အိႏၵိႏိုင္ငံ နယူးေဒလီမွာ ဆူပူအၾကမ္းဖက္မႈမ်ားတိုးလာေန
- By : Phoe Linn
- Category : International-news

အိႏၵိႏိုင္ငံ နယူးေဒလီမွာ ဆူပူအၾကမ္းဖက္မႈမ်ားတိုးလာေန
အိႏၵိယႏိုင္ငံ နယူးေဒလီမွာျဖစ္ေနတဲ့ ဆူပူေသာင္းက်န္းမႈကို ကမာၻႏိုင္ငံအသီးသီးက ေစာင့္ၾကည့္ေနၾကရၿပီး ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ ရစ္ဂါမွာ မူဆလင္ေတြကို တ႐ုတ္အစိုးရက ဖိႏွိပ္ ခ်ဳပ္ခ်ယ္မႈေတြ ျပဳလုပ္တယ္ဆိုၿပီး စြတ္စြဲျပစ္တင္မႈေတြရွိေနတဲ့ အခ်ိန္မွာပဲ အိႏၵိယပါလီမန္က ႏိုင္ငံသားျဖစ္ခြင့္ လြတ္ၿငိမ္းခ်မ္းသာမႈ ဥပေဒကို ျပဌန္းလိုက္တဲ့အတြက္ နယူးေဒလီမွာ ဆႏၵျပမႈေတြျဖစ္ေပၚခဲ့ပါတယ္။
အိႏၵိယရဲေတြရဲ႕ အၾကမ္းဖက္ႏွိမ္ႏွင္းမႈေၾကာင့္ အခုဆိုရင္ နယူးေဒလီမွာ ဆူပူေသာင္းက်န္မႈႀကီး ျဖစ္ေပၚ ၿပီး ဘယ္သူမွလမ္းေပၚ မထြက္ရဲ ၾကေတာ့ပါဘူး။ လမ္းေတြက ေျခာက္ကပ္တိတ္ဆိတ္ေနၿပီး ဘယ္အခ်ိန္ ဆူပူေသာင္းက်န္းမႈေတြ ေရာက္လာမလဲဆိုတာကို စိုး႐ြံ႕ ေနရပါတယ္။
အိႏၵိယ ပါလီမန္က ျပဌန္းလိုက္တဲ့ ဥပေဒေၾကာင့္ အိႏၵိယမွာ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းခံေနတဲ့ မူဆလင္ အသိုင္းအဝိုင္းက ဒုကၡသည္ အဆင့္ကေန အလိုအေလ်ာက္ ႏိုင္ငံသားျဖစ္ခြင့္ကို ရသြားၾကမွာျဖစ္ပါတယ္။ ကမာၻေပၚမွာ အိႏၵိယက မူဆလင္လူနည္းစု အမ်ားဆုံးရွိတဲ့ ႏိုင္ငံျဖစ္ၿပီး မူဆလင္ဦးေရ ၂၀၁ သန္းရွိပါတယ္။
ႏိုင္ငံသားျဖစ္ခြင့္ ဥပေဒက အမ်ိဳးသားေရး အစြန္းေရာက္ေတြကို မီးေမႊးေပးလိုက္သလို ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒိဥပေဒကို တကၠသိုလ္ေက်ာင္းသားေတြနဲ႔ အထက္တန္းေက်ာင္းသားေတြက အရင္ဆုံးဆႏၵျပခဲ့ၾကပါတယ္။ သူတို႔ေတြက ၿငိမ္းခ်မ္းစြာ ဆႏၵျပခဲ့ၾကေပမဲ့ အိႏၵိယရဲေတြက ႐ိုတ္ႏွတ္ တားဆီးမႈေတြလုပ္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ ေသနတ္နဲ႔ ပစ္ခတ္မႈေတြရွိလာလို႔ ေသဆုံးမႈေတြရွိ လာတဲ့အခါမွာေတာ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပမႈကေန ဆူပူေသာင္းက်န္းတဲ့ျဖစ္စဥ္ အထိတိုးလာ ပါတယ္။
ဟင္ဒူအမ်ိဳးသားေရးေတြက ခဲေတြ ဒါးေတြ ေသနတ္ေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကို ျပန္ၿပီးတိုက္ခိုက္မႈေတြ လုပ္လာၾကပါတယ္။ အဲ့ဒိအုပ္စုေတြက လုံၿခဳံေရးေတြနဲ႔ တိုက္ခိုက္ေနရာမွ မူဆလင္ေတြဖက္ကို ဦးလွည့္လာၿပီးအင္အားသုံး အၾကမ္းဖက္မႈ ေတြျပဳလုပ္လာပါတယ္။ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြရဲ႕ ႐ိုက္ႏွပ္မႈကိုခံရတဲ့ ဆႏၵျပ သူေတြက အိႏၵိယ ႏိုင္ငံေတာ္သီခ်င္းကို ဆိုၿပီး လမ္းေဘးမွာ ဒဏ္ရာေတြနဲ႔ လဲေနတဲ့ ဗီဒီယို ဖိုင္ကလည္း လိုင္းေပၚမွာျပန႔္ႏွံ႔ သြားတာကလည္း အမ်ိဳးေရးသမားေတြကို လႈံ႕ေဆာ္ေပးလိုက္သလိုျဖစ္သြားခဲ့ပါတယ္။
သူတို႔ေတြက ႐ိုးသားတဲ့ ဟိႏၵဴလူမ်ိဳးေတြျဖစ္ပါတယ္။ဟိႏၵဴေတြနဲ႔ ဟိႏၵဴေတြရဲ႕ ကိုးကြယ္မႈ ကို ကာကြယ္ေစာင့္ေရွာက္ရမွာပါဆိုတဲ့ စကားကလည္း ေဒလီရဲေတြနဲ႔ ဆႏၵျပသူေတြ ထိပ္တိုက္ေတြ႕ တုန္းက ေျပာဆိုခဲ့တဲ့ မွတ္တမ္း ဗီဒီယိုေတြက ဆူပူေသာင္းက်န္းမႈကို ကဲလာေအာင္ လႈံ႕ ေဆာ္ေပးေနတာနဲ႔ တူေနပါတယ္။ မူဆလင္အိမ္ေတြနဲ႔ မူဆလင္ စီးပြားေရး လုပ္ငန္းေတြ မီးရႈိ႕ဖ်က္ဆီး ခံေနရပါတယ္။
မူဆလင္အိမ္ေတြ မီးရႈိဖ်က္ဆီးခံရလို႔ မလြတ္ေျမာက္သူေတြရွိၿပီး ေသဆုံးသူေတြ လည္းရွိေနပါတယ္။ ဆူပူမႈတစ္ခုျဖစ္ၿပီးတိုင္း ရဲေတြအလာေနာက္က်ေနၿပီး ေသာင္းက်န္းသူေတြက လည္း ရဲေတြကို ေၾကာက္႐ြံ႕မႈ လုံဝမရွိပါဘူး။ ဆူပူေသာင္းက်န္းမႈေတြမျဖစ္ခင္ ဆႏၵျပခဲ့တုန္းက ေဒလီရဲေတြရဲ႕ ႏွိမ္နင္းမႈေၾကာင့္ ၂၅ေယာက္ေသဆုံးၿပီး ၂၀၀ေက်ာ္ ဒဏ္ရာ ရရွိ ခဲ့ပါတယ္။ အိႏၵိယမွာျဖစ္ေနတဲ့ အစိုးရ လူမ်ိဳးေရးနဲ႔ ဆူပူေသာင္က်န္းမႈ နဲ႔ ႏိုင္ငံေရး ေတြက ဘယ္လိုအဆုံးသတ္မယ္ဆိုတာက စိတ္ဝင္စားစရာေကာင္းပါတယ္။
ေမာင္ယႆ
REF: world of buzz
Photo: channel news asia
Unicode
အိန္ဒိနိုင်ငံ နယူးဒေလီမှာ ဆူပူအကြမ်းဖက်မှုများတိုးလာနေ
အိန္ဒိယနိုင်ငံ နယူးဒေလီမှာဖြစ်နေတဲ့ ဆူပူသောင်းကျန်းမှုကို ကမ္ဘာနိုင်ငံအသီးသီးက စောင့်ကြည့်နေကြရပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ရစ်ဂါမှာ မူဆလင်တွေကို တရုတ်အစိုးရက ဖိနှိပ် ချုပ်ချယ်မှုတွေ ပြုလုပ်တယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေတဲ့ အချိန်မှာပဲ အိန္ဒိယပါလီမန်က နိုင်ငံသားဖြစ်ခွင့် လွတ်ငြိမ်းချမ်းသာမှု ဥပဒေကို ပြဌန်းလိုက်တဲ့အတွက် နယူးဒေလီမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
အိန္ဒိယရဲတွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အခုဆိုရင် နယူးဒေလီမှာ ဆူပူသောင်းကျန်မှုကြီး ဖြစ်ပေါ် ပြီး ဘယ်သူမှလမ်းပေါ် မထွက်ရဲ ကြတော့ပါဘူး။ လမ်းတွေက ခြောက်ကပ်တိတ်ဆိတ်နေပြီး ဘယ်အချိန် ဆူပူသောင်းကျန်းမှုတွေ ရောက်လာမလဲဆိုတာကို စိုးရွံ့ နေရပါတယ်။
အိန္ဒိယ ပါလီမန်က ပြဌန်းလိုက်တဲ့ ဥပဒေကြောင့် အိန္ဒိယမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံနေတဲ့ မူဆလင် အသိုင်းအဝိုင်းက ဒုက္ခသည် အဆင့်ကနေ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ကို ရသွားကြမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အိန္ဒိယက မူဆလင်လူနည်းစု အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပြီး မူဆလင်ဦးရေ ၂၀၁ သန်းရှိပါတယ်။
နိုင်ငံသားဖြစ်ခွင့် ဥပဒေက အမျိုးသားရေး အစွန်းရောက်တွေကို မီးမွှေးပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒိဥပဒေကို တက္ကသိုလ်ကျောင်းသားတွေနဲ့ အထက်တန်းကျောင်းသားတွေက အရင်ဆုံးဆန္ဒပြခဲ့ကြပါတယ်။ သူတို့တွေက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမဲ့ အိန္ဒိယရဲတွေက ရိုတ်နှတ် တားဆီးမှုတွေလုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်မှုတွေရှိလာလို့ သေဆုံးမှုတွေရှိ လာတဲ့အခါမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေ ဆူပူသောင်းကျန်းတဲ့ဖြစ်စဉ် အထိတိုးလာ ပါတယ်။
ဟင်ဒူအမျိုးသားရေးတွေက ခဲတွေ ဒါးတွေ သေနတ်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ပြီးတိုက်ခိုက်မှုတွေ လုပ်လာကြပါတယ်။ အဲ့ဒိအုပ်စုတွေက လုံခြုံရေးတွေနဲ့ တိုက်ခိုက်နေရာမှ မူဆလင်တွေဖက်ကို ဦးလှည့်လာပြီးအင်အားသုံး အကြမ်းဖက်မှု တွေပြုလုပ်လာပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှပ်မှုကိုခံရတဲ့ ဆန္ဒပြ သူတွေက အိန္ဒိယ နိုင်ငံတော်သီချင်းကို ဆိုပြီး လမ်းဘေးမှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဗီဒီယို ဖိုင်ကလည်း လိုင်းပေါ်မှာပြန့်နှံ့ သွားတာကလည်း အမျိုးရေးသမားတွေကို လှုံ့ဆော်ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။
သူတို့တွေက ရိုးသားတဲ့ ဟိန္ဒူလူမျိုးတွေဖြစ်ပါတယ်။ဟိန္ဒူတွေနဲ့ ဟိန္ဒူတွေရဲ့ ကိုးကွယ်မှု ကို ကာကွယ်စောင့်ရှောက်ရမှာပါဆိုတဲ့ စကားကလည်း ဒေလီရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ တုန်းက ပြောဆိုခဲ့တဲ့ မှတ်တမ်း ဗီဒီယိုတွေက ဆူပူသောင်းကျန်းမှုကို ကဲလာအောင် လှုံ့ ဆော်ပေးနေတာနဲ့ တူနေပါတယ်။ မူဆလင်အိမ်တွေနဲ့ မူဆလင် စီးပွားရေး လုပ်ငန်းတွေ မီးရှို့ဖျက်ဆီး ခံနေရပါတယ်။
မူဆလင်အိမ်တွေ မီးရှိုဖျက်ဆီးခံရလို့ မလွတ်မြောက်သူတွေရှိပြီး သေဆုံးသူတွေ လည်းရှိနေပါတယ်။ ဆူပူမှုတစ်ခုဖြစ်ပြီးတိုင်း ရဲတွေအလာနောက်ကျနေပြီး သောင်းကျန်းသူတွေက လည်း ရဲတွေကို ကြောက်ရွံ့မှု လုံဝမရှိပါဘူး။ ဆူပူသောင်းကျန်းမှုတွေမဖြစ်ခင် ဆန္ဒပြခဲ့တုန်းက ဒေလီရဲတွေရဲ့ နှိမ်နင်းမှုကြောင့် ၂၅ယောက်သေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာ ရရှိ ခဲ့ပါတယ်။ အိန္ဒိယမှာဖြစ်နေတဲ့ အစိုးရ လူမျိုးရေးနဲ့ ဆူပူသောင်ကျန်းမှု နဲ့ နိုင်ငံရေး တွေက ဘယ်လိုအဆုံးသတ်မယ်ဆိုတာက စိတ်ဝင်စားစရာကောင်းပါတယ်။
မောင်ယဿ
REF: world of buzz
Photo: channel news asia
No Comments