အိုက္လြန္းလို႔ PPE ေအာက္မွာ အဝတ္အစား ထပ္မဝတ္ ပါရေစနဲ႔လို႔ ေတာင္းဆို လိုက္တဲ့သူနာျပဳ

အိုက္လြန္းလို႔ PPE ေအာက္မွာ အဝတ္အစား ထပ္မဝတ္ ပါရေစနဲ႔လို႔ ေတာင္းဆို လိုက္တဲ့သူနာျပဳ
International-news

အိုက္လြန္းလို႔ PPE ေအာက္မွာ အဝတ္အစား ထပ္မဝတ္ ပါရေစနဲ႔လို႔ ေတာင္းဆို လိုက္တဲ့သူနာျပဳ

႐ုရွားႏိုင္ငံ တူလာၿမိဳ႕က ေဆး႐ုံအုပ္ ကို အမည္ မေဖာ္လိုတဲ့ သူနာျပဳက PPE ဝတ္စုံ ေအာက္မွာ ယူနီေဖာင္းကို ထပ္ဝတ္ ထားရတာ အလြန္ ပူအိုက္တဲ့ အတြက္ သူမ အေနနဲ႔ ေကာ္႐ိုနာ ဗိုင္းရက္အေဆာင္ ထဲမွာ အလုပ္လုပ္ ေနတဲ့အခ်ိန္မွာ အတြင္းခံ နဲ႔သာ အလုပ္လုပ္ လိုေၾကာင္း ေတာင္းဆိုမႈ လုပ္လာ ပါတယ္ ။

သူမက အၾကည္ေရာင္ ပလက္စတစ္ PPEနဲ႔ ေကာ္႐ိုနာ ဗိုင္းရက္ ကုသတဲ့ အမ်ိဳးသား ေဆာင္မွာ တာဝန္ထမ္း ေဆာင္ၿပီး ေနာက္မွာေတာ့ ေဆး႐ုံအုပ္ကို ေတာင္းဆို လာတာပါ ။ ေဆး႐ုံ ေပၚက အမ်ိဳးသား လူနာေတြက အဲ့ဒါကို ဓာတ္ပုံ ႐ိုက္ၿပီး လိုင္းေပၚ တင္လိုက္ေတာ့ အုံးအုံး ထကုန္တာေပါ့ ။ ေဆး႐ုံအုပ္က အဲ့ဒိ လိုင္းေပၚက ကိစၥနဲ႔ ပါတ္သက္ၿပီး သေဘာမေတြ႕ စိတ္မခ်မ္းသာ ျဖစ္ရပါတယ္ ။ ၿပီးေတာ့သူမကို ေဆး႐ုံ ေရာက္တာနဲ႔ ဘာ အေၾကာင္းျပခ်က္နဲ႔မွ ယူနီေဖာင္း မခြၽတ္ရဘူး ။ အၿမဲ ဝတ္စုံ ျပည့္ ဝတ္ၿပီးမွ အလုပ္ဆင္း ရမယ္လို႔ အျပစ္ေပး လိုက္ပါတယ္ ။

အသက္၂၀ သာ ရွိေသးတဲ့ အဲ့ဒိ သူနာျပဳက တူလာ ေဆး႐ုံ က မန္ေနဂ်ာကို သူမ အေနနဲ႔ အလုပ္လုပ္ရတာ ပူလြန္းလို႔ စိတ္မသက္ မသာ ျဖစ္ခဲ့ ရပါတယ္ ။ အဲ့ဒိ ေနာက္မွာေတာ့ ယူနီေဖာင္း ကိုခြၽတ္ၿပီး PPE ဝတ္စုံ ဝတ္ကာ လူနာေဆာင္ထဲ သြားၿပီး အလုပ္လုပ္ခဲ့ ပါတယ္ ။ ခက္တာက PPE ဝတ္စုံက အဲ့ေလာက္ ၾကည္ ေနမယ္မွန္း မသိလိုက္ လို႔ပါ ။ သတိမထားမိ လိုက္လို႔ပါလို႔ ရွင္းလင္း ေျပာခဲ့ပါတယ္ ။ ေဒသႏၲရ က်န္မာေရးဝန္ႀကီး ကေတာ့ သူနာျပဳေတြ ကူးစက္ေဆာင္ကို သြားရင္ လိုအပ္တဲ့ အကာအကြယ္ ေတြကို အျပည့္အစုံ ဝတ္သြားဖို႔ ႀကီးၾကပ္သူေတြ အေနနဲ႔ စစ္ေဆးဖို႔ ကို မွာၾကားခဲ့ပါတယ္ ။

အဲ့ဒိ သူနာျပဳကေတာ့ အဲ့ဒိ ကိစၥနဲ႔ ပတ္သက္ၿပီး တစ္စြန္းတစ္စ အသံ မထြက္ခဲ့ပါဘူး ။ အထက္အရာရွိေတြရဲ႕ ၫႊန္ၾကားခ်က္ကို ခ်ိဳးေဖာက္ မိတယ္ လို႔လည္းဝန္ခံမႈ မရွိခဲ့ပါဘူး ။ ကူးစက္ေဆာင္ထဲက လူနာ တစ္ေယာက္ကို ဖုန္းဆက္ အင္တာဗ်ဴး ေတာ့ သူမကို အဲ့လို ဝတ္လာလို႔ ဘယ္သူကမွ ျပစ္တင္ ေျပာဆိုတာ မရွိပါဘူး ။ အားလုံးကလည္း ေအးေအးေဆးေဆး ပါပဲ ။ ကိုယ္ကို ေဆးစစ္ခ်က္ ေတြလာယူတဲ့အခ်ိန္မွာေတာ့ နည္းနည္း ရွက္အမ္းအမ္း ျဖစ္ရတာေပါ့ လို႔ ေျဖသြားပါတယ္ ။

တူလာၿမိဳ႕ သတင္းစာ ကေတာ့ သူနာျပဳကို ခ်ီးမႊမ္းခဲ့ပါတယ္ ။ သူတို႔ အေနနဲ႔က ဒါက ဟာသျဖစ္ရင္လည္း ဘာပဲ ျဖစ္ျဖစ္ လူနာေဆာင္ ထဲမွာ မြန္းၾကပ္ေနတဲ့ လူနာေတြ အတြက္ စိတ္အေျပာင္းအလဲ တစ္ခုခု ျဖစ္သြားတာက ေတာ့ အမွန္ပဲ ။ အဲ့ဒိအတြက္ သူမကို ဂုဏ္ယူပါတယ္ ။

ေမာင္ယႆ

REF: daily mail / Photo;tulapressa

Unicode

အိုက်လွန်းလို့ PPE အောက်မှာ အဝတ်အစား ထပ်မဝတ် ပါရစေနဲ့လို့ တောင်းဆို လိုက်တဲ့သူနာပြု

ရုရှားနိုင်ငံ တူလာမြို့က ဆေးရုံအုပ် ကို အမည် မဖော်လိုတဲ့ သူနာပြုက PPE ဝတ်စုံ အောက်မှာ ယူနီဖောင်းကို ထပ်ဝတ် ထားရတာ အလွန် ပူအိုက်တဲ့ အတွက် သူမ အနေနဲ့ ကော်ရိုနာ ဗိုင်းရက်အဆောင် ထဲမှာ အလုပ်လုပ် နေတဲ့အချိန်မှာ အတွင်းခံ နဲ့သာ အလုပ်လုပ် လိုကြောင်း တောင်းဆိုမှု လုပ်လာ ပါတယ် ။

သူမက အကြည်ရောင် ပလက်စတစ် PPEနဲ့ ကော်ရိုနာ ဗိုင်းရက် ကုသတဲ့ အမျိုးသား ဆောင်မှာ တာဝန်ထမ်း ဆောင်ပြီး နောက်မှာတော့ ဆေးရုံအုပ်ကို တောင်းဆို လာတာပါ ။ ဆေးရုံ ပေါ်က အမျိုးသား လူနာတွေက အဲ့ဒါကို ဓာတ်ပုံ ရိုက်ပြီး လိုင်းပေါ် တင်လိုက်တော့ အုံးအုံး ထကုန်တာပေါ့ ။ ဆေးရုံအုပ်က အဲ့ဒိ လိုင်းပေါ်က ကိစ္စနဲ့ ပါတ်သက်ပြီး သဘောမတွေ့ စိတ်မချမ်းသာ ဖြစ်ရပါတယ် ။ ပြီးတော့သူမကို ဆေးရုံ ရောက်တာနဲ့ ဘာ အကြောင်းပြချက်နဲ့မှ ယူနီဖောင်း မချွတ်ရဘူး ။ အမြဲ ဝတ်စုံ ပြည့် ဝတ်ပြီးမှ အလုပ်ဆင်း ရမယ်လို့ အပြစ်ပေး လိုက်ပါတယ် ။

အသက်၂၀ သာ ရှိသေးတဲ့ အဲ့ဒိ သူနာပြုက တူလာ ဆေးရုံ က မန်နေဂျာကို သူမ အနေနဲ့ အလုပ်လုပ်ရတာ ပူလွန်းလို့ စိတ်မသက် မသာ ဖြစ်ခဲ့ ရပါတယ် ။ အဲ့ဒိ နောက်မှာတော့ ယူနီဖောင်း ကိုချွတ်ပြီး PPE ဝတ်စုံ ဝတ်ကာ လူနာဆောင်ထဲ သွားပြီး အလုပ်လုပ်ခဲ့ ပါတယ် ။ ခက်တာက PPE ဝတ်စုံက အဲ့လောက် ကြည် နေမယ်မှန်း မသိလိုက် လို့ပါ ။ သတိမထားမိ လိုက်လို့ပါလို့ ရှင်းလင်း ပြောခဲ့ပါတယ် ။ ဒေသန္တရ ကျန်မာရေးဝန်ကြီး ကတော့ သူနာပြုတွေ ကူးစက်ဆောင်ကို သွားရင် လိုအပ်တဲ့ အကာအကွယ် တွေကို အပြည့်အစုံ ဝတ်သွားဖို့ ကြီးကြပ်သူတွေ အနေနဲ့ စစ်ဆေးဖို့ ကို မှာကြားခဲ့ပါတယ် ။

အဲ့ဒိ သူနာပြုကတော့ အဲ့ဒိ ကိစ္စနဲ့ ပတ်သက်ပြီး တစ်စွန်းတစ်စ အသံ မထွက်ခဲ့ပါဘူး ။ အထက်အရာရှိတွေရဲ့ ညွှန်ကြားချက်ကို ချိုးဖောက် မိတယ် လို့လည်းဝန်ခံမှု မရှိခဲ့ပါဘူး ။ ကူးစက်ဆောင်ထဲက လူနာ တစ်ယောက်ကို ဖုန်းဆက် အင်တာဗျူး တော့ သူမကို အဲ့လို ဝတ်လာလို့ ဘယ်သူကမှ ပြစ်တင် ပြောဆိုတာ မရှိပါဘူး ။ အားလုံးကလည်း အေးအေးဆေးဆေး ပါပဲ ။ ကိုယ်ကို ဆေးစစ်ချက် တွေလာယူတဲ့အချိန်မှာတော့ နည်းနည်း ရှက်အမ်းအမ်း ဖြစ်ရတာပေါ့ လို့ ဖြေသွားပါတယ် ။

တူလာမြို့ သတင်းစာ ကတော့ သူနာပြုကို ချီးမွှမ်းခဲ့ပါတယ် ။ သူတို့ အနေနဲ့က ဒါက ဟာသဖြစ်ရင်လည်း ဘာပဲ ဖြစ်ဖြစ် လူနာဆောင် ထဲမှာ မွန်းကြပ်နေတဲ့ လူနာတွေ အတွက် စိတ်အပြောင်းအလဲ တစ်ခုခု ဖြစ်သွားတာက တော့ အမှန်ပဲ ။ အဲ့ဒိအတွက် သူမကို ဂုဏ်ယူပါတယ် ။

မောင်ယဿ

REF: daily mail / Photo;tulapressa

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

တ႐ုတ္က ေကာ္႐ိုနာဗိုင္းရက္ကို အေယာင္ျပၿပီး ေတာင္တ႐ုတ္ပင္လယ္ကို က်ဴးေက်ာ္ေနဟုဆို
International-news
တ႐ုတ္က ေကာ္႐ိုနာဗိုင္းရက္ကို အေယာင္ျပၿပီး ေတာင္တ႐ုတ္ပင္လယ္ကို က်ဴးေက်ာ္ေနဟုဆို

တ႐ုတ္က ေကာ္႐ိုနာဗိုင္းရက္ကို အေယာင္ျပၿပီး ေတာင္တ႐ုတ္ပင္လယ္ကို က်ဴးေက်ာ္ေနဟုဆို မေန႔က ဂ်ပန္ႏိုင္ငံ အေမရိကန္စစ္တပ္ဦးစီးမႉးက ေတာင္တ႐ုတ္ ပင္လယ္အတြင္းမွာ ျဖစ္ပြားေနတဲ့ အျငင္းပြားမႈ ေတြကို ဖိအားေပးရန္အတြက္ ေကာ္႐ိုနာဗိုင္းရက္ျပန္ႏွံ႔မႈကို အေယာင္ျပ လႈပ္ရွားမႈေတြကို လုပ္ေနတယ္လို႔ ဆိုတယ္ ။ သူက လက္ရွိ ေတာင္တ႐ုတ္ပင္လယ္ အတြင္းမွာ တ႐ုတ္တို႔ရဲ႕ စစ္အင္အားတိုးျမႇင့္ ေနျခင္းနဲ႔ ပတ္ သက္ၿပီး အခုလို ဆိုလိုက္ျခင္း ျဖစ္ပါတယ္ ။ ႐ိုက္တာသတင္းဌာနနဲ႔ ဖုန္းအင္တာဗ်ဴးမွာ သူက “ခင္ဗ်ားတို႔ ေတြးၾကည့္လို႔ ရပါတယ္ ။ တ႐ုတ္ႏိုင္ငံတင္ မကဘူး ကမာၻ႔ႏိုင္ငံ အသီးသီးမွာ ေကာ္႐ိုနာဗိုင္းရက္ ကိစၥနဲ႔ အခက္အခဲေတြ ျဖစ္ေနပါတယ္ ။ ဒါေပမဲ့ …

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို
International-news
လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို

လူငယ္ေတြ ေသြးလႉၿပီးရင္ သံဓာတ္ အားျဖည့္ေဆးေသာက္ရန္လို ေလ့လာမႈ အသစ္တစ္ခုက ေသြးလႉတဲ့ လူငယ္ေတြမွာ ႏွစ္ရွည္လမ်ား သံဓာတ္ခ်ိဳ႕တဲ့ျခင္းေတြ ျဖစ္ေပၚတတ္လို႔ ေသြးလႉၿပီးတဲ့ေနာက္မွာ သံဓာတ္ အားျဖည့္ေဆးေတြ ေသာက္သုံးရန္လိုတယ္လို႔ သတိေပးထားပါတယ္ ။ အေမရိကားမွာ ဆိုရင္ ၁၆ ႏွစ္က ၁၈ႏွစ္ အတြင္း လူငယ္ေတြက ေသြးလႉတဲ့ သူအမ်ားဆုံး အုပ္စုေတြ ျဖစ္ပါတယ္ ။ ၂၀၁၆ ကေန ၂၀၁၈ အထိ ေသြး ပထမဆုံးလႉတဲ့ လူငယ္ ၃၁၀၀၀ ေက်ာ္ကို ေလ့လာမႈ ျပဳခဲ့ရာ ၁၀ ေယာက္မွာ ၁ ေယာက္ သံဓာတ္ခ်ိဳ႕တဲ့ မႈ လကၡဏါ ေတြကို ခံစား ေနရတယ္လို႔ …

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ
International-news
ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ

ပီနန္ ကမ္းေျခတစ္ေလွ်ာက္ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚ ေမလ ေနာက္ဆုံးပတ္ အတြင္း မေလးရွားႏိုင္ငံ ပီနန္ ကမ္းေျခ တစ္ေလွ်ာက္မွာ ငါးေတြ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚေနခဲ့ၿပီး ဘာေၾကာင့္ေသဆုံးမႈ ျဖစ္ေပၚတယ္ဆိုတာကို စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနခဲ့ရတယ္လို႔ ေဒသခံအာဏါပိုင္ ေတြက ဆိုပါတယ္ ။ သည္စတား သတင္းစာ အဆိုအရ ေဒသခံ ငါးလုပ္ငန္း ဦးစီးဌာနက ေတာ့ အဲ့ဒိ ငါးေတြ အစုလိုက္ အၿပဳံလိုက္ ေသဆုံးျခင္းက တစ္စုံတရာေသာ ေဘးအႏၲရာယ္ က်ေရာက္ေတာ့မယ္ ဆိုတဲ့ အရိပ္ လကၡဏါမဟုတ္ပါဘူလို႔ ဆိုတယ္ ။ အဲ့လို ေသဆုံးေနျခင္းက ငါးေတြမွာ ျဖစ္တတ္တဲ့ သဘာ၀ …