
International-news






မောင်ယဿ


Unicode

အိုးခွက် ပန်းကန်းဆေးတဲ့ ရေမြုတ်ဖက်က ဝမ်းသွားစေတတ်တဲ့ အကြောင်းတစ်ခု ပါတဲ့

ကျနော်တို့ ဝမ်းသွားပြီဆိုရင် ပထမဆုံး စဉ်းစားမိတဲ့ ကိစ္စကတော့ ငါဘာတွေ အစားမှားမိတာလဲ ဆိုတာကိုပါပဲ ။ ဒါပေမဲ့ ကျနော်တို့ရဲ့ စားသောက်စရာ တွေကို ချက်ပြုတ်တဲ့ အိုးခွက်တွေ ထည့်စားတဲ့ ပန်းကန် ခွက်ယောက် တွေ ကို ဆေးကြောတဲ့ ရေမြုပ်ဖတ်ကို ဘယ်သူမှ စဉ်းစား မိကြမှာမဟုတ်ပါဘူး ။ မလေးရှား ကျန်းမာရေး ဝန်ကြီး ဌာနက ပန်းကန်ဆေး ရေမြုပ်ဖက်မှာ အဆီနတ်တိုဘတ်တာ ၊ မိုရာဆယ်လား ၊ခရိုင်ဆိုဘတ်တီးရီယံ နဲ့မှို တွေ ဘတ်တီရီးယားတွေ ခိုအောင်းနေတတ်တယ် ဆိုတာ ရှင်းပြခဲ့ပါတယ် ။

အချို့ကတော့ ရေမြုပ်ဖက်မှာ ဆပ်ပြာ သုံးပြီး ဆေးတာ ဘာဖြစ်လို့ ဘတ်တီးရီးယားတွေ ရှိနေရတာတုန်းလို့ မေးကောင်း မေးကြပါတယ် ။ ဆပ်ပြာက ရောဂါပိုးတွေကို သေစေတာ မှန်ပေမဲ့ ဘတ်တီးရီးယားအားလုံး ကို သေစေတာတော့ မဟုတ်ပါဘူး ။ သုတေသီတွေက ပန်းကန်ဆေးဆပ်ပြာက ဘတ်တီးရီးယားတိုင်းကို မသေစေနိုင်ဘူး ဆိုတာကို သိပ္ပံစမ်းသပ်ချက်နဲ့ သက်သေပြခဲ့ပါတယ် ။ ပန်းကန်းဆေး ဆပ်ပြာဖက်က အိမ်သာ ကနုတ်အိုးထက်တောင် ပိုပြီး ညစ်ပတ်တယ်လို့ သူတို့က ဆိုပါတယ် ။

ဘာနဲ့နှိုင်း ယှဉ်ပြလဲဆိုတော့ ဆပ်ပြာဖက် မှာပါတဲ့ ဘတ်တီးရီးယား အရေအတွက် နဲ့ အိမ်သာအိုးရဲ့ဘတ်တီးရီယား ပမာဏကို ယှဉ်ပြခဲ့ တာပါ ။ မဖြစ်မနေ ဆပ်ပြာဖက်ကို သုံးမယ် ဆိုရင်တော့ ၂ပတ် တစ်ခါ လဲသုံးတာ အကောင်းဆုံးပါပဲ လို့လည်း အကြံပြု ထားပါတယ် ။ တကယ်လို့ အဲ့ဒိပန်းကန်ဆေး ရေမြုပ် ကိုပဲ သုံးတာ အဆင်ပြေလို့ ဆက်သုံးချင်တယ် ဆိုရင်တော့ သန့်ရှင်းရေး လုပ်နည်းလည်းရှိပါတယ် ။ ရေမြုပ်ကို မသုံးခင်မှာ ရေနဲ့ ၅မိနစ်လောက် ပြုတ်လိုက်ပါ။

အဲ့လိုမှ မလုပ်ချင်ဘူး ဆိုရင် ရေ နဲ့ချွတ်ဆေးမှုန့် ကို သုံးပြီး ဖလားထဲ ထည့်ကာ မိုက်ခရိုဝေ့ မီးဖိုးထဲ ၂မိနစ်လောက် ထားလည်းရပါ တယ် ။ ရေမြုပ်ကို ၂ပတ်တစ်ကြိမ်လဲပေးပါ ။ ဒါမှမဟုတ် အနံ့ထွက်တာနဲ့ လဲပစ်လိုက်ပါလို့ အကြံပြုထားပါတယ် ။ အခုလို ကပ်ရောဂါကာလကြီးထဲမှာ ကျနော်တို့က တတ်နိုင်သလောက် တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ကိုလေ့လာရမှာပါ ။ တကယ်လို့ ကျနော်တို့က ဝမ်းတွေ သွားသွားနေတယ်ဆိုရင် အထက်ပါ အချက်ကို သတိကြည့်လိုက်ပါဦးလို့ ဆိုလိုက်ပါရစေ ။

မောင်ယဿ

REF: world of buzz / Photo; science mug

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …