အိႏၵိယဝန္ႀကီးခ်ဳပ္က နယ္ျခားကေျမ တစ္လက္မမွ အပါမခံဘူးလို႔ ကတိျပဳ

အိႏၵိယဝန္ႀကီးခ်ဳပ္က နယ္ျခားကေျမ တစ္လက္မမွ အပါမခံဘူးလို႔ ကတိျပဳ
International-news

အိႏၵိယဝန္ႀကီးခ်ဳပ္က နယ္ျခားကေျမ တစ္လက္မမွ အပါမခံဘူးလို႔ ကတိျပဳ

ဟိမဝႏၲာ ေတာင္တန္းႀကီးေပၚမွာ တ႐ုတ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ရင္ဆိုင္ တိုက္ပြဲမွာ က်ဆုံး သြားတဲ့ အိႏၵိယ စစ္သည္ ၂၀ ေက်ာ္ အတြက္ ရည္စူးၿပီး အိႏၵိယ ဝန္ႀကီးခ်ဳပ္ မိုဒိက ဘယ္လိုနည္းနဲ႔မွ အိႏၵိယေျမ တစ္လက္မမွ အပါ မခံႏိုင္ ဘူးလို႔ ဗုဒၶဟူးေန႔က ႐ုပ္သံကေန မိန္ခြန္း ေျပာခဲ့ ပါတယ္ ။ အိႏၵိယ- တ႐ုတ္ နယ္ျခား တစ္ေလွ်ာက္က က်ဥ္းေျမာင္းတဲ့ ေတာင္ေပၚ ေဒသမွာ တနလၤာေန႔က ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲ ၿပီးေနာက္မွာေတာ့ ဝန္ႀကီးခ်ဳပ္ အေနနဲ႔ ပထမဆုံး တိုင္းျပည္ ကာကြယ္ဖို႔ ေျပာတဲ့ မိန႔္ခြန္းကို အမ်ားျပည္သူကို ေျပာၾကားခဲ့တာပါ ။

“က်ေနာ္ တိုင္းျပည္ကို အေသအခ်ာ သိေစခ်င္တာကေတာ့ က်ေနာ္တို႔ အတြက္ စေတးသြားတဲ့ ရဲေဘာ္ေတြကို အခ်ည္းႏွီး မျဖစ္ေစ ရပါဘူး ။ တိုင္းျပည္ရဲ႕ စည္းလုံး ညီၫြတ္မႈနဲ႔ အခ်ဳပ္အျခာအာဏါ ပိုင္စိုးႏိုင္ေရးက အေရးႀကီးဆုံပါပဲ ။ အိႏၵိယက ၿငိမ္းခ်မ္းေရးကို တန္ဖိုးထား ပါတယ္ ။ တကယ္လို႔ အိႏၵိယကို လႈံ႕ေဆာ္ လာရင္ေတာ့ သင့္ေတာ္တဲ့ တုံ႔ျပန္မႈ တစ္ခုကို ျပန္လည္ ေပးဆပ္ဖို႔အတြက္ ရွိသမွ် အင္အားကို အကုန္ထုတ္သုံး မွာပါ”လို႔ ဆိုပါတယ္ ။

၂ ႏိုင္ငံ ပိုင္းျခားထားတဲ့ နယ္ျခားစည္းက ျပႆနာကို ေအးေအးေဆးေဆး ျဖစ္ေအာင္ နဲ႔ အေျခအေနေတြ ျပန္လည္ တည္ၿငိမ္ဖို႔ အတြက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ရီနဲ႔ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး ဆူဗရာဟာမန္ယန္ တို႔က ဖုန္းဆက္ၿပီး ၂ ဦး သေဘာတူ သေဘာတရားေတြကို ေဆြးေႏြးခဲ့ပါတယ္ ။ ၂ ႏိုင္ငံ နယ္ျခားကတပ္ေတြ အားလုံးကို အျမင့္ဆုံး တပ္လွန႔္မႈေတြကို ျပဳထားပါတယ္ ။

အိႏၵိယ မီဒီယာေတြရဲ႕အဆိုအရ ေတာင္ေပၚ လမ္းက်ဥ္းေလးတစ္ခုမွာ ၂ ႏိုင္ငံ စစ္တပ္ေတြ ညနက္ႀကီးမွာ ထိပ္တိုက္ ေတြ႕ၿပီး လက္နက္မဲ့ တိုက္ခိုက္မႈေတြ လုပ္ခဲ့ ၾကပါတယ္ ။ ေက်ာက္တုံးေတြ သံ႐ိုက္ထားတဲ့ တုတ္ေတြ နဲ႔ အျခား လက္လုပ္တိုက္ခိုက္စရာေတြ သုံးၿပီး တိုက္ခိုက္ ၾကတာပါ ။ ေသဆုံးသြားသူေတြ ကေတာ့ ေတာင္ေပၚကေန ေတာင္ေအာက္ကို ျပဳတ္က်ၿပီးေသဆုံးသြားတာပါလို႔ ဆိုတယ္ ။

အိႏၵိယဖက္က စစ္သည္ ၂၀ ေက်ာ္ က်ဆုံးခဲ့တယ္လို႔ ထုတ္ျပန္ ေၾကညာခဲ့ေပမဲ့ ေဘက်င္းအစိုးရကေတာ့ သူတို႔စစ္သည္ ဘယ္ေလာက္ ေသဆုံး တယ္ဆိုတာကို မထုတ္ျပန္ခဲ့ပါဘူး ။ အိႏၵိယ စစ္တပ္ ထုတ္ျပန္ခ်က္မွာေတာ့ တ႐ုတ္စစ္သည္ အနည္းဆုံး ၄၀ ေက်ာ္ေလာက္ ေသဆုံးသြားတယ္လို႔ သိရပါတယ္ ။ အိႏၵိယ အစိုးရ ဖက္ကေတာ့ သူတို႔ စစ္တပ္ကို တ႐ုတ္ဖက္က တိုက္ခိုက္ခဲ့တာလို႔ စြပ္စြဲထားပါတယ္ ။ တ႐ုတ္ဖက္ကလည္း အိႏၵိယဖက္က နယ္ျခားစည္းကို တရားမဝင္က်ဴးေက်ာ္ လာတဲ့အတြက္ တိုက္ခိုက္ရတာလို႔ ျပန္လည္း ေျပာၾကားထားတာေတြ ရွိပါတယ္ ။

ေမာင္ယႆ

REF: upi Photo; Upi

Unicode

အိန္ဒိယဝန်ကြီးချုပ်က နယ်ခြားကမြေ တစ်လက်မမှ အပါမခံဘူးလို့ ကတိပြု

ဟိမဝန္တာ တောင်တန်းကြီးပေါ်မှာ တရုတ်နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင် တိုက်ပွဲမှာ ကျဆုံး သွားတဲ့ အိန္ဒိယ စစ်သည် ၂၀ ကျော် အတွက် ရည်စူးပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဒိက ဘယ်လိုနည်းနဲ့မှ အိန္ဒိယမြေ တစ်လက်မမှ အပါ မခံနိုင် ဘူးလို့ ဗုဒ္ဓဟူးနေ့က ရုပ်သံကနေ မိန်ခွန်း ပြောခဲ့ ပါတယ် ။ အိန္ဒိယ- တရုတ် နယ်ခြား တစ်လျှောက်က ကျဉ်းမြောင်းတဲ့ တောင်ပေါ် ဒေသမှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ပြီးနောက်မှာတော့ ဝန်ကြီးချုပ် အနေနဲ့ ပထမဆုံး တိုင်းပြည် ကာကွယ်ဖို့ ပြောတဲ့ မိန့်ခွန်းကို အများပြည်သူကို ပြောကြားခဲ့တာပါ ။

“ကျနော် တိုင်းပြည်ကို အသေအချာ သိစေချင်တာကတော့ ကျနော်တို့ အတွက် စတေးသွားတဲ့ ရဲဘော်တွေကို အချည်းနှီး မဖြစ်စေ ရပါဘူး ။ တိုင်းပြည်ရဲ့ စည်းလုံး ညီညွတ်မှုနဲ့ အချုပ်အခြာအာဏါ ပိုင်စိုးနိုင်ရေးက အရေးကြီးဆုံပါပဲ ။ အိန္ဒိယက ငြိမ်းချမ်းရေးကို တန်ဖိုးထား ပါတယ် ။ တကယ်လို့ အိန္ဒိယကို လှုံ့ဆော် လာရင်တော့ သင့်တော်တဲ့ တုံ့ပြန်မှု တစ်ခုကို ပြန်လည် ပေးဆပ်ဖို့အတွက် ရှိသမျှ အင်အားကို အကုန်ထုတ်သုံး မှာပါ”လို့ ဆိုပါတယ် ။

၂ နိုင်ငံ ပိုင်းခြားထားတဲ့ နယ်ခြားစည်းက ပြဿနာကို အေးအေးဆေးဆေး ဖြစ်အောင် နဲ့ အခြေအနေတွေ ပြန်လည် တည်ငြိမ်ဖို့ အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဗရာဟာမန်ယန် တို့က ဖုန်းဆက်ပြီး ၂ ဦး သဘောတူ သဘောတရားတွေကို ဆွေးနွေးခဲ့ပါတယ် ။ ၂ နိုင်ငံ နယ်ခြားကတပ်တွေ အားလုံးကို အမြင့်ဆုံး တပ်လှန့်မှုတွေကို ပြုထားပါတယ် ။

အိန္ဒိယ မီဒီယာတွေရဲ့အဆိုအရ တောင်ပေါ် လမ်းကျဉ်းလေးတစ်ခုမှာ ၂ နိုင်ငံ စစ်တပ်တွေ ညနက်ကြီးမှာ ထိပ်တိုက် တွေ့ပြီး လက်နက်မဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့ ကြပါတယ် ။ ကျောက်တုံးတွေ သံရိုက်ထားတဲ့ တုတ်တွေ နဲ့ အခြား လက်လုပ်တိုက်ခိုက်စရာတွေ သုံးပြီး တိုက်ခိုက် ကြတာပါ ။ သေဆုံးသွားသူတွေ ကတော့ တောင်ပေါ်ကနေ တောင်အောက်ကို ပြုတ်ကျပြီးသေဆုံးသွားတာပါလို့ ဆိုတယ် ။

အိန္ဒိယဖက်က စစ်သည် ၂၀ ကျော် ကျဆုံးခဲ့တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပေမဲ့ ဘေကျင်းအစိုးရကတော့ သူတို့စစ်သည် ဘယ်လောက် သေဆုံး တယ်ဆိုတာကို မထုတ်ပြန်ခဲ့ပါဘူး ။ အိန္ဒိယ စစ်တပ် ထုတ်ပြန်ချက်မှာတော့ တရုတ်စစ်သည် အနည်းဆုံး ၄၀ ကျော်လောက် သေဆုံးသွားတယ်လို့ သိရပါတယ် ။ အိန္ဒိယ အစိုးရ ဖက်ကတော့ သူတို့ စစ်တပ်ကို တရုတ်ဖက်က တိုက်ခိုက်ခဲ့တာလို့ စွပ်စွဲထားပါတယ် ။ တရုတ်ဖက်ကလည်း အိန္ဒိယဖက်က နယ်ခြားစည်းကို တရားမဝင်ကျူးကျော် လာတဲ့အတွက် တိုက်ခိုက်ရတာလို့ ပြန်လည်း ပြောကြားထားတာတွေ ရှိပါတယ် ။

မောင်ယဿ

REF: upi Photo; Upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news
အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news
တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား
International-news
အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား

အိန္ဒိယသား မယူရလို့ လူမျိုးရေးခွဲခြား စာတမ်းထိုးလို့ မလေးအွန်လိုင်းပေါ်မှာ ပွထသွား မောင်ယဿ ( ဇူလိုင် ၂၇ ) လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ အလှူလုပ်လို့ မလေးရှား အွန်လိုင်းပေါ်မှာ ပြစ်တင်ရှုံ့ချမှုတွေ ပွထသွားပါတယ်။ မလေးရှားမှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ လုပ်ဆိုင်းထား ၊ အသွားအလာတွေ ကန့်သတ်ထားလို့ ပြည်သူတော်တော်များများ စားရေးသောက်ရေး အကျတ်အတည်း နဲ့ ကြုံတွေ့နေ ရပါတယ်။ တတ်နိုင်တဲ့ ပြည်သူတွေက မတတ်နိုင်တဲ့ ပြည်သူတွေကို ကူညီဖို့အတွက် အစားအသောက်ဘဏ်လေးတွေက နိုင်ငံနဲ့ အနှံ့အပြားမှာ မှိုလိုပေါက်လာကြပါတယ်။ အဲ့ဒိမှာ ပြဿနာလေးရှိတာက လူမျိုးရေးခွဲခြားတဲ့ အလှူ အစားအသာက် ဘဏ်တွေကြောင့် ဆွမ်းဆန်ထဲကို ကြက်ချေးရောနေသလို ဖြစ်နေပါတယ်။ ဂျိုဟိုး …