International-news
၂။ တက်ဂ်ျမဟာအုတ်ဂူအစစ်ကို မတွေ့လိုက်ရတဲ့ ထရမ့်
အိန္ဒိယနိုင်ငံရဲ့ လည်ပတ်စရာအထိမ်းအမှတ် အဆောက်အအုံ တစ်ခုဖြစ်တဲ့ တက်ဂ်ျ မဟာကို သွားရောက်လည်ပတ်တဲ့ ထရမ့်ကို သူ့ရဲ့ လုံခြုံရေးတွေက တားမြစ်လို့ ဗိမ္မာန်အတွင်းက ရှားဂျဟန် နဲ့ မန်တက်ဇ်မာဟယ်တို့ရဲ့ အုတ်ဂူ အစစ်ကို ဝင်ရောက်ကြည့်ရှု့ ခွင့်မရလိုက်ပါဘူး။
အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်1
အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်2
၅။ အပြောမတတ်တဲ့ ထရမ့်
မောင်ယဿ REF: inshort
Photo; ANI
Unicode
အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်က သတင်းတိုများ
၁။ နိုင်ငံရေးဝမ်းစာမရှိတဲ့ ထရမ့် အိန္ဒိယနိုင်ငံကို ၇ယောက်မြောက် အလည်အပတ်ရောက်တဲ့ အမေရိကန်သမ္မတ တစ်ယောက်အနေနဲ့ မဟတ္တမ ဂန္ဒီ ဆိုတာဘယ်သူလဲ ဆိုတာကိုတော့ ကောင်းကောင်း သိသင့်ပါတယ်။
ဂန္ဒိရဲ့ ဂူဗိမ္မာန်က ဧည့်သည်မှတ်တမ်းမှာ လက်မှတ်ရေးထိုးတော့ “သူငယ်ချင်းကြီး မိုဒီသို့၊ ကျေးဇူးတင်ပါတယ်။ အံ့အားသင့်စရာ ခရီးပါ”ဆိုပြီး လက်မှတ် ရေးထိုးခဲ့တယ်။ ဂန္ဒီရဲ့ မြစ်ဖြစ်သူ တူရှားဂန္ဒီက အိုဘားမာ လာလည် တုန်းက ဧည့်စာအုပ်မှာ “အိန္ဒိယနိုင်ငံ ဖခင်ကြီးသို့” ဆိုပြီး ဂန္ဒီကို ချီးကျူးရေးသားခဲ့တာနဲ့ နှိုင်းယှဉ်ပြီးတော့ ထရမ့်ကို နိုင်ငံရေးဝမ်းစာ မရှိဘူးလို့ ဝေဖန်လိုက်တယ်။
အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်3
၂။ တက်ဂျ်မဟာအုတ်ဂူအစစ်ကို မတွေ့လိုက်ရတဲ့ ထရမ့်
အိန္ဒိယနိုင်ငံရဲ့ လည်ပတ်စရာအထိမ်းအမှတ် အဆောက်အအုံ တစ်ခုဖြစ်တဲ့ တက်ဂျ် မဟာကို သွားရောက်လည်ပတ်တဲ့ ထရမ့်ကို သူ့ရဲ့ လုံခြုံရေးတွေက တားမြစ်လို့ ဗိမ္မာန်အတွင်းက ရှားဂျဟန် နဲ့ မန်တက်ဇ်မာဟယ်တို့ရဲ့ အုတ်ဂူ အစစ်ကို ဝင်ရောက်ကြည့်ရှု့ ခွင့်မရလိုက်ပါဘူး။
လုံခြုံရေးတွေက အုတ်ဂူ အတွင်းပိုင်းကို ဝင်ရောက်ကြည့်ရှု့ဖို့ လမ်းကကျဉ်းတော့ ထရမ့်ရဲ့ ခန္တာကိုယ်ကြီးနဲ့ ဝင်ရင် ထိခိုက်မှုတွေ ဖြစ်နိုင်တဲ့အတွက် ဝင်ခွင့်မပြုခဲ့တာပါ။ အရပ် ၆ပေ ၃လက်မ နဲ့ ပေါင် ၂၅၀ကျော်လေး တဲ့ သူ့ခန္တာကိုယ်ကြီးက အောက်ဆင်းလမ်းမှာ ညပ်နေမှာ စိုးတဲ့အတွက်ကြောင့်ပါတဲ့။
၃။ နဖူးဆေးတို့ခံလိုက်ရတဲ့ မီလာနီယာ ထရမ့်
အမေရိကန်သမ္မတ ကတော် မီလာနီယာ ထရမ့်က ဒေလီက အစိုးရအလယ်တန်း ကျောင်းတစ်ကျောင်းကို သွားရောက်လည်ပတ်တော့ ကျောင်သူတွေနဲ့ ဝန်ထမ်းတွေက သူမကို ကြိုဆိုကြပါတယ်။ အိန္ဒိယ အလံနဲ့ အမေရိကန်အလံ တွဲကိုင်ဝှေ့ရမ်းပြီး သူမကို ကြိုဆိုကြပါတယ်။ ကျောင်းသားတွေကလည်း ပုလွေကြီးတွေကို မှုတ်ပြီး ကြိုဆိုကြတယ်။
သူမက ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ကျောင်းသူလေးတစ်ယောက်က တီလက်လို့ခေါ်တဲ့ ဆေးနီနဲ့ သူမရဲ့ နဖူးကို တို့ပြီး နမာစတေးလို့ နှုတ်ဆက်တော့ သူမက ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ အနောက်မှာ ကပ်ပါလာတဲ့ လုံခြုံရေးက အိန္ဒိယဓလေ့ထုံးစံလို့ ပြောမှပဲ သူမ သဘောပေါက်သွားရတယ်။
အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်4
၎။ နေရင်းထိုင်ရင် အပြောခံလိုက်ရတဲ့ ထရမ့်
အမေရိကန်မှာကတော့ လာမယ့်ရွေးကောက်ပွဲမှာ သမ္မတနေရာဝင်ပြိုင်မယ့် ဘာနီဆန်ဒါက ထရမ့်အနေနဲ့ အိန္ဒိယကို ကုဋေ ၃၀၀ ဖိုး လက်နက်တွေ သွားရောင်းမယ့်အစား ရာသီဥတု ပြောင်းလဲမှုကို အမေရိကန်- အိန္ဒိယ တွဲလုပ်ဖို့ ကိစ္စကိုပဲ သွားဆွေးနွေးသင့်တယ်လို့ ဝေဖန် ထောက်ပြသွားပါတယ်။
လက်နက်တွေ လေယာဉ်တွေ သွားရောင်းမယ့်အစား ကျနော်တို့ရဲ့ ကမ္ဘာကြီးကို ကယ်ဖို့အတွက် လေထုညစ်ညမ်း နေတာကို ဘယ်လို လျှော့ချရမယ် ဆိုတာကိုပဲ ဆွေးနွေးသင့်တာပေါ့လို့ သူ့ရဲ့တွစ်တာမှာ တင်လိုက်တော့ နေရင်းထိုင်ရင်း ထရမ့်တစ်ယောက် အပြောခံလိုက်ရပါတယ်။
အိန္ဒိယနိုင်ငံရောက် ထရမ့်ခရီးစဉ်5
၅။ အပြောမတတ်တဲ့ ထရမ့်
ထရမ့်က အိန္ဒိယ ဝန်ကြီးချုပ်မိုဒီနဲ့ အတူ အားကစားရုံမှာ လူထုတွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ လူတွေက သူတို့ရဲ့မိန့်ခွန်းကို လာရောက် နားထောင်ကြပါတယ်။ အဲ့ဒိလူတွေကိုကြည့်ပြီး တရမ့်က ဘာပြောလိုက်လဲ ဆိုတော့ မိုဒီသူငယ်ချင်း လူတွေအများကြီး လာကြည့်ကြတယ်။
အဲ့ဒါ ကျနော်ကို လာကြည့်တာမဟုတ်ဘူး ခင်းဗျားကို လာကြည့်တာ လို့ ပြောလိုက်တယ်။ အဲ့လိုပြောစရာလား ။ သူတို့ကိုယ်သူတို့ မျောက်ပွဲက မျောက်တွေ ဖြစ်နေလားလို့ တွေးမိနေပုံ ရတယ်။
မောင်ယဿ REF: inshort
Photo; ANI
No Comments
Leave a Reply
Your email address will not be published.
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …