အိုးပဲ့ ကို စလောင်းရွဲ့နဲ့ ဖုံးတဲ့ လီယန်ဟမ်စ်ဝသ်

အိုးပဲ့ ကို စလောင်းရွဲ့နဲ့ ဖုံးတဲ့ လီယန်ဟမ်စ်ဝသ်
Cele News

အိုးပဲ့ ကို စလောင်းရွဲ့နဲ့ ဖုံးတဲ့ လီယန်ဟမ်စ်ဝသ်

မိုင်လီဆိုင်ရပ်နဲ့ လီယန်ဟမ်ဝသ် တို့ရဲ့ ဇာတ်လမ်းကတော့ အပျက်ပျက် နဲ့ နှာခေါင်းသွေး ထွက်လာပါပြီ။ ၁၀နှစ်ကျော်တွဲ ခဲ့ပြီး အိမ်ထောင်သက် တစ်နှစ်အကြာမှာ လမ်းခွဲ ခဲ့ပြီး နောက်မှာတော့ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မခံချိ မခံသာအောင် ပြောလာခဲ့ ကြပါတယ်။

အရင်တုန်းကလည်း သူတို့တွေ က ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ၁၀ ကျော် ကြာအောင် တွဲခဲ့ကြတာပဲ။ ဒီတစ်ခါ လမ်းအခွဲ မှာတော့ အရင်လို မဟုတ်ကြတော့ဘဲ လေကြောင်း စစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်နေ ကြပါတယ်။

အိုးပဲ့ ကို စလောင်းရွဲ့နဲ့ ဖုံးတဲ့ လီယန်ဟမ်စ်ဝသ်1

ပြီးခဲ့တဲ့ အပတ်က မိုင်လီဆိုင်ရပ်က သူမက လီယန်ကို ဘယ်လို ပြောခဲ့လည်းဆိုတော့ သူက သူမအတွက် အိပ်ရာထဲမှာ ပထမဆုံး အိပ်ဖူးတဲ့ ယောကျ်ား မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။

တကယ်တော့ မိုင်လီဆိုင်ရပ်က လီယန်ကို လီယန်နဲ့ တွေ့ တဲ့အချိန်မှာ ၁၇ နှစ်သာ ရှိပါသေးတယ်။ မိုင်လီက သူမ ၁၆နှစ်ကတည်းက ယောက်ျား တစ်ယောက်နဲ့ အိပ်ရာထဲမှာ အချိန်ဖြုန်း ခဲ့ဖူးပါတယ်လို့ အင်တာဗျူး ကနေ ဖောက်ချ ခဲ့ပါတယ်။

အိုးပဲ့ ကို စလောင်းရွဲ့နဲ့ ဖုံးတဲ့ လီယန်ဟမ်စ်ဝသ်2

အနောက်တိုင်းလို ဟောလီးဝုဒ်မှာ ဒီလို ဖြစ်ပျက်တာတွေက အဆန်း မဟုတ်ပေမဲ့ မိုင်းလီက လီယန်ကို နာအောင်ဆိုပြီး သူမက အဲ့ဒိလို ယောက်ျား တစ်ယောက်နဲ့ အိပ်ဖူးတာကို ၁၀ နှစ်လုံးလုံး လိမ်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒိစကားက လီယန်အတွက် နာစရာ ဖြစ်ခဲ့ပါတယ်။

သြစတေးလျှ သားကလေး ကတော့ သူ့အနေနဲ့ မိုင်လီ အဲ့လို ပြောတဲ့အတွက် ရွဲ့ ပြီးတော့ သြဂုတ်လ ၁၄ မှာ ဂယ်ဘရီဘယ်လာ ဘရုခ် နဲ့ ညစာ ထွက်စားပြခဲ့ပါတယ်။ ပရိသတ်တွေသိအောင် သူက လူလုံးပြဓာတ်ပုံ ရိုက်ခံခဲ့ပါတယ်။

အိုးပဲ့ ကို စလောင်းရွဲ့နဲ့ ဖုံးတဲ့ လီယန်ဟမ်စ်ဝသ်3

မိုင်လီနဲ့ လီယန်တို့က သူတို့တွေ တွဲနေစဉ် အခါကလည်း မီဒီယာကို ရှောင်ခဲ့ကြတယ်။ သူတို့က တတ်နိုင်သလောက် မီဒီယာရဲ့ စာမျက်နှာတွေမှာ နည်းနိုင်သလောက် နည်းအောင် နေခဲ့ကြပေမဲ့ အခုတော့ သူတို့ ၂ ယောက် မီဒီယာပေါ်မှာ ဟန်ရေး တပြပြ လုပ်နေကြပါတယ်။

“ဂယ်ဘရီလာက တကယ်ပဲ ကျနော်အတွက် ကောင်းမွန်တဲ့ အဖော်တစ်ယောက်ပါ။ ၁၀နှစ်ကျော် နာကျင်ခဲ့တဲ့ ကျနော်ရဲ့ နလုံးသား တွေကို ဆေးကုပေးဖို့ အတော်ဆုံး သူနာပြုတစ်ယောက်ပါပဲ။

သူ့ကြောင့် ကျနော့်ရဲ့ ဘဝက ပိုပြီး ပီပြင်လာတယ် ထင်ရှား လာပါတယ်” လို့ သူက USမဂ္ဂဇင်း အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။ မိုင်လီနဲ့ လီယန်တို့ ၂ ယောက်ရဲ့ ဇာတ်လမ်းမှာ ကျန်တဲ့သူတွေက သက်သက် ဓားစာခံလိုပဲ ဖြစ်သွားမလား။ နှာခေါင်း သွေးထွက်တာက မရပ်ပဲ ဆက်သွားမလာ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။

မောင်ယဿ, REF: Hollywood life, Photo; US Magazine

No Comments

Leave a Reply

Your email address will not be published.

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်
Cele News
အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ်

အမျိုးသမီးအစစ် မဟုတ်ကြောင်း ပုံနှင့်တကွ ဖွင့်ချတဲ့ စစ်ပိုးအိမ် အမျိုးသမီးတစ်ယောက်လို့ ပရိသတ်အချို့ သိထားကြတဲ့ မော်ဒယ် စစ်ပိုးအိမ်က သူမက လိင်ခွဲစိတ်ထားသူ Transexual တစ်ဦး ဖြစ်ကြောင်း သူမဘဝ ဖြစ်တည်မှု ကို အားလုံးရှေ့မှာ ဖွင့်ချလိုက်ပါတယ်။ သူမ ရင်သား ခွဲစိတ်နေတဲ့ ပုံအပါအဝင် ငယ်စဉ်ကလေးဘဝ ပုံများပါ မကျန် သူမ ရဲ့ ဖြစ်တည်မှုကို သူမရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စ် စာမျက်နှာကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။ စစ်ပိုးအိမ် တစ်ယောက် အမျိုးသမီး အစစ်တစ်ယောက် မဟုတ်မှန်း အချို့ပရိသတ်‌တွေ သိကြပေမဲ့ သူမဖွင့်ချတဲ့ ဓါတ်ပုံတွေ‌ကြောင့် ပရိသတ် အချို့က‌တော့ ယခုအချိန်မှ ခွဲစိတ်ထားသူ ဖြစ်မှန်း သိကြတာ …

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့
Cele News
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့

မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား
Cele News
ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား

ကိုဗစ်ကာလအတွင်း ဝိတ်ချနိုင်ဖို့ ကြိုးစားနေတဲ့ ဘရစ်တနေးစပီးယား ဒီတနင်္လာနေ့က ဟောလီးဝုဒ် ဆယ်လီအဆိုတော် ဘရစ်တနေစပီးယားက သူမရဲ့ ဘော်ဒီဝိတ်ကို ချနိုင်ဖို့ အတွက် ပြင်းထန်တဲ့ အကလေ့ကျင်းခန်းတွေ လုပ်နေတယ် ဆိုတာကို ပြဖို့အတွက် သူမရဲ့ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ တင်လိုက်ပါတယ်။ “ကျမ ဘော်ဒီနဲ့ ပတ်သက်ပြီး စိတ်ညစ်လွန်းလို့ ဒီကာလအတွင်းမှာ ဝိတ်ချနိုင်ဖို့ အက လေ့ကျင့်ခန်းတွေကို ပြင်းပြင်း ထန်ထန် လုပ်နေပါတယ်။ ဒီကပ်ရောဂါ ကာလကြီးကတော့ ကျမအတွက် သိပ်ခက်ခဲတဲ့ အချိန်ပါပဲ။ သွားစရာ နေရာတွေလည်း မရှိဘူး။ အားလုံးကလည်း ပိတ်ထားတယ်။ ကျမကတော့ ဘုရားဆီမှာ ဆုတောင်း နေတာက အရသာသိပ်ရှိတဲ့ အစားအစာတွေ မစားရပါစေနဲ့ ဆိုပြီး တောင်းနေရတယ်။ …