- By : Phoe Linn
- Category : International-news
- Tags: international news

မူဆလင် ညီအကိုများအဖွဲ့က မော်စီက အီဂျစ်မှာ အာဏါရလာပြီး နောက်မှာတော့ ရုန့်ရင့် ကြမ်းတမ်းမှုတွေ ပြည့်နှပ်လာလို့ ၂၀၁၃ မှာ အီဂျစ်အာဏါသိမ်းမှု တစ်ခု ပေါ်ပေါက်လာပြီး အီဂျစ်စစ်ခေါင်းဆောင် စီစီက အစိုးရဖွဲ့ပြီး အုပ်ချုပ်ခဲ့ပါတယ်။
မောင်ယဿ REF: euronews
Photo; global mail
Unicode
အီဂျစ်သမ္မတဟောင်းမူဘာရက် (၉၁နှစ်) ကွယ်လွန်
၂၀၁၁ ဇန်နဝါရီလ ၂၅ ရက်နေ့ အာဏါစွန့်ပြီးနောက်ပိုင်း တစ်စတစ်စ ကျန်းမာရေး ဆိုးရွားတဲ့ အီဂျစ်နိုင်ငံ စတုတ္ထမြောက် သမ္မတဟောင်းမူဘာရက် က စစ်ဆေးရုံမှာ ၆ နှစ်ကျော် တက်ရောက် ကုသပြီး နောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
၁၉၈၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဆယ်စုနှစ် ၃စုကျော် အီဂျစ်နိုင်ငံကို အုပ်ချုပ်လာသူကြီးက ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့သူ တစ်ဦးဖြစ်သူ ဖြစ်ပါတယ်။ သူက အီဂျစ်နိုင်ငံကို အုပ်ချုပ်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ်ခဲ့ပါတယ်။
သူ့ကို ဖြုတ်ချနိုင်ဖို့အတွက် ကြိုးစားခဲ့သူတွေက နောက်ဆုံးတော့ အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲ တစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်။ အဲ့ဒီလှုပ်ရှား ရုန်းကန်မှုကို အာရပ်နွေဦးတော်လှန်ရေးလို့ အမည် တွင်ခဲ့ပါတယ်။
မူဆလင် ညီအကိုများအဖွဲ့က မော်စီက အီဂျစ်မှာ အာဏါရလာပြီး နောက်မှာတော့ ရုန့်ရင့် ကြမ်းတမ်းမှုတွေ ပြည့်နှပ်လာလို့ ၂၀၁၃ မှာ အီဂျစ်အာဏါသိမ်းမှု တစ်ခု ပေါ်ပေါက်လာပြီး အီဂျစ်စစ်ခေါင်းဆောင် စီစီက အစိုးရဖွ့ဲပြီး အုပ်ချုပ်ခဲ့ပါတယ်။
စီစီက ရွေးကောက်ပွဲလုပ်ပြီး အာဏါရလာတော့ ကျန်တဲ့ အဖွဲ့အစည်းတွေကို နှိပ်ကွက် လိုက်ပါတော့တယ်။ အဲ့ဒါတွေက မူဘာရက် အာဏါစွန့်ပြီးနောက်ပိုင်း အီဂျစ်နိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေပါ။
လူတွေ ထောင်ပေါင်း များစွာ သေကြေ ကြ၊ အဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေကို ကျောခိုင်ပြီး စစ်ဆေးရုံပေါ်မှာ ဝေဒနာ သည်းထန်စွာ ခံစားနေ ရပါတယ်။
၁၉၈၁ခုနှစ်တုန်းက သမ္မတ အန်ဝါဆာဒက်ကို လုပ်ကြံ သတ်ဖြတ်ပြီး နိုင်ငံတော်အာဏါကို လုယူခဲ့သူ မူဘာရက်ကို ၂၀၁၇မှာ ၎င်းကိစ္စ အတွက် တရားရုံးမှာ အစစ်ဆေး ခံရပါတယ်။ ဆေးကုသနေရင်နဲ့ တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာပါ။
အီဂျစ်နိုင်ငံရေးလေ့လာသူ ဟယ်ယာ ကတော့ “မူဘာရက်က အခုမှ သေတာမဟုတ်ပါဘူး။ သူက ၂၀၁၁ ကတည်းက သေသွားခဲ့တာပါ။ တိုင်းပြည်ကို အာဏါရှင် တစ်ယောက်လို စိတ်ကြိုက် အုပ်ချုပ်ပြီးမှတော့ အာဏါက ဆင်းပေးလိုက်ရတဲ့ အချိန်မှာ အကုန်ဆုံးရှုံးသွား တာပါ။
အဲ့ဒိကတည်းက သူသေသွားခဲ့တာပါ” လို့ ဆိုပါတယ်။ အကျင့်ပျက်ခြစားမှုများစွာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့တဲ့ သမ္မတဟောင်းကို ထောင်ဒဏ် တစ်သက် အပြစ်ဒဏ် ပေးခဲ့ပါတယ်။
မောင်ယဿ REF: euronews
Photo; global mail
No Comments