဆိုင်ကို ဝင်လုလို့ ဆိုင်ရှင်က ပစ်သတ် ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံမှာ လူမဲ တစ်ဦးကို ရဲတွေက သတ်လိုက်တဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက် ညပိုင်းတွေမှာ ဆိုင်တွေ စတိုးတွေကို ဖျက်စီး လုယက်မှုတွေ ညတိုင်းလိုလို ဆက်တိုက်ဖြစ်ပေါ်နေရာ သေနတ်ဆိုင်ပိုင်ရှင်တွေက သူတို့ရဲ့ ဆိုင်တွေကို အထူးသတိထားပြီး စောင့်ရှောက်နေရပါတယ် ။ မနေ့က ( အင်္ဂါနေ့ ) မနက်စောစောပိုင်းမှာ ဖီလာဒယ်ဖီးယားက သေနတ်ဆိုင် တစ်ဆိုင်ကို လုယက်သူတစ်ဦးက လာရောက်ဖျက်ဆီးလုယူဖို့ ကြိုးစားလို့ ဆိုင်ရှင်က သေနတ်နဲ့ ပစ်သတ်လိုက် ရပါတယ် ။ ဖီလာဒယ်ဖီယား တောင်ပိုင်းက …

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း
International-news
လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း

လက်ထပ်ချင်လွန်းလို့ ခေါင်မိုးပေါ် တက်အော်ရတဲ့ မင်းသမီး မူနီရိုင်း ဘောလီးဝုဒ်မှာ နာမည်တစ်ခုကို တည်ထောင်ပြီးသား ဖြစ်တဲ့ မူနီရိုင်းက မင်းသမီး အဆိုတော် ကချေသည် မော်ဒယ် အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေမှာ ထူးချွန်တဲ့သူ ဖြစ်ပါတယ် ။ လှပတဲ့ ကောက်ကြောင်း ရုပ်ရည်နဲ့ ကြွယ်ဝမှုတွေ ရှိတာတောင် ဘဝမှာ တစ်ခြမ်း ပဲ့နေတဲ့ အဖြစ်ကို သူမကိုယ် သူမလည်း နားမလည်နိုင်အောင် ဖြစ်နေပါတယ် ။ ဒီ အရွယ်ရောက်မှ အမြီးမပေါက်ရင် ဘာမျောက် လဲလို့ မေးရင် မူနီမျောက် ၃၄ နှစ်ပါ လို့ ဖြေရ မလိုအောင် ရည်းစား မရသေးတဲ့ ဘောလီးဝုဒ် မင်းသမီးပါ …

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း
International-news
BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း

BTS ရဲ့သီချင်းစာသားတွေမှာ ဘာသာရေး အစွန်းရောက် စာသားတွေ ပါနေလို့ တောင်းပန်ခိုင်း တောင်ကိုရီးယား ကေပေါ့ က နာမည်ကြီး လူငယ်ဝိုင်း တစ်ဝိုင်းဖြစ်တဲ့ BTSရဲ့ သီချင်း တစ်ပုဒ်မှာ လူတွေကို ရာနဲ့ချီပြီး သေဆုံးစေခဲ့တဲ့ အမေရိကန် ဘာသာရေး အစွန်းရောက်ခေါင်းဆောင် ဂျင်မ်ဂျုံးရဲ့ တရားဟော စာသားတွေ ပါနေလို့ အတင်းတောင်းပန်ခိုင်းနေပါတယ် ။ လူငယ်၇ဦးနဲ့ ဖွဲ့ ထားတဲ့ BTS ဝိုင်းက ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ ကုမ္ပဏီကနေတစ်ဆင့် ထုတ်ပြန် ကြေညာချက် တစ်ခုလုပ်ခဲ့ပါတယ် ။ အခု လိုင်းပေါ်မှာ ပြစ်တင်ပြောဆိုနေတဲ့ what do you think သီချင်းကို ရေးတဲ့သူက သူတို့ဝိုင်းထဲက …