အီဂျစ်က တရားမဝင် အသင်းခေါင်းဆောင်ကို ဖမ်းမိပြီ

အီဂျစ်က တရားမဝင် အသင်းခေါင်းဆောင်ကို ဖမ်းမိပြီ
International-news

အီဂျစ်က တရားမဝင် အသင်းခေါင်းဆောင်ကို ဖမ်းမိပြီ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က တိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေတဲ့ ဥပဒေမဲ့ ဖွဲ့စည်းထားတဲ့ တရားမဝင်ညီအကိုများအဖွဲ့ ခေါင်းဆောင် တစ်ဦးကို အီဂျစ် အာဏါပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။

တရားမဝင် ညီအကိုများ အဖွဲ့မှာ ဒုတိယ အမြင့်ဆုံး အာဏါရှိတဲ့ မိုဟာမက် အက်ဇတ်က ကိုင်ရိုမြို့ ဆင်ခြေဖုံးက အယ်တန်ဂျမူ ရပ်ကွက်က တိုက်ခန်းတစ်ခန်းမှာ ပုန်းအောင်းနေရာ အီဂျစ်ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း အရ ရှာဖွေ ဖမ်းဆီးမှု လုပ်ခဲ့ပါတယ်။ သူက အီဂျစ်နိုင်ငံက အကြမ်းဖက်မှု များစွာအတွက် အဆက်အသွယ်ရှာ ခြင်းနဲ့ အကြမ်းဖက်သမားတွေကို လမ်းညွှန်မှု ပေးခဲ့သူ ဖြစ်ပါတယ်။

အီဂျစ်က တရားမဝင် အသင်းခေါင်းဆောင်ကို ဖမ်းမိပြီ1

အီဂျစ်မှာ ၂၀၁၃ ခုနှစ်တုန်းက စစ်တပ်က ထောက်ခံတဲ့ အရေးအခင်း ဖြစ်ပေါ်ချိန်မှာ အာဏါ ဖယ်ရှားခံလိုက်ရ ကတည်းက အက်ဇတ်က တရားမဝင်ညီအကိုများ အဖွဲ့ကို ဖွဲစည်းပြီး လက်နက်ကိုင် အကြမ်းဖက်မှု လမ်းစဉ် ကို ဆက်လက် လုပ်ကိုင် နေခဲ့ပါတယ်။

သူက အီဂျစ်နိုင်ငံမှာ အကြမ်းဖက် လုပ်ငန်းတွေ လုပ်ကိုင်ဖို့ကို လူသစ် စုဆောင်းတာနဲ့ အကြမ်းဖက် လုပ်ငန်းတွေကို အကွက်ချ လုပ်ကိုင်ဖို့အတွက် စီမံကိန်းတွေကို ရေးဆွဲခဲ့ပါတယ်။ အီဂျစ်အာဏါပိုင်တွေက အက်ဇစ်ရဲ့ လက်တော့ပ် နဲ့ မိုဘိုင်းဖုန်းတွေကို ခြေရာခံရင်းနဲ့ သူ့ရဲ့တည်နေရာကို ရှာဖွေ ဖော်ထုတ် နိုင်ခဲ့တာပါ။

အီဂျစ်က တရားမဝင် အသင်းခေါင်းဆောင်ကို ဖမ်းမိပြီ2

အက်ဇစ် (၇၆နှစ်) ကို အီဂျစ် အာဏါပိုင်တွေက ရှေ့နေချုပ် ဟီရှန်ဘာရာခတ် ၊ ဗိုလ်မှူးချုပ် ဝအယ်တာဟွန်း နဲ့ ဗိုလ်ချုပ် အဒယ်ရာဂျယ် တို့ကို သတ်ဖြတ်မှု နဲ့ စွပ်စွဲထားပါတယ်။ ရှေ့နေချုပ်က ၂၀၁၅ ခုနှစ်က အသတ်ခံရပြီး ဗိုလ်မှူးချုပ်နဲ့ ဗိုချုပ်တို့ကတော့ သူတို့နေထိုင်ရာအိမ်မှာပဲ လုပ်ကြံ ခံလိုက်ရတာပါ။

အက်ဇတ်ကို အရင်ကတည်းက ဟာမတ် သူပုန်တွေအတွက် စပိုင်လုပ်ပေးမှုနဲ့ ဝါဒီအယ် နာထရွန် ထောင်ဖောက်မှု တွေကြောင့် သေဒဏ်ပေးထားပြီး သားဖြစ်ပါတယ်။

တရားမဝင် ညီအကိုများ အဖွဲ့ က ၂၀၁၁ ခုနှစ် အီဂျစ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အာရပ်နွေဦး တော်လှန်ရေး ကာလအတွင်းမှာ နာမည်ကြီးလာတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

အီဂျစ်က တရားမဝင် အသင်းခေါင်းဆောင်ကို ဖမ်းမိပြီ3

အဲ့ဒိတော်လှန်ရေးကြောင့် မိုဟာမက်မော်စီက ရွေးကောက်ပွဲကနေ သမ္မတဖြစ်လာပေမဲ့ အဲ့ဒိနှစ်မှာပဲ စစ်တပ်ထောက်ခံတဲ့ အရေးအခင်းဖြစ်က သမ္မတဖြုတ်ချခံခဲ့ရပါတယ်။

အာရပ်နွေဦး တော်လှန်ရေးတစ်လျှောက်မှာ ဖြုတ်ထုတ်သတ် လမ်းစဉ်ကို ကျင့်သုံး တဲ့ တရားမဝင်ညီအကိုများ အဖွဲ့ က အကြမ်းဖက်အုပ်စု တစ်ခု အနေနဲ့ ပါဝင် လာခဲ့ပါတယ်။

မောင်ယဿ,REF: UPI, Photo: UPI

Zawgyi

အီဂ်စ္က တရားမဝင္ အသင္းေခါင္းေဆာင္ကို ဖမ္းမိၿပီ

အီဂ်စ္ႏိုင္ငံ ကိုင္႐ိုၿမိဳ႕က တိုက္ခန္းတစ္ခုမွာ ပုန္းေအာင္းေနတဲ့ ဥပေဒမဲ့ ဖြဲ႕စည္းထားတဲ့ တရားမဝင္ညီအကိုမ်ားအဖြဲ႕ ေခါင္းေဆာင္ တစ္ဦးကို အီဂ်စ္ အာဏါပိုင္ေတြက ဖမ္းဆီးလိုက္တယ္လို႔ ေဒသခံရဲေတြက ေျပာပါတယ္။

တရားမဝင္ ညီအကိုမ်ား အဖြဲ႕မွာ ဒုတိယ အျမင့္ဆုံး အာဏါရွိတဲ့ မိုဟာမက္ အက္ဇတ္က ကိုင္႐ိုၿမိဳ႕ ဆင္ေျခဖုံးက အယ္တန္ဂ်မူ ရပ္ကြက္က တိုက္ခန္းတစ္ခန္းမွာ ပုန္းေအာင္းေနရာ အီဂ်စ္ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္း အရ ရွာေဖြ ဖမ္းဆီးမႈ လုပ္ခဲ့ပါတယ္။ သူက အီဂ်စ္ႏိုင္ငံက အၾကမ္းဖက္မႈ မ်ားစြာအတြက္ အဆက္အသြယ္ရွာ ျခင္းနဲ႔ အၾကမ္းဖက္သမားေတြကို လမ္းၫႊန္မႈ ေပးခဲ့သူ ျဖစ္ပါတယ္။

အီဂ်စ္မွာ ၂၀၁၃ ခုႏွစ္တုန္းက စစ္တပ္က ေထာက္ခံတဲ့ အေရးအခင္း ျဖစ္ေပၚခ်ိန္မွာ အာဏါ ဖယ္ရွားခံလိုက္ရ ကတည္းက အက္ဇတ္က တရားမဝင္ညီအကိုမ်ား အဖြဲ႕ကို ဖြဲစည္းၿပီး လက္နက္ကိုင္ အၾကမ္းဖက္မႈ လမ္းစဥ္ ကို ဆက္လက္ လုပ္ကိုင္ ေနခဲ့ပါတယ္။

သူက အီဂ်စ္ႏိုင္ငံမွာ အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ကိုင္ဖို႔ကို လူသစ္ စုေဆာင္းတာနဲ႔ အၾကမ္းဖက္ လုပ္ငန္းေတြကို အကြက္ခ် လုပ္ကိုင္ဖို႔အတြက္ စီမံကိန္းေတြကို ေရးဆြဲခဲ့ပါတယ္။ အီဂ်စ္အာဏါပိုင္ေတြက အက္ဇစ္ရဲ႕ လက္ေတာ့ပ္ နဲ႔ မိုဘိုင္းဖုန္းေတြကို ေျခရာခံရင္းနဲ႔ သူ႔ရဲ႕တည္ေနရာကို ရွာေဖြ ေဖာ္ထုတ္ ႏိုင္ခဲ့တာပါ။

အက္ဇစ္ (၇၆ႏွစ္) ကို အီဂ်စ္ အာဏါပိုင္ေတြက ေရွ႕ေနခ်ဳပ္ ဟီရွန္ဘာရာခတ္ ၊ ဗိုလ္မႉးခ်ဳပ္ ဝအယ္တာဟြန္း နဲ႔ ဗိုလ္ခ်ဳပ္ အဒယ္ရာဂ်ယ္ တို႔ကို သတ္ျဖတ္မႈ နဲ႔ စြပ္စြဲထားပါတယ္။ ေရွ႕ေနခ်ဳပ္က ၂၀၁၅ ခုႏွစ္က အသတ္ခံရၿပီး ဗိုလ္မႉးခ်ဳပ္နဲ႔ ဗိုခ်ဳပ္တို႔ကေတာ့ သူတို႔ေနထိုင္ရာအိမ္မွာပဲ လုပ္ႀကံ ခံလိုက္ရတာပါ။

အက္ဇတ္ကို အရင္ကတည္းက ဟာမတ္ သူပုန္ေတြအတြက္ စပိုင္လုပ္ေပးမႈနဲ႔ ဝါဒီအယ္ နာထ႐ြန္ ေထာင္ေဖာက္မႈ ေတြေၾကာင့္ ေသဒဏ္ေပးထားၿပီး သားျဖစ္ပါတယ္။

တရားမဝင္ ညီအကိုမ်ား အဖြဲ႕ က ၂၀၁၁ ခုႏွစ္ အီဂ်စ္ႏိုင္ငံမွာ ျဖစ္ပြားခဲ့တဲ့ အာရပ္ေႏြဦး ေတာ္လွန္ေရး ကာလအတြင္းမွာ နာမည္ႀကီးလာတဲ့ အဖြဲ႕တစ္ခု ျဖစ္ပါတယ္။

အဲ့ဒိေတာ္လွန္ေရးေၾကာင့္ မိုဟာမက္ေမာ္စီက ေ႐ြးေကာက္ပြဲကေန သမၼတျဖစ္လာေပမဲ့ အဲ့ဒိႏွစ္မွာပဲ စစ္တပ္ေထာက္ခံတဲ့ အေရးအခင္းျဖစ္က သမၼတျဖဳတ္ခ်ခံခဲ့ရပါတယ္။

အာရပ္ေႏြဦး ေတာ္လွန္ေရးတစ္ေလွ်ာက္မွာ ျဖဳတ္ထုတ္သတ္ လမ္းစဥ္ကို က်င့္သုံး တဲ့ တရားမဝင္ညီအကိုမ်ား အဖြဲ႕ က အၾကမ္းဖက္အုပ္စု တစ္ခု အေနနဲ႔ ပါဝင္ လာခဲ့ပါတယ္။

ေမာင္ယႆ,REF: UPI, Photo: UPI

No Comments

Leave a Reply

Your email address will not be published.

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ

အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု

နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား

စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …